Showing posts with label Thai. Show all posts
Showing posts with label Thai. Show all posts

Saturday, August 9, 2014

ယိုးဒယား ဆန်ပြားကြော် (ပုစွန်)





ယိုးဒယားခေါက်ဆွဲကြော်
ခုလုပ်ပြမယ့် ခေါက်ဆွဲကြော်ကတော့ ယိုးဒယားခေါက်ဆွဲကြော်တစ်မျိုးပါ။ မူရင်းကတော့ အမဲသားနဲ့ ကြော်တာဖြစ်ပြီး ကျွန်မကတော့ ပုဇွန်သုံးပြီးကြော်ပါတယ်။ တခြားနှစ်သက်ရာ အသားတစ်မျိုးမျိုးကို အစားထိုးလို့လည်း ရပါတယ်။ အသီးအရွက်အနေနဲ့ ကိုက်လံပါဝင်ပြီး အချိုနဲနဲကဲကာ စားလို့တစ်မျိုးကောင်းပါတယ်။ ဆန်ပြားခေါက်ဆွဲကြော်ကို တစ်မျိုးဆန်းသစ်ထားတာပေါ့။

ပါဝင်ပစ္စည်းများ
  • ပုဇွန် (အခွံခွာသန့်စင်ထားပါ) - ၈ ကောင်
  • ဆန်ခေါက်ဆွဲအပြား ၂၂၀ ဂရမ်
  • ကိုက်လံ အနည်းငယ်
  • ပဲငံပျာရည် အနောက်စားပွဲဇွန်း တစ်ဝက်
  • ပဲငံပျာရည်အကြည် စားပွဲဇွန်း ၁ ဇွန်း
  • ငါးငံပျာရည် လက်ဖက်ရည် ၁ ဇွန်း
  • ခရုဆီ စားပွဲဇွန်း ၁ ဇွန်း
  • ကြက်ဥ ၂လုံး

ကြော်နည်း
1.    ဆီစားပွဲဇွန်း ၂ ဇွန်းကို အပူပေးကာ ကြက်ဥထည့်မွှေကြော်ပါ။ ၁ မိနစ်ခန့်ကြာလျှင်ကိုက်လံကိုပါ ထည့်ကြော်ပါ
2.    နောက် ဆန်ပြားခေါက်ဆွဲများကို ထည့်မွှေပါ
3.    တဆက်ထည်းမှာပဲ ပဲငံပျာရည် အကြည်၊ အနောက်၊ ငါးငံပျာရည်နှင့် ခရုဆီပါထည့်မွှေပေးပါ။
4.    ပုဇွန်များကိုပါထည့်ကာ မီးပြင်းပြင်းနဲ့ ၄ မိနစ်ခန့်ကြော်ပေးလိုက်ရင်တော့ အရသာရှိတဲ့ ယိုးဒယားခေါက်ဆွဲကြော် အသင့်ဖြစ်ပါပြီ

Monday, December 23, 2013

ပြည်ကြီးငါးစပါးလင်သုပ်






ထမင်းမြိန်စေမယ့် အသုပ်သုပ်နည်းလေးတစ်ခုကို မျှဝေပေးချင်ပါတယ်။ ရှောက်ရွက်နံ့သင်းနေတဲ့  ချဉ်ငံစပ်ပြည်ကြီးငါးသုပ်လေးပါ။ ဒီအသုပ်ရဲ့ ထူးခြားချက်ကတော့ စပါးလင်လေးတွေကို ပါးပါးလှီးထည့်ထားခြင်းပါပဲ။ စပါးလင်ကို အခွံခွာ အဖျားပိုင်းတွေဖြတ်ထုတ်ပြီး အတွင်းပိုင်းလေးသာယူရပမယ်။ အကယ်၍ စပါးလင်အရသာကို မနှစ်သက်ရင်လည်း ချန်ထားခဲ့လို့ ရပါတယ်။ ဟင်းပွဲရဲ့ အရသာကို မထိခိုက်စေပါဘူး။


ပါဝင်ပစ္စည်းများ
  • ပြည်ကြီးငါး ၃၀၀ ဂရမ်
  • ကြက်သွန်ဖြူ စားပွဲဇွန်း ၂ ဇွန်း
  • ကြက်သွန်နီ တစ်ဥ ပါးပါးလှီး
  • စပါးလင် ၁ ပင်ပါးပါးလှီး (မထည့်လည်းရ)
  • ရှောက်ရွက်စားပွဲဇွန်း ၂ ဇွန်း
  • ငရုပ်သီးအနီ စားပွဲဇွန်း တစ်ဝက်
  • ငရုပ်သီးမှုန့် စားပွဲဇွန်း တစ်ဝက်
  • ငါးငံပျာရည် စားပွဲဇွန်း ၂ ဇွန်း
  • သံပုရာရည် စားပွဲဇွန်း ၃ ဇွန်း
  • ထန်းလျက် စားပွဲဇွန်း ၁ ဇွန်း
သုပ်နည်း
ပြည်ကြီးငါးခပ်ကြီးကြီးတစ်ကောင်ကို သန့်ရှင်းရေးလုပ်ကာ ဓါးဖြင့်မွှန်းပေးပါ။
ပွက်ပွက်ဆူနေသော ရေနွေးထဲတွင် ၂ မိနစ်ခန့်စိမ်ပြီး ပြန်ဆယ်ထားပေးပါ။
ထို့နောက်ပါဝင်ပစ္စည်းများ အားလုံးနှင့် သမအောင်ရောသုပ်လိုက်ရင်တော့ အနံ့မွှေးကြိုင်ပြီး စားကောင်းလှတဲ့ ပြည်ကြီးငါးသုပ် အသင့်ဖြစ်ပါပြီ

Thursday, July 4, 2013

ယိုးဒယားဟင်းလျာ စုစည်းမှု



Subway Cookie ပို့စ်မတင်ခင် ယိုးဒယားဟင်းလျာ စုစည်းမှုလေး ကိုအရင်တင်ပေးလိုက်ပါတယ်
သခွားသီးထောင်း








ကြက်ပင်စိမ်း









ယိုးဒယားငါးပိရည်ဖျော်







ခေါက်ဆွဲကြော် - Pad Siew






ပုဇွန်ကညွတ်






ကြက်ဥကြော်သုပ်

Saturday, January 26, 2013

Pad Siew ( ယိုးဒယားခေါက်ဆွဲကြော်)


Pad Siew ( ယိုးဒယားခေါက်ဆွဲကြော်)




ဒီခေါက်ဆွဲကြော်ကတော့ ယိုးဒယားခေါက်ဆွဲကြော်တစ်မျိုးပါ။ မူရင်းကတော့ အမဲသားနဲ့ ကြော်တာဖြစ်ပြီး ကျွန်မကတော့ ကြက်သားနဲ့ ပြန်ကြော်ပါတယ်။ ပင်လယ်စာနှစ်သက်တယ် ဆိုရင်လည်း ပုစွန်ကို သုံးနိုင်ပါတယ်။ အသီးအရွက်အနေနဲ့ ဘရိုကိုလီပါဝင်ပြီး အချိုနဲနဲကဲပြီး စားလို့တစ်မျိုးကောင်းပါတယ်။ ဆန်ပြားခေါက်ဆွဲကြော်ကို တစ်မျိုးဆန်းသစ်ထားတာပေါ့။ (တကယ့်မူရင်းခေါက်ဆွဲကတော့ ဆန်ပြားအကြီးကြီးတွေပါ။  ဒီမှာတော့ ပုံမှန် ဆန်ပြားဆိုဒ်ပဲ ရှာတွေ့လို့ အဲဒါနဲ့ပဲ ကြော်လိုက်ပါတယ်)

အသားနှပ်ရန်အတွက်
  • ခြစ်ထားသော ဂျင်း - စားပွဲဇွန်း ၁ ဇွန်းခွဲ
  • ကြက်သွန်ဖြူ ၃ မွှာ - နုတ်နုတ်စဉ်း
  • ကြက်သွန်နီ အသေး ၁လုံး နုတ်နုတ်စဉ်း
  • ပြောင်းဖူးမှုန့် စားပွဲဇွန်း ၁ ဇွန်း
  • တရုပ်ဟင်းချက်ဆန်ဝိုင် စားပွဲဇွန်း ၁ ဇွန်း
  • ငါးငံပျာရည် စားပွဲဇွန်း ၁ ဇွန်း
  • ပဲငံပျာရည် အနောက် စားပွဲဇွန်း ၁ ဇွန်း
  • ခရုဆီ စားပွဲဇွန်း ၁ ဇွန်း
  • ထန်းလျက် အသေး၁ ခဲ (ကြိတ်ထားပါ)
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ငရုပ်ကောင်း လက်ဖက်ရည် ဇွန်း ထက်ဝက်


ပါဝင်ပစ္စည်းများ
  • အမဲသား (သို့) ကြက်သား ၁၅၀ ဂရမ်ကို ဟင်းခပ်ပစ္စည်းများအားလုံးနဲ့ ရောမွှေထားလိုက်ပါ
  • ဆန်ခေါက်ဆွဲအပြား ၄၀၀ ဂရမ်
  • ဘရိုကိုလီ အနည်းငယ်
  • ပဲငံပျာရည် အနောက်စားပွဲဇွန်း ၁ ဇွန်း
  • ငါးငံပျာရည် စားပွဲဇွန်း ၂ ဇွန်း
  • ခရုဆီ စားပွဲဇွန်း ၁ ဇွန်း
  • ကြက်ဥ ၂လုံး
  • ငရုပ်ကောင်း လက်ဖက်ရည်ဇွန်း ထက်ဝက်

ကြော်နည်း
1.    ပထမဆုံးနှပ်ထားတဲ့ အသားတွေကို ဆီစားပွဲဇွန်း ၂ ဇွန်းလောက်နဲ့ ကြော်ပေးပါ။
2.    နောက်ဘရိုကိုလီထည့်ပြီး ၂ မိနစ်လောက်နေရင် ကြက်ဥကိုဖောက်ထည့်ပေးပါ
3.    နောက်ထပ် ၂ မိနစ်လောက်နေရင် ခေါက်ဆွဲတွေထည့်၊ ကျန်တဲ့ ဟင်းခတ်ပစ္စည်းတွေထည့်ပြီး ၄ မိနစ်လောက်သမအောင်မွှေကြော်ပေးပါ။
4.    ဒါဆိုရင်တော့ အရသာရှိတဲ့ ယိုးဒယားခေါက်ဆွဲကြော် အသင့်ဖြစ်ပါပြီ

Sunday, January 20, 2013

ကြက်ဥကြော်သုပ်


ဒီဟင်းလေးကတော့ ယိုးဒယားစာအုပ်တစ်အုပ်ထဲကနေ မီငြမ်းထားတာပါ။ လုပ်ရတာလဲ မခက်တာမို့ စမ်းကြည့်ပြီး တင်လိုက်ပါတယ်။ ဟင်းမရှိတဲ့ အချိန်အတွက် အသုံးဝင်မယ်ထင်ပါတယ်။

  • ကြက်ဥ ၃ လုံးကို ကြော်ထားပါ နောက်ခပ်သေးသေးလှီးထားလိုက်ပါ)
  • ခရမ်းချဉ်သီးအသေး (cherry tomato) ၁၀လုံးကို ထက်ခြမ်းခြမ်းထားပါ
  • ကြက်သွန်မိတ်၁ ပင်ကို လက်တစ်ဆစ်ခန့လှီးပါ
  • ကြက်သွန်နီဥကြီး တစ်လုံးကိုပါးပါးလှီး
  • ငရုပ်သီး ၄ တောင့် (သေးသေးလှီး)
  • ပုဇွန် ၄ ကောင် (ရေနွေးဖျောပြီး နုတ်နုတ်စဉ်းထားပါ)
  • အဲဒါတွေအားလုံးကို ဆော့နဲ့ အသာရောနယ်လိုက်ရင် ချဉ်ငံစပ်အရသာရှိလှတဲ့ ကြက်ဥကြော်သုပ်ရပါပြီ

*********************
ဆော့အတွက်
သံပုရာရည် စားပွဲဇွန်း ၃ ဇွန်း
ငံပျာရည် စားပွဲဇွန်း ၂ ဇွန်း
ထန်းလျက် လက်ဖက်ရည်၁ဇွန်း (ညက်ညက်ထောင်း)


Thursday, December 20, 2012

ပုဇွန်ကညွတ်ကြော်

ပြီးခဲ့တဲ့ ပို့စ်က စပ်စပ်ဆိုတော့ နောက်ပို့စ်တစ်ခုကို မစပ်တဲ့ ဟင်းလေးတင်ပေးတာပါ။ ဒါလည်း ယိုးဒယားဆိုင်မှာ သွားရင် မှာလေ့ရှိတဲ့ ဟင်းလေးတစ်ခွက်ပါပဲ။ တရုပ်စာလား ယိုးဒယားစာလား သိပ်မကွဲပေမယ့် စားလို့တော့ တော်တော်ကောင်းပါတယ်။ ဒီဟင်းခွက်လေးကိုလည်း ပထမ ကြက်သားပင်စိမ်းဟင်းချက်တဲ့နေ့တည်းက ချက်တာပါ။ အစပ်ဟင်းနဲ့ဆိုတော့ ဒါလေးက ချိုချိုလေးနဲ့ လိုက်ဖက်တယ်လေ။ အရမ်းလဲ လွယ်ပြီး ၁၀ မိနစ်ပဲ ကြာတာမို့ တွက်ခြေကိုက်သောဟင်းပေါ့။ တီချမ်း ပြောနေကြလို့ မြန်ကောင်းသက်သာပါပဲ :D

ပါဝင်ပစ္စည်းများ
  • ပုဇွန် ၈ ကောင် (ကျောခွဲ သန့်စင်ထား)
  • ကညွတ် ၃၀၀ ဂရမ် (၁ လက်မလောက်ကလေးတွေ လှီးထား)
  • ကြက်သွန်ဖြူ ၄ မွှာ
  • ခရုဆီ စားပွဲဇွန်း ၁ ဇွန်း

ကြော်နည်း
  1. ဆီစားပွဲဇွန်း ၁ ဇွန်းကို ပူအောင်တည်ပြီး ကြက်သွန်ဖြူ (ဓါးပြားရိုက်)လေးတွေကို မွှေးလာအောင်ကြော်ပါ
  2. နောက်လှီးဖြတ်ထားတဲ့ ကညွတ်လေးတွေကို ထည့်ပါ။
  3. ၁ မိနစ်လောက်မီးပြင်းပြင်းနဲ့ကြော်ပြီးရင် ခရုဆီ၊ သကြား လက်ဖက်ရည်ဇွန်း တစ်ဝက်ကိုထည့်မွှေပါ
  4. ပုဇွန်တွေကိုလည်း ထည့်ကြော်ပေးပါ။ ၂ မိနစ်လောက်နေရင် ပြောင်းဖူးမှုန့် စားပွဲဇွန်း တစ်ဝက်ခန့်ကို ရေတရုပ်ပန်းကန်လုံးတစ်ဝက်နဲ့ ဖျော်ပြီး လောင်းထည့်ပေးပါ။
  5. နဲနဲပျစ်လာရင် အပေါ့အငံမြည်းပြီး စားလို့ရပါပြီ


အပေါ်ကဟင်းနဲ့ မဆိုင်ပေမယ့် ဒီမနက်လုပ်စားဖြစ်တဲ့ ဗူးသီးကြော်လေး ပုံသဘောကျလို့ တင်လိုက်တယ်။ အားပေးကြပါဦး

Tuesday, December 18, 2012

ယိုးဒယားစတိုင် ပင်စိမ်းကြက်သားဟင်း ( Thai Basil Chicken Spicy)

စားလို့ကောင်းလှတဲ့ ယိုးဒယားစတိုင် ပင်စိမ်းကြက်သားဟင်းပါ။ ဒီဟင်းလေးကတော့ အများစုနဲ့ ရင်းနှီးပြီးသားဖြစ်မှာပါနော်။ အိမ်မှာပြန်ချက်ကြည့်ပြီး တော်တော်စားလို့ ကောင်းတာမို့ လုပ်နည်းလေးကို ပြန်မျှလိုက်ပါတယ်။ ဒီရက်ပိုင်းအတွင်း အလုပ်နဲနဲရှုပ်နေတာမို့ ချက်နည်း အဆင့်ဆင့်ကို မရိုက်နိုင်လိုက်ဘူး။ ဒါပေမယ့် လွယ်လွန်းတာကြောင့် ရေးပြတာနဲ့တင်သိမှာပါ။

ပါဝင်ပစ္စည်းများ

  • ကြက်သား ၃၀၀ ဂရမ် (နုတ်နုတ်စဉ်းထားပါ)
  • Bail (ပင်စိမ်းရွက် လက်တစ်ဆုပ်စာခန့်)
  • ကြက်သွန်ဖြူ ၅ မွှာ
  • ငရုပ်သီးစိမ်း (၅ တောင့်ခန့် - အစပ်မစားနိုင်ရင်လျော့ထည့်ပါ)

Wednesday, December 5, 2012

ယိုးဒယားငါးပိရည်ဖျော်




ငါးပိရည်ကိုများ အဆန်းလုပ်ပြီးတင်နေတယ်လို့တော့ စိတ်မစောလိုက်ကြနဲ့နော်။ ရိုးရိုးငါးပိရည်ဖျော်မဟုတ်ပဲ ယိုးဒယားငါးပိရည်ဖျော်နည်းမို့လို့ပါ။ စားလို့လဲတော်တော်ကောင်းတယ်။ ချို၊ချဉ်၊စပ်လေးမို့ သဘောကျတာနဲ့ ပြန်မျှဝေလိုက်တာပါ။  သူက စိမ်းစားငါးပိသုံးတာမို့ ကျွန်မတို့ ဗမာငါးပိရည်လို တကူးတက ကျိုစရာလည်းမလိုတာကြောင့် နိုင်ငံခြားမှာနေတဲ့ သူတွေအတွက် ပိုအဆင်ပြေပါလိမ့်မယ်။ ကျွန်မကိုယ်တိုင်လည်း ငါးပိရည်ကျိုတာကို အမြဲမလုပ်နိုင်တဲ့အတွက်ကြောင့် ဒီနည်းလေးကို သဘောကျနှစ်သက်ပါတယ်။ ပြင်ဆင်ချိန်လဲ ကြာလှမှ ၁၀ မိနစ်ပဲ။

Wednesday, October 24, 2012

သခွားသီးထောင်း

ယိုးဒယားစာလေးတွေလုပ်ပါဦးလို့တောင်းဆိုထားတဲ့ စာဖတ်သူများအတွက် ယိုးဒယားသခွားသီးထောင်းလေးလုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။ ကျွန်မကိုယ်တိုင်ကတော့ ယိုးဒယားသင်္ဘောသီးထောင်းကို နှစ်သက်လို့ ယိုးဒယားဆိုင်သွားတိုင် မှာစားဖြစ်ပါတယ်။  ဒီလိုသခွားသီးကိုထောင်းတော့ တစ်ခါမှမှာမစားဖူးပါဘူး။ ကျွန်မတို့အိမ်မှာတော့ သခွားသီးသုပ်ဆိုရင် ငါးပြုပ်ကလေးနဲ့ အချိုပဲသုပ်ဖြစ်တော့ ခုလိုသခွားသီးထောင်းကတော့ နဲနဲအသစ်အဆန်းဖြစ်နေတာပေါ့။ အရသာကတော့ သင်္ဘောသီးထောင်းအရသာအတိုင်း ချိုချို ချဉ်ချဉ်စပ်စပ်ကလေးနဲ့ စားလို့တော်တော်ကောင်းပါတယ်။ ဗမာပါးစပ်နဲ့ အဆင်ပြေနိုင်သော ဟင်းတစ်ခွက်ပါပဲ။ လုပ်နည်းကိုတော့ မမဘေဘီ (ခုတော့ ဘလော့ကနေပျောက်နေတာအတော်ကြာပါပြီ) ဆီကနေမီငြမ်းပါတယ်။ လုပ်နည်းလေးကို ပြန်ရေးပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
  • သခွားသီးအကြီး ၁ လုံး (အူတိုင်ချန်ပြီး အမျှင်တွေခြစ်ထား)
  • မုန်လာဥနီအနည်းငယ် (အမျှင်လေးတွေခြစ်ထားပါ)
  • ဗမာထန်းလျက် အသေး၂ခဲ
  • ခရမ်းချဉ်သီး (cherry tomato 5 လုံး)
  • သံပုရာသီး ၁လုံး (အစိတ်တွေစိတ်ထားပါ)
  • ငရုပ်သီး၎ တောင့် (အစပ်မစားနိုင်ရင်လျော့ထည့်ပါ)
  • ကြက်သွန်ဖြူ ၅ မွှာ
  • ငါးငံပျာရည် စားပွဲဇွန်း ၁ ဇွန်း
  • မြေပဲဆံ အနည်းငယ်
  • ပုဇွန်ခြောက်အနည်းငယ်

ပြုလုပ်နည်း
  1. ကြက်သွန်ဖြူ၊ ပုဇွန်ခြောက်၊ ငရုပ်သီးများကို အရင်ထောင်းပါ
  2. ပြီးရင် သံပုရာသီး၊ မုန်လာဥနီ နဲ့ ခရမ်းချဉ်သီးများကို ထည့်ထောင်းပါ
  3. နောက်ထန်းလျက်နဲ့ မြေပဲဆံများကိုလည်းထည့်ထောင်းပေးပါ။
  4. နောက်ဆုံးမှသခွားသီးကို ခပ်ဖွဖွထောင်းပေးပါ။
  5. ငံပျာရည်လည်းထည့်မွှေပြီး အပေါ့အငံကို စိတ်ကြိုက်ထည့်ပါ။
  6. ဒါဆိုရင်တော့ စားလို့ကောင်းတဲ့ သခွားသီးထောင်း အသင့်ဖြစ်ပါပြီ။