Showing posts with label brownies. Show all posts
Showing posts with label brownies. Show all posts

Tuesday, December 20, 2016

Apricot Brownies - ရုပ်သံဖိုင်

Apricot Brownies

 

 Blog မှာ မတင်တာကြာနေလို့ ခုရက်ပိုင်းလုပ်ဖြစ်တဲ့ ရုပ်သံဖိုင်ကို ပြန်မျှဝေလိုက်ပါတယ်.


Wednesday, November 9, 2011

Chocolate Cheese Brownies




ဘရောင်နီ၊ ဘရောင်နီ၊ ဘရောင်နီ။ ဒါကတော့ ဒေါ်ကြီးဘို လူကိုတွေ့တိုင်း အော်နေကြစကားတစ်ခုပါ။ အော်တာ အကောင်းအော်တာမဟုတ်ဘူး။ မုန့်တောင်းနေတာ။ မလုပ်ပေးမချင်းကို တဂျီဂျီနဲ့ ကလေးလိုပ ကိုတောင်းတာ။ ခုတစ်ခါတော့ သူ့ဆန္ဒပြည့်ဝဖို့ အကြောင်းဖန်လာပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေ သူ့အိမ်မှာ ဘုန်းကြီးဆွမ်းကပ် အလှူကိုဖိတ်တော့ အလှူ့ရှင် စိတ်ချမ်းသာပါစေတော့ ဆိုပြီး ဘရောင်နီလေး လုပ်ယူသွားလိုက်ပါတယ်။ အဆန်းထွင်ပြီး  ချိစ်နဲ့ရော လုပ်လိုက်တာ အရသာက အရင်လိုသိပ်မကောင်းသလိုပဲ။ သူကတော့ ကောင်းတယ်လို့တော့ ပြောတာပါဘဲ။ အလှူမှာ သူကိုယ်တိုင်လုပ်တဲ့ ငါးထမင်းနယ်ကျွေးပါတယ် ။ လူတွေတအားများနေတာနဲ့ ဓာတ်ပုံမရိုက်လိုက်ရဘူး။

အဲ ဘရောင်နီတော့ ဆန္ဒပြည့်ပြီးသွားတဲ့အခါမှာ နောက်တစ်မျိုးကို မျက်စထပ်ပစ်ပြန်ပါလေရောလား။ "ငါနင့်အိမ်လာမယ် ငါ့ကိုမာလာဟင်းလုပ်ကျွေး" တဲ့။ မပြန်ခင် တိုးတိုးတိတ်တိတ် ကပ်ပြောတော။ အဲဒါတင်လားဆိုတော့ အကင်ပါပါတယ်တဲ့။ သူငယ်ချင်း အရင်းခေါက်ခက်ဆိုတော့လည်း သူ့အကြိုက်ကို လိုက်လျောရတောမှာပေါ့။ :D ။ ဒီပို့စ်ကို မြင်ရင်အော်ဦးမှာ အသေအချာပဲ။

ခုလောလောဆယ်တော့ ချိစ်ဘရောင်နီလုပ်နည်းလေး တင်ပေးလိုက်ပါတယ်။ ဘရောင်နီ စစ်စစ်ကို စမ်းချင်သူများ ဒီပို့စ် ကိုသွားကြည့်ကြပါ။ ကျွန်မအကြိုက်ဆိုရင်တော့ အရင်က ဘရောင်နီတွေကို ပိုပြီးကြိုက်ပါတယ်။

ဘရောင်နီအလွှာအတွက်
  • ချောကလက် ၁၁၀ ဂရမ်
  • ထောပတ် ၃၅ ဂရမ်
  • ဂျုံ ၇၅ ဂရမ်
  • သကြား ၁၅၀ ဂရမ်
  • ပွဆေး ( လက်ဖက်ရည်ဇွန်း တစ်ဝက်)
  • ဆား အနည်းငယ်
  • ကြက်ဥ ၂ လုံး
  • ဗနီလာအမွှေးနံ့  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

မုန့်ပြင်နည်း

 ပထမဆုံး ထောပတ်နဲ့ ချောကလက်ကို အရည်ပျော်အောင် မီးပေါ်တင်ပြီး မွှေပေးပါ
 ဒီလိုရလာပါလိမ့်မယ်

နောက်ကြက်ဥနဲ့ သကြားကို ribbon like texture ရအောင်မွှေပေးပါ
ပြီးရင် ခုနက ချောကလက် အရည်ကို ထည့်မွှေ။ ဂျုံကိုလည်း ထည့်မွှေထားပြီး ခဏဘေးဖယ်ထားလိုက်ပါ



ချိစ်အလွှာအတွက်
  • ခရင်မ်ချိစ် ၇၅ ဂရမ်
  • သကြား ၂၅ ဂရမ်
  • ကြက်ဥ ၁လုံး
  • ဂျုံ ၁၅ ဂရမ်
  • ဗနီလာအမွှေးနံ့ လက်ဖက်ရည်ဇွန်း တစ်ဝက်

  1. သကြားနဲ့ ချိစ်ကို သမအောင်ရောမွှေပေးပါ
  2. ကြက်ဥထည့်ပြီး မျှသွားအောင် ထပ်မွှေပေးရပါမယ်
  3. နောက်မှ ဂျုံထည့်၊ အမွှေးနံ့ထည့်မွှေပေးပြီးရင် အဆင်သင့်ဖြစ်ပါပြီ


အိမ်မှာတော့ ၈လက်မ ဗန်းကိုသုံးပါတယ်။ အဲဒီအထဲမှာမှ ခုနက အညိုရောင် မုန့်နှစ် နဲ့ အဖြူရောင်မုန့်နှစ်ကို တစ်လွှာစီထည့်ပေးပြီး ၁၆၀ ဒီဂရီမှာ မိနစ် ၄၀လောက်ဖုတ်ပေးရင် ရပါပြီ။ မုန့်ရမရကို သွားကြားထိုးတံ သို့မဟုတ် မုန့်စမ်းတဲ့ စတီးချောင်းလေးနဲ့ စမ်းလို့ရပါတယ်။ မုန့်သား အလယ်တည့်တည့်ကို ထိုးကြည့်လို့ မုန့်နှစ် ကပ်ပါမလာရင် ရပါပြီ။
ဒါကမဖုတ်ခင်

 ဒါက အအေးခံတုန်း

စားလို့ရပါပြီ

Wednesday, August 24, 2011

Cheese Cake x 2 , Brownies


ဒီတစ်ခါတော့ တကယ်မုန့်ကျွေးပါပြီ။ ခဏခဏလုပ်စားဖြစ်တဲ့ ချိစ်ကိတ်ပါ။ ဘလော့ကို လာလည်ဖူးသူတွေအတွက်တော့ ရိုးနေမှာအမှန်ပါဘဲ။ ခုမှရောက်တဲ့ သူတွေအတွက်တော့ အသစ်ပေါ့နော်။ ဒါအမေတို့လာလို့ ကြုံတုန်းလုပ်ကျွေးထားသော  (တီချမ်းစကားငှားပြောရရင် ကြွားထားသော)  ကိတ်ပါ :D :D ။ လုပ်နည်းကတော့ ဒီလင့် မှာပါနော်  ။ အဲဒီကိတ်ကို ကြီးဒေါ်ကြီး လာတုန်းကလည်း လုပ်ကျွေးလိုက်သေးတယ်။ ခုမှပဲ ၂ ခါစာပုံတွေပေါင်းတင်လိုက်ပါတယ်။


 မုန့်အအေးခံတုန်း


 ဒါကတော့ ကြီးဒေါ်ကြီးအတွက်ကိတ်။ နဲနဲကွာတယ် တွေ့လား။ ကိတ်မုန့်အောက်ခံ ဘေ့စ်က အနက်ရောင်။ ထည့်တဲ့ အသီးက ချယ်ရီ (စည်သွတ်ဗူး)သီး။ ခုနကကိတ်က blueberry။
အရသာကတော့ ကိတ်ထဲရောက်သွားရင် သိပ်မကွာတော့ပါဘူး။






နောက်တစ်မျိုးကတော့ ဘရောင်နီ။ သူလည်းလုပ်တာမှ ခဏခဏပဲ။ လုပ်နည်းအတွက် ဒီမှာပဲ ကြည့်လိုက်ပါနော်။

Sunday, April 17, 2011

Chocolate Brownies



အားလုံး မင်္ဂလာနှစ်သစ်ပါနော်။  နှစ်ဆန်းတစ်ရက်နေ့မှာ အားလုံးကို မုန့်နဲ့ပြန်ပြီး ဧည့်ခံပါတယ်။ မုန့်ကတော့ ကျွန်မရဲ့လုပ်နေကျ ချောကလက်ဘရောင်နီပါပဲ။ ဒီနေ့ အလှူတစ်ခုသွားပြီး အိမ်ရှင်အတွက် လုပ်သွားခဲ့တဲ့မုန့်ကို ဘလော့မှာပြန်တင်လိုက်တာပါ။ ဒီတစ်ခါတော့ နဲနဲလေး အမြင်ပိုလှသွားအောင် ချောကလက်ခရင်မ်၊ သစ်ကြားသီးနဲ့ ထပ်ပြီးအလှဆင်ထားပါတယ်။ လုပ်နည်းကိုတော့ ထပ်ပြီးပြန်ရေးပေးလိုက်ပါတယ်။ အဆင့်ဆင့်ကို ဓာတ်ပုံရိုက်ပြချင်ပေမယ့်လည်း လက်မအားတာနဲ့ နောက်ဆုံးပုံကိုပဲ ရိုက်နိုင်လိုက်ပါတယ်။ နောက်များမှ တစ်ဆင့်ချင်းစီပုံကို ကြိုးစားရိုက်ပေးပါ့မယ်။

လုပ်နည်း

  • ချောကလက် ( Semi Sweet)  ၁၅၀ ဂရမ်
  • ထောပတ် ၁၂၀ ဂရမ် 
  • သကြား ၁၆၀ ဂရမ်
  • ကြက်ဥ ၃လုံး
  • ဂျုံ ၆၅ ဂရမ်
  • Baking Powder  လက်ဖက်ရည် ဇွန်း ၁ ဇွန်းခွဲ
  • ကိုကိုးအမှုန့် ၆၅ ဂရမ်
  • ဗနီလာ အမွှေးနံ့ လက်ဖက်ရည် ၁ ဇွန်း

  1. ပထမဆုံး ချောကလက်နဲ့ ထောပတ်နဲ့ကို အရည်ပျော်အောင်ကျိုပြီး အအေးခံထားပါ
  2. ဂျုံ၊ ပွဆေး နဲ့ ကိုကိုးမှုန့်ကို ဇကာချထားပါ
  3. ကြက်ဥ၊ ဗနီလာ နဲ့ သကြားကို ပွလာအောင် စက်နဲ့ ခေါက်ပေးပါ။ Ribbon like stage ဖြစ်ရပါမယ်။ အဲလိုဖြစ်ဖို့ ၅ မိနစ်လောက်တော့ကြာပါလိမ့်မယ်။ အဲလိုဖြစ်လာပြီဆိုရင်  ချောကလက်-ထောပတ်အရည်ကို ထည့်မွှေပေးပါ။ Fold လုပ်ပေးပါ။ Beat မလုပ်ပါနဲ့။
  4. နောက်ဆုံးမှ ဂျုံအရောတွေကို ထည့်မွှေပေးပါ။
  5. ပြီးရင် ၁၇၀ ဒီဂရီမှာ ၈ မိနစ် နဲ့ ၁၆၀ ဒီဂရီမှာ ၄၀ မိနစ်လောက်ဖုတ်ပေးပါ။ မုန့်ကျက်မကျက် ကိုတုတ်ချွန်လေးနဲ့ထိုးပြီး စမ်းပါ။ မုန့်သား ကပ်ပါမလာရင် ရပါပြီ။
  6. အေးသွားရင် ချောကလက် ခရင်မ်၊ သစ်ကြားသီးနဲ့ အလှဆင်ပါ။ (ခရင်မ် ဆိုင်က၀ယ်လာတာပါ)




Tuesday, June 8, 2010

Choco Fudge Brownies

ဒါကတော့ ပြီးခဲ့တဲ့ တနဂ်နွေရဲ့ နောက်ဆက်တွဲလေးတွေပါ။ အချိုပွဲတွေထဲကတစ်ခုပေါ့။ အဲဒီနေ့က Brownies, Fruit Salad နဲ့ ကျောက်ကျောလုပ်ပါတယ်။ ကျောက်ကျောကတော့ ဟိုနေ့ကတင်လိုက်သေးတယ်။ ဒီBrownies ကတော့ သူငယ်ချင်း ဘိုဘို ရဲ့ အကြိုက်ပေါ့။ ဒါပေမယ့် သူ့ခမျာအဲဒီနေ့က မစားလိုက်ရပါဘူး။ ရုံး ပိတ်ရက် ဟင်းချက်နေရလို့ ဘယ်မှတောင် မသွားနိုင်ရှာပါတဲ့။ သူ့ကို FB မှာ Tag ပြီးနှိပ်စက်လိုက်ဦးမှ။ ဘိုဘို တစ်ယောက် ရှုံမဲ့ ပြီးလာအော်မှာ မြင်ယောင်ပါရဲ့။ :D :D

ဒီမုန့်လုပ်နည်းက အရင်ကလည်းရေးဖူးပါတယ်။ ဒီမှာ ဖတ်ကြည့်ပါနော်။ ဒီတစ်ခါက သစ်သီးဆံလေးတွေပါထည့်ထားလို့ ပိုစားလို့ကောင်းပါတယ်။ ခုနောက်ပိုင်း ဖုတ်တဲ့ မုန့်တွေမပျက်တော့ အတော်ကို စိတ်ချမ်းသာရပါတယ်။ အားလုံးပဲ မြည်းသွားကြပါဦး။

Sunday, January 31, 2010

Chocolate Chip brownies

As requested by a friend, I made these brownies for our gathering yesterday.I seldom made brownies as their calories content are pretty high and I am afraid I ll consume many of them after baking. I am a big fan of brownies and it's hard for me stop once I started the first bite LOL.My brownies were well received and my dear friend ,BB, really enjoyed them. Brownies is her favorite as well.

For this time, I used HHB's Brownies recipe but did minor modifications to the recipe.

Ingredients

-125 grams semi-sweet chocolate
-200 grams caster sugar
-120 grams butter
-3 Eggs (at room temp)
-5ml vanilla extract
-65 grams flour (sifted)
-60 grams cocoa powder(sifted)

Method

  1. Melt butter and chocolate in a stainless steel bowl (placed over a sauce pan of simmering water).
  2. Using an electric mixer, beat the egg ,sugar and vanilla extract until it reaches to ribbon like stage.
  3. Pour in the butter-choco mixture and mix well using spatula.
  4. Fold in the flour/cocoa powder gently.
  5. Pour the batter into 8"x8" baking tin (greased and lined with parchment paper) and sprinkle some choco-chip on top .Bake for about 30mins in 180 degree preheated oven.
  6. Cool it completely in the tray.
  7. Cut it into your preference size and ready to serve. Enjoy!




Saturday, September 26, 2009

Chocolate Fudge Brownies

Recipe source : dyannbake.com
Chocoloate brownie လုပ်တာ ၃ခါမြောက်မှာ အဆင်ပြေသွားတာကြောင့် လုပ်ပုံလုပ်နည်းကို blog ပေါ်မှာတင်လိုက်ပါတယ်..လွန်ခဲ့တဲ့ တစ်ပတ်ကလုပ်ထားတာမို့ ဓာတ်ပုံလည်း မရိုက်ဖြစ်လိုက်ပါဘူး. နောက်တစ်ခါလုပ်မှဘဲ ဓာတ်ပုံရိုက်ပြီးတင်လိုက်ပါ့မယ်

ပါဝင်သောပစ္စည်းများ

- All purpose flour (1/2 cup)
- Caster sugar (1 1/2 cup)
- 3 Eggs
- 1 Tbs (စားပွဲဇွန်းအကြီး) of vanilla essence
- Butter 1stick (250gm) ကျွန်မကတော့ butter cup တံဆိပ်ကို သုံးပါတယ်
- Cocoa powder about 4 Oz
- Chocolate chip (1/2 cup)

၁)ပထမဆုံး ထောပတ်ကို အရည်ပျော်အောင်ကျို၊ ပြီးရင် Cocoa powder ကိုထည့်မွှေပါ.

၂)ကြက်ဥ ၃လုံးကို mixer ထဲမှာ မွှေပါ..၇ မိနစ်လောက်ကြာအောင် မွှေပြီးရင် ကြက်ဥတွေ အတော်ပွလာတဲ့အနေရောက်ပါပြီ
၃)သကြား/vanilla essence ကို ကြက်ဥmix ထဲထည့်ပြီးနောက်ထပ် ၁ မိနစ်လောက်မွှေပါ


4) ပြီးရင် ဂျူံ ထည့်ပါ၊နောက်ဆုံးမှ butter+ Cocoa mix ကိုထည့်မွှေပါ.
၅) 8"x8" baking pan ကို ဆီစိမ်စက္ကူ ခင်းပါ။ ပြီးရင် brownie mix ကိုထည့်ပါ.
၆) Chocolate chip လေးတွေကို မုန်ဗန်း အပြည့် ဖြုးပေးပါ



ဒါဆိုရင်တော့ မုန့်ဖုတ်ဖို့ အဆင်သင့်ဖြစ်ပါပြီ။ Oven ကို 160 degree C preheate လုပ်ပြီး ၃၅ မိနစ်ခန့် ထည့်ဖုတ်ပါ.

အအေးခံပြီးရင် လေးထောင့်တုံးလေးတွေလှီးပြီးစားလို့ ပါပြီ.ဒီ brownie က butter နဲ့ Cocoa ကို အရည်ပျော်အောင် mix ပြီးမှထည့်တာမို့ ခပ်စေးစေး လေးပါ. Calories ကိုတော့ မတွက်ကြနဲ့နော်. တော်တော်တော့များမှာ. Weight တက်လာရင် အပြစ်မတင်ကြေး.