Sunday, May 19, 2013

ရိုးရိုးထောပတ်ကိတ်- Video guide



ထောပတ်ကိတ် လုပ်နည်းကို video file နဲ့ရှယ်ထားတာလေးပါ

Wednesday, May 15, 2013

ပင်မှည့်သီးသာကူအချိုပွဲ




အရသာရှိပြီး အမြင်ဆန်းတဲ့ သာကူအချိုပွဲလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ပုံမှန်သာကူပြင်နဲ့ မတူပဲ ပင်မှည့်သီးနဲ့ ထန်းလျက်လေးပါ ထည့်ထားတာကြောင့် ချို၊ချဉ်၊ ဆိမ့်အရသာနဲ့ ပြည့်စုံလှတဲ့ အချိုပွဲလေးပါ။ ဒါ့အပြင် အမြင်လည်း ဆန်းတာကြောင့် ဧည့်သည်တွေကို ဧည့်ခံဖို့ အဆင်ပြေလှပါတယ်။ စိတ်ဝင်စားသူများ စမ်းကြည့်နိုင်စေဖို့ လုပ်နည်းလေး ရေးပေးလိုက်ပါတယ်


ပါဝင်ပစ္စည်းများ

  • ·         သာကူ ၁၀၀ ဂရမ်
  • ·         အုန်းနို့ ၂၀၀ ဂရမ်
  • ·         ရေ ၁၂၀ ဂရမ်
  • ·         သကြား စားပွဲဇွန်း ၁ ဇွန်းခွဲ
  • ·         ဆား အနည်းငယ်
  • ·         ပင်မှည့်သီး ၂ လုံး (Passion fruit)
  • ·         ထန်းလျက် ၃၅ ဂရမ် (၄ ခဲခန့်)
  • ·         နာနာတ်သီးစိတ်လေးများ - လက်တစ်ဆုပ်စာ





  • အုန်းနို့၊သာကူနဲ့ ရေကို ရောမွှေပြီး နာရီဝက်ခန့်ထားပေးပါ
  • ပင်မှည့်သီး နဲ့ ထန်းလျက်ကို ရောကျိုပေးပါ။ မီးနည်းနည်းနဲ့ အရင်ကျိုပြီး ထန်းလျက်ပျော်ရင် မီးအသင့်အတင့်နဲ့ နဲနဲပျစ်လာအောင် ဆက်ကျိုပါ
  • ပျစ်လာရင် မီးပိတ်ပြီး နာနတ်သီးစိတ်များထည့်မွှေထားလိုက်ပါ
 


  • ပထမပြင်ထားတဲ့ သာကူအရောထဲကို ရေ ၂၅၀ မီလီလီတာလောက်ထည့်ပြီး ပျစ်လာအောင်ကျိုပါ. သာကူလေးတွေ မျက်စေ့ပျောက်လောက်တဲ့အနေအထား (၈ မိနစ်လောက်ကြာရင်) ရောက်ရင် မီးပိတ်ပြီး ဆားနဲ့ သကြားထည့်မွှေပါ။
  • ရလာတဲ့ သာကူကျိုတွေကို ခွက်လေးတွေထဲထည့်ကာ ပလတ်စတစ်အပါး ဖုံးပေးပြီး ရေခဲသေတ္တာထဲမှာ ၁၀ မိနစ်လောက်ထားပေးပါ။
  • နောက်ဆုံးမှ ပင်မှည့်သီး၊နာနတ်ယိုကို အပေါ်မှ ဆမ်းကာသုံးဆောင်ပါ






Sunday, May 12, 2013

အလွမ်းသင့်သူ (သီချင်းမိတ်ဆက်)

ပို့စ်နာမည်ကို ကြည့်ပြီး Evy ဘာများအလွမ်းသင့်ပါလိမ့်လို့ ထင်ကြမယ်ထင်တယ်နော်။ :D အစားအသောက်ပို့စ်ကို အမြဲတင်နေရာကနေ ရုတ်တရက် ဒီနာမည်ထွက်လာတော့ "ဘာလဲဟ" ပေါ့နော်။...သီချင်းနာမည်ပါ...

ပြီးခဲ့တဲ့လက ဗမာပြည်ကို ၃ ပတ်ပြန်သွားခဲ့ပြီး အလွမ်းသင့်လာတာ ။ ဗမာပြည်ကို  ရောက်တုန်းရောက်ခိုက်လေးမှာ မသွားဖြစ်တာကြာတဲ့ နေရာလေးတွေ သွားလိုက် မစားရတာလေးတွေ  လျောက်စားလိုက်နဲ့ တော်တော်ဇိမ်ကျနေခဲ့လိုက်တာလေ။ အိပ်လိုက်၊ စားလိုက်၊ ရုပ်ရှင်ကြည့် သီချင်းနားထောင်နဲ့။ ၃ ပတ်က တကယ့်ကို အိပ်မက် မက်ခဲ့သလိုပဲ။ တကယ်ဆို သီချင်းသေချာ နားမထောင်ဖြစ်တာ နှစ်နဲ့ချီနေပြီ။ ခဏပြန်တဲ့ အချိန်မှာတော့ ညီမတွေနဲ့အတူ တော်တော်များများ နားထောင်ဖြစ်ခဲ့တယ်။ အဲဒီထဲမှာ မှနှစ်သက်မိတဲ့ သီချင်းလေးတွေ တော်တော်များများတိုးလာတယ်။ ခုလောလောဆယ်တော့ သီချင်းလေးတစ်ပုဒ်ကို ပြန်မျှဝေပေးချင်ပါတယ်။ အဲဒီ သီချင်းနာမည်က "အလွမ်းသင့်သူတဲ့ "..နားထောင်ကြည့်ပါဦး...

မှတ်ချက် ။ သီချင်းထဲမှာပါတဲ့ အကြောင်းအရာကတော့ ကိုယ်နဲ့ လားလားမျှ မဆိုင်ပါ၊ ကိုယ်က ဗမာပြည်ကို လွမ်းယုံသက်သက်နော်။