Tuesday, November 25, 2014

အမဲသားလုံးကြော်






ပြင်ဆင်ရတာလွယ်ကူပြီး အရသာရှိတဲ့ ဟင်းပွဲတစ်မျိုးကတော့ အမဲသားလုံးကြော်ပါ။ နုတ်နုတ်စဉ်းထားသော အမဲသားကို နံနံပင် ၊ကြက်သွန်၊ဖြူ၊ နီ။ ချင်းများထည့်ထားတာကြောင့် အနံ့လည်း မွှေးကြိုင်လှပါတယ်။ ပျားရည်ပါဝင်တဲ့ ဆော့စ်ရဲ့ အရသာကြောင့်လည်း အမဲသားကြော်ကို အရသာတစ်မျိုးထူးစေပါတယ်။ မိတ်ဆုံစားပွဲများအတွက် အထူးသင့်တော်သော ဟင်းတစ်ပွဲဆိုရင်လည်း မမှားပါဘူး။

အမဲသားလုံးအတွက် ပါဝင်ပစ္စည်းများ
·         အမဲသားနုတ်နုတ်စဉ်းပြီးသား - ၂၀၀ ဂရမ်
·         ကြက်သွန်နီဥ အလတ် ၁ ဥ (နုတ်နုတ်စဉ်းပါ)
·         ကြက်သွန်ဖြူ ၃ မွှာ - (နုတ်နုတ်စဉ်းပါ)
·         နံနံပင် ၁ ပင် - (နုတ်နုတ်စဉ်းပါ)
·         ချင်း လက်တစ်ဆစ်ခန့် (နုတ်နုတ်စဉ်းပါ)
·         ငရုပ်သီး  ၂ တောင့် (နုတ်နုတ်စဉ်းပါ)
·         ငံပျာရည် လက်ဖက်ရည် ၁ ဇွန်း
·         ပျားရည် - လက်ဖက်ရည်၁ ဇွန်း
·         ကြက်သားမှုန့်- လက်ဖက်ရည် ၁ ဇွန်း


ဆော့စ်အတွက် ပါဝင်ပစ္စည်းများ
·         ပဲငံပျာရည် စားပွဲဇွန်း ၁ ဇွန်း
·         ရေ စားပွဲဇွန်း ၂ ဇွန်း
·         ငါးငံပျာရည် လက်ဖက်ရည်ဇွန်း တစ်ဝက်
·         ပျားရည် လက်ဖက်ရည် ၁ ဇွန်း
·         ဆီ စားပွဲဇွန်း တစ်ဝက်



ပြုလုပ်နည်း
·         ပါဝင်ပစ္စည်းများအားလုံးကို သမအောင်ရောနယ်ပြီး စားပွဲဇွန်း ၁ ဇွန်းစာခန့်ယူကာ အလုံးများလုံးထားပါ
·         ထို့နောက်ဆီပူပူတွင် အညိုရောင်သမ်းလာအောင်ကြော်ကာ ဆယ်ထားပါ
·         ဆော့စ်အတွက် ပါဝင်ပစ္စည်းများကို ရောမွှေကာ ဆူလာအောင် အပူပေးပါ။
·         ထို့နောက် အသားလုံးကြော်များပေါ်တွင် ဆမ်းကာ သုံးဆောင်ပါ။