သတ်သတ်လွတ်
ထမင်းပွဲနောက်တစ်မျိုးကတော့ နွားနို့ခဲ ထမင်းပါ။ ဆိမ့်ဆိမ့်လေးနဲ့
စားလို့အရသာရှိတာမို့ သက်သက်လွတ်သမားတွေ အကြိုက်တွေ့မှာပါ။
ပါဝင်ပစ္စည်းများ
ဆန် တစ်ခွက်ခွဲ (rice
cooker မှာပါသောခွက်)
ပဲစေ့အစိမ်းအနည်းငယ်
နို့ခဲ့အနည်းငယ်
(ခပ်သေးသေးစိတ်ထားပါ)
ဆီစားပွဲဇွန်း ၂ ဇွန်း
ကြက်သွန်နီ ၁ ဥ
(သေးသေးလှီးထားပါ)
နံနံပင် အနည်းငယ်
မုန်ညှင်းစေ့ လက်ဖက်ရည်
၁ ဇွန်း
ဆား သင့်ရုံ
ချက်ပြုပ်နည်း
ဆီကို အပူပေးပြီး
မုန်ညှင်းစေ့များထည့်ကြော်ပါ
ကြက်သွန်များကိုလည်း
ထည့်ပေးပြီး ကြက်သွန်နူးလာလျှင် ပဲစေ့၊ဆန်၊ ဆား နှင့် ရေ (ဆန်တစ်ခွက် ရေတစ်ခွက်ခွဲ
အချိုးနှင့်ထည့်ပါ) များကိုထည့်ပေးပြီး ထမင်းကျက်သည်အထိ တည်ပေးပါ။
ထမင်းချက်နေစဉ်
နွားနို့ခဲကို ဆီပါရုံမျှဖြင့် အိုးပူတိုက်ပေးပါ။
ထမင်းကျက်ပါက နွားနို့ခဲ
နှင့် နံနံပင်ကို ရောမွှေပေးလိုက်ရင် စားရန်အသင့်ဖြစ်ပါပြီ။