ဖြတ်လမ်းလိုက်ထားတဲ့ ၁၀ မိနစ်ဘိန်းမုန့်ပါ။ မပြည့်မစုံအလွယ်ဘိန်းမုန့်ပေါ့။ မစုံသာမစုံတာ အရသာကတော့ အပြည့်ပါဘဲ။ တနေ့က
အိုင်အိုရာက ဘိန်းမုန့်လုပ်တာတင်ပါတယ်။ သူ့ဘိန်းမုန့်ကိုကြည့်ပြီး သဘောကျတာနဲ့ အိမ်မှာ ရှိတဲ့ ပစ္စည်းတွေနဲ့ စမ်းထားတာပါ။ မြန်မြန်ဆန်ဆန်စားချင်တာနဲ့ ချက်ချင်းမုန့်နှစ်စပ်ပြီး ချက်ခြင်းလုပ်လိုက်တာ အရမ်းကိုစားလို့ကောင်းပါတယ်။ အစုံထည့်နိုင်ရင်ပိုတောင် ကောင်းဦးမှာ။ အဲဒါပထမတစ်ခေါက် လုပ်စားပြီး သဘောကျလို့ ထပ်လုပ်တာ ၃ ခါရှိပြီ။ နောက်ဆုံးတစ်ခေါက်တော့ မုန့်နှစ်ကို ညသိပ်ကြည့်လိုက်သေးတယ်။ အရသာကအတူတူပါပဲ။ စမ်းကြည့်ချင်သူများအတွက် လုပ်နည်းရေးပေးထားပါတယ်
ပါဝင်ပစ္စည်းများ
- ပန်ကိတ်လုပ်သောမုန့်နှစ် (NTUC မှာ ရနိုင်ပါတယ်)
- ဆန်မှုန့်
- ညောင်စေးကျအောင် ကျိုထားသော ထန်းလျက်
- သကြား
- ထောပါတ်
- မုန့်ဖုတ်ဆော်ဒါ
- မုန့်တစ်ခုစာ အချိုးနဲ့ပဲရေးမယ်နော်။ ပန်ကိတ်မှုန့် ၂ ဇွန်း (စားပွဲတင်ဇွန်း)၊ ဆန်မှုန့်၁ ဇွန်း (စားပွဲတင်ဇွန်း) ကို ရေ၂ဇွန်းခွဲ (စားပွဲတင်ဇွန်း) နဲ့ရောဖျော်ပေးပါ။ မုန့်ဖုတ်ဆော်ဒါ နဲနဲလေး (ပါတယ်ဆိုရုံမျှ) ကိုထည့်ပြီးမွှေပါ။
- ထန်းလျက် လက်ဖက်ရည်ဇွန်း၁ ထက်ဝက်၊သကြား လက်ဖက်ရည်ဇွန်းဝက် ကိုလည်း ထည့်မွှေလိုက်ပါ။
- သမအောင်မွှေပြီးရင် ထောပတ်ကို အပူပေးပြီး မုန့်နှစ်အားလုံးကို ထည့်ပေးပါ။
- (အုန်းသီးရှိရင်လည်းထည့်ပေါ့နော်) ဘိန်းစေ့ဖြူးပြီး မုန့်သားမှာ အပေါက်ကလေးတွေဖြစ်လာပြီဆိုရင် တစ်ဖက်လှန်ပေးပါ။ ၂မိနစ်လောက်ထားရင်ရပါပြီ။
This pancake is a little different from usual pancake as I've adjusted the recipe by adding some rice flour. In fact, I am trying to make Burmese pancake using store bought pancake mix. Personally, I prefer Burmese version with a firm texture. Thanks to my fellow blogger, Iora, who shared this lovely recipe. With limited ingredients available at home, I tweak the recipe further. To my surprise, the result is amazing and it is simply delicious.
Here is the recipe ( for 1 pan cake)
- 2 Tbsp of pancake mix
- 1Tbsp of rice flour
- a pinch of baking soda
- 2.5 Tbsp of water
- 1/2 tsp of sugar
- 1/2 tsp molasses
- some poppy seeds
- 1/2 tsp of butter
Mix all ingredients, set it aside. Heat butter in small pan and add in the batter. Sprinkle the poppy seed and allow it to cook for about 2 mins. Then turn to the other side and cook for another 2 mins. Serve hot.