Wednesday, April 8, 2015

Yam Buns




ပေါင်မုန့်လုပ်နည်း မရှယ်တာကြာပြီ။ အခုတော့ အိမ်မှာလည်း Yam Paste အဆင်သင့်ရှိနေတာနဲ့ ပေါင်မုန့်လေးတွေပြန်လုပ်ဖြစ်ပါတယ်။ အကယ်၍များ Yam Paste မရှိရင်လည်း Red Bean ယိုနဲ့ အစားထိုးနိုင်ပါတယ်။

ပါဝင်ပစ္စည်းများ (ပေါင်မုန့် အသေး ၅ ခုစာ၊ များများလုပ်ချင်ရင် ၂ ဆတိုးပါ)
အစု (၁)
  • ပေါင်မုန့်ဂျုံ ၁၁၅ ဂရမ်
  • Yeast ၂.၅ ဂရမ်
  • ရေ ၈၅ မီလီလီတာ
အစု (၂)
  • ကြက်ဥ ၁၀ ဂရမ် (ခေါက်ပြီးသား)
  • သကြား ၃၀ ဂရမ်
  • ဆား ပါရုံမျှ
  • ရေအေး ၁၂ ဂရမ် (ချိန်တဲ့ဇွန်းလေးနဲ့ ချိန်ပါ)
  • Yeast  ၁.၂၅ ဂရမ်

အစု (၃)
  • ထောပတ် ၁၀ ဂရမ် (အခန်းအပူချိန်)
  • ပေါင်မုန့်ဂျုံ ၅၀ ဂရမ်


ပြုလုပ်နည်း

  • ပထမဆုံး အစု (၁)ကို ရောမွှေပြီး ၁ နာရီခွဲထားပေးပါ
  • နောက် အစု (၂) နဲ့ အစု (၃) -ဂျုံ ကို ရောထည့်ပြီး ၇ မိနစ်လောက်မွှေပါ။
  • နောက်ထောပတ်  ကိုပါထည့်ပြီး ဂျုံသား ချောမွတ်အောင် နယ်ပေးပါ (၂၀ ကနေ ၂၅ မိနစ်လောက်နယ်ရပါမယ်)
  • ၁၀ မိနစ်လောက် ဂျုံသားကို ဒီတိုင်းထားပေးပါ
  • နောက် ၅ပိုင်း အညီအမျှဖြတ်ပြီး တစ်ပိုင်းစီကို ပုံပါအတိုင်း Yam Paste ကိုအလယ်မှာထည့်ကာဖိပြားပေးပါ။
  • ထို့နောက် အပေါ်မှာ ဓါးရာပေးကာ ပြန်လိပ်ပေးကာ နောက်ထပ် တစ်ကြိမ်ထပ်ပွအောင် ၁၅ မိနစ်ခန့်ထပ်စောင့်ပါ။
  • နောက် ကြက်ဥရည်ကို Brush လေးနဲ့သုတ်ပေးပြီး ၁၇၀ ဒီဂရီအာဗင်မှာ ၁၅ မိနစ်ဖုတ်ပေးပါ။
  • လုံးဝအေးသွားမှသုံးဆောင်ပါ။


Wednesday, April 1, 2015

Chocolate Chip Muffins




လက်ဖက်ရည် သောက်ချိန်အတွက်ပဲ ဖြစ်ဖြစ်..မနက်စာအတွက်ပဲ ဖြစ်ဖြစ် အဆင်ပြေမယ့် လွယ်ကူမြန်ဆန်တဲ့ Muffin လေးတွေလုပ်ကြည့်ကြရအောင်။

ပါဝင်ပစ္စည်းများ

  • ရိုးရိုးဂျုံ - ၂၂၀ ဂရမ်
  • ဘိတ်ကင် ပေါင်ဒါ - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ဘိတ်ကင်ဆိုဒါ - လက်ဖက်ရည် ဇွန်းတစ်ဝက်
  • ကိုကိုးပေါင်ဒါ - စားပွဲဇွန်း ၂ ဇွန်း
  • သကြား - ၁၅၀ ဂရမ်
  • ချောကလက်စေ့အနည်းငယ်
  • နွားနို့ - ၂၀၀ ဂရမ်
  • ဆီ - ၈၀ ဂရမ်
  • ကြက်ဥ ၁ လုံး
  • ဗနီလာ အနံ့ - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • မညက်တစ်ညက်ဖြစ်အောင် ကြိတ်ထားသော Almond စေ့အနည်းငယ်


ပြုလုပ်နည်း

  • ဂျုံ၊ ဘိတ်ကင်ပေါင်ဒါ၊ ဆိုဒါ ကိုကိုးမှုန့်များကို စကာချကာ ဇလုံအကြီးတစ်ခုထဲ ထည့်ပါ။
  • သကြားများကို လည်းရောမွှေကာထည့်ပေးပါ။
  • ထို့နောက် အရည်ပစ္စည်းများဖြစ်သည့် နို့၊ ဆီ၊ကြက်ဥ များကို ရောမွှေကာ ထိုဇလုံထဲသို့လောင်းထည့်ကာ သမအောင်မွှေပါ။


  • ချောကလက်စေ့များလည်း ထည့်မွှေကာ Muffin ခွက်များထဲသို့ တစ်ဝက်ကျော်ကျော်ပြည့်အောင်ထည့်ပါ။
  • မုန့်နှစ်ပေါ်မှ Almond အဆံလေးများဖြူးပေးပါ။
  • ထို့နောက် ၂၀၀ ဒီဂရီ အပူပေးထားသော Oven တွင် မိနစ် ၂၀ခန့်ဖုတ်ပါ။


  • မုန့်ကျက်မကျက်ကို မုန့်သားအလယ်တွင် စူးတံသုံးကာ စမ်းပါ။
  • မုန့်နှစ်ကပ်မပါလာလျှင် ရပါပြီ။