About Me

Evy is a food blogger and this is her official page. She graduated from NTU in 2007 with Engineering degree. However, her career as an Engineer doesn't stop her true passion despite having a very limited time. She is also a contributor for FOOD Magazine which based in Myanmar.

အားလုံးပဲ မင်္ဂလာပါရှင်။ ကျွန်မရဲ့ ဘလော့ကိုလာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးပါနော်။ ဒီဘလော့ကို ၂၀၀၉ ခုနှစ်မှာစတင်ခဲ့ပါတယ်။ ကျွန်မဟာ ကျောင်းတုန်းက ထမင်း၊ဟင်းချက်တာကို ၀ါသနာမပါခဲ့ပါဘူး။ ဒါ့အပြင် စင်္ကာပူကို ရောက်ခါစတုန်းကလည်း ဆက်ကျော်သက်အရွယ်ဖြစ်တဲ့အပြင် အလုပ်ရှုပ်မခံချင်တော့  ထမင်းဟင်းချက်ချင်းကို ကိုယ်နဲ့မဆိုင်သကဲ့သို့ ခပ်ကင်းကင်းနေခဲ့ပါတယ်။ တစ်ခါတစ်လေ ဗမာစာ စားချင်လွန်းမှ ချက်လိုက်တာမျိုးလောက်ပေါ့။

 နောက်ပိုင်း ကျောင်းတွေအားလုံးပြီးသွားပြီဆိုတော့ အချိန်အားလာတာနဲ့ ထမင်းဟင်းချက်ခြင်းကို စမ်းလုပ်ကြည့်ရာကနေ စိတ်ဝင်စားသွားတယ်။ ပြီးတော့ ထမင်းဟင်းချက်တဲ့ ဘလော့တွေကို ရောက်သွားတော့ ကိုယ်မချက်တတ်သေးတဲ့ ဟင်းတွေအများကြီးကို စမ်းရင်းနဲ့ ဖြစ်လာတာပါလို့ဆိုရမယ်။  ဖြစ်ချင်တော့ အဲဒီအချိန်မှာလည်း တိုက်တိုက်ဆိုင်ဆိုင် မုန့်တွေကလည်း စပြီးလုပ်ပြီဆိုတော့ ကိုယ်သိသမျှလေးတွေကို မျှဝေပေးချင်တဲ့ စိတ်နဲ့ ဘလော့တစ်ခု စမ်းလုပ်မယ်ဆိုပြီး လုပ်ဖြစ်သွားတာပါ။

 အစပိုင်းတော့ ကိုယ့်ဘာသာကိုယ် စမ်းတ၀ါးဝါးနဲ့ မုန့်တွေလုပ်ခဲ့သလို့ ပျက်ခဲ့တဲ့ မုန့်တွေလည်း မနည်းပါဘူး။ အကြိမ်ကြိမ် အခါခါပျက်ပေမယ့်လည်း အားမလျော့ပဲ မုန့်တွေလုပ်ရင်းနဲ့ အတန်သင့်အဆင်ပြေလာပါတယ်။    နောက်ပိုင်းမှာတော့  နည်းစနစ်တကျလေးလုပ်ချင်လို့ အမျိုးသားရဲ့တိုက်တွန်းမှုနဲ့ မုန့်ဖုတ်နည်းသင်တန်းလေးတစ်ခုတက်ခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း ကျွန်မက ကျွမ်းကျင်သူမဟုတ်တဲ့အတွက် နည်းလေးတွေမှာ အမှားပါကောင်းပါနိုင်ပါတယ်။ ခုထိလည်းလေ့လာသင်ယူနေရတုန်းပါပဲ။ အင်တာနက်ကလုပ်နည်းတွေ၊ စာအုပ်တွေ၊ မုန့်လုပ်နည်း အစီအစဉ်တွေအားလုံးဟာ ကျွန်မအတွက်တော့ မြင်ဆရာတွေပါ။ ကိုယ်တွေ့ကြုံရတဲ့ မုန့်လုပ်နည်းလေးတွေကို မျှဝေပေးပြီး တစ်ယောက်နဲ့တစ်ယောက် အတွေ့အကြုံ ဖလှယ်ရတာ ပျော်စရာကောင်းတယ်လို့ ကျွန်မမြင်ပါတယ်။ မိတ်ဆွေတွေပိုပြီးတိုးပွားလာသလို အရင်တုန်းက မသိခဲ့တာတွေ သိလာရတာတွေဟာ ကျွန်မအတွက်တော့ တကယ့်ကိုအဖိုးတန်လှပါတယ်။ နောင်ကိုလည်း အခြေအနေပေးသမျှတော့ ဟင်းချက်ခြင်း၊ မုန့်ဖုတ်ခြင်းကို လုပ်ဖြစ်နေမှာပါပဲ။


5 comments:

Mee Chit said...

တစ်ခါမှ မချက်ပြုတ်ဖူးပါ
ခုမှ စိတ်ဝင်စားလာလို့
လေ့လာနေပါတယ်.. အမဘလော့ကိုလည်း ခုပဲရောက်တယ်
စပ်စုလိုက်ဦးမယ် :D

Unknown said...

တခြားနိုင်ငံတကာ blogs တွေလို ဒီလိုသပ်သပ်ရပ် မြန်မာ Blog လေးတစ်ခုကို တွေ့လိုက်ရတာ အရမ်းကို အားရကျေနပ်မိပါတယ်။ အားပေးမယ်နော်။ တို့က Baker တစ်ယောက်ပါ။

Unknown said...

တခြား international food blogs တွေလို ဒီလိုသပ်သပ်ရပ်ရပ် မြန်မာ food blogလေ်းကိုတွေ့ လိုက်ရတော့ အရမ်းကိုအားရကျေနပ်မိပါတယ်။ တိုက Baker တစ်ယောက်ဆိုတော့ အားရင် food blods တွေပဲ ရှာကြည့် လေ့လာနေတာလေ။ အားပေးမယ်နော်။

Anonymous said...

Hi .. Ma Ei .. i am interesing in baking .. pls
can i know address of baking schools in Yangon ...

Unknown said...

Hello sis ! I Like ur Blog , very nice ,I'm a professional photographer from MYANMAR . :)