အရင်လုပ်ဖူးနေကျ ချောကလက်ချိစ်ကိတ်ကို
အခြေခံထားတဲ့ မွေးနေ့ကိတ်လုပ်နည်းတစ်မျိုးပါ။ မွေးနေ့ကိတ်အနေနဲ့လည်း
သုံးလို့ရတာကြောင့် ခရင်မ်နဲ့ အလှမဆင်တတ်သေးသူတွေအတွက် အထောက်အကူဖြစ်မယ်ထင်ပါတယ်။
လွယ်ကူမြန်ဆန်တဲ့ အပြင်ထောပတ်နဲ့ ချိစ်ရောထားတဲ့ မုန့်သားအပြင် ချောကလက်အလွှာပါ
အပေါ်ကကူထားတာကြောင့် အရသာကောင်းလွန်းတဲ့ ကိတ်တစ်မျိုးပါ။
ပါဝင်ပစ္စည်းများ
- Cream Cheese 150g
- Sugar 25g
- 1 Egg
အဲဒါတွေအားလုံးကို
သမအောင်ရောမွှေထားလိုက်ပါ
မုန့်နှစ် အတွက်
- ထောပတ် 200g
- သကြား 150g
- ဂျုံ 200g
- ကြက်ဥ ၃ လုံး
- baking powder လက်ဖက်ရည်ဇွန်း တစ်ဇွန်း(5g )
- နွားနို့ စားပွဲဇွန်း ၃ ဇွန်း
ပြုလုပ်နည်း
- ဂျုံ၊ ပွဆေးကို စကာ ချထားပါ
- သကြားနဲ့ ထောပတ်ကို ပွအောင်မွှေပါ
- ကြက်ဥကို တစ်လုံးချင်းစီ သမအောင် ထည့်မွှေပေးပါ။
- ဂျုံ နဲ့ နို့ကို သကြားထောပတ်အရောထဲ ထဲ့မွှေပေးပါ။
- ပြီးရင် မုန့်ဖုတ်မယ့် ခွက်ထဲကို ချောကလက် တစ်လွှာ၊ Cheese တစ်လွှာထည့်ပြီး ၁၇၀ ဒီဂရီမှာ ၄၀-၄၅ မိနစ် ဖုတ်ပေးပါ။
- မုန့်ကျက်မကျက်ကို စူးတံလေးထိုးပြီး စမ်းပါ။ မုန့်နှစ်ကပ်ပါမလာရင် ရပါပြီ
မုန့်ပေါ်မှအလှဆင်ရန်အတွက်
- Non Dairy Whipping Cream - ၂၀၀ ဂရမ်
- မုန့်ဖုတ်သုံး ချောကလက် - ၂၀၀ ဂရမ်
- ထောပတ် ၂၀ ဂရမ်
ခရင်မ်နဲ့ ချောကလက်ကို Double boiler
နဲ့အပူပေးပါ။ ချောကလက်ပျော်မှ ထောပတ်ကိုထည့်ကာ မွှေပေးပါ။
ရလာတဲ့ ချောကလက်အရည်ကို အေးသည်အထိ
အအေးခံကာ ကိတ်ပေါ်သို့လောင်းကာ အလှဆင်ပါ။
ကိတ်မုန့်တစ်ခုလုံးကို
ချောကလက်အုပ်သွားပြီဆိုမှ ကျန်သောပန်းပွင့်များနဲ့ ဆက်ပြီး အလှဆင်ပါ။
အမြင်လှပြီး အရသာရှိသော
မွေးနေ့ကိတ်ရပါပြီ။