Showing posts with label Cooking. Show all posts
Showing posts with label Cooking. Show all posts

Sunday, July 17, 2016

Sweet and spicy fried chicken


ကိုရီးယားစတိုင် ချိုချိုစပ်စပ်ကြက်သားကြော်ပါ။ ထမင်းနဲ့ တွဲစားဖို့ထက် သရေစာအနေနဲ့စားဖို့ ပိုသင့်တော်ပါတယ်။ Party food လို့ပြောရင်ပိုမှန်မယ်ထင်ပါတယ်။

ပါဝင်ပစ္စည်းများ (ကြက်ကြော်ရန်အတွက်)

  • ·         ကြက်တောင်ပံ ၅၀၀ ဂရမ်
  • ·         ပြောင်းကော်မှုန့် စားပွဲဇွန်း ၅ ဇွန်းခန့်
  • ·         ငရုပ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  • ·         ဆား လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  • ·         ကြက်သွန်ဖြူ ၁ မွှာ (နုတ်နုတ်စဉ်းထားပါ)
  • ·         ငရုပ်သီးမှုန့် လက်ဖက်ရည် ဇွန်း တစ်ဝက်ခန့်
  • ·         Cooking ခရင်မ်စားပွဲဇွန်း ၁ ဇွန်းခန့် (မထည့်လည်းရပါတယ်)



ပါဝင်ပစ္စည်းများ (ဆော့စ်အတွက်)

  • ·         ငရုပ်ကြမ်းမှုန့် လက်ဖက်ရည်၁ ဇွန်း
  • ·         ပဲငံပျာရည် စားပွဲဇွန်း ၃ ဇွန်းခန့်
  • ·         သကြား လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ·         Corn Syrup စားပွဲဇွန်း ၄ ဇွန်း
  • ·         ကြက်သွန်ဖြူ ၃ မွှာ နုတ်နုတ်စဉ်းပါ



ချက်နည်း

  • ·         ကြက်သားကိုရေဆေး စစ်ထားပြီး ပါဝင်ပစ္စည်းများအားလုံးနဲ့ နယ်ကာ ၁ နာရီခန့်နှပ်ပါ။
 

·          
  • ဆီများများကို အပူပေးကာ မီးအလယ်အလတ်ဖြင့် ကြက်သားများကို ကြွ့ပ်လာစေရန် ၁၅ မိနစ်ခန့်ကြော်ပါ။


  • ·         ကြော်ပြီးဆီစစ်ထားပေးပါ။
 
  • ·         ဆော့အတွက် ဆီစားပွဲဇွန်း ၁ ဇွန်းကို အပူပေးကာ ကြက်သွန်ဖြူ ငရုပ်သီးကိုဆီသတ်ပါ
  • ·         ၁ မိနစ်ခန့်ကြာလျှင် ဆော့အတွက် ကျန်နေသော ပါဝင်ပစ္စည်းများအားလုံးကိုထည့်မွှေပါ။
  • ·         ဆူပြီး အမြုပ်ထလာရင် ပိတ်လိုက်လို့ရပါပြီ။
  • ·         ပြီးရင် ကြော်ထားတဲ့ ကြက်သားများကိုရောမွှေကာ ဆော့စ်များ သမအောင် လူးပေးပြီးရင် သုံးဆောင်ဖို့ အသင့်ဖြစ်ပါပြီ။
 

Wednesday, June 10, 2015

အာလူးချက်




ရိုးရိုးအာလူးကို ဒီလိုလေးချက်စားလိုက်ရင်တော့ တခြားဟင်းတောင် သိပ်လိုမယ်မထင်ပါဘူး။
ဒီဟင်းလေးကလည်း ညီမလေး စိတ်ကြိုက် ချက်ထားတဲ့ဟင်းပါ။ စားကောင်းလွန်းလို့ ခဏခဏ ချက်ခိုင်းလေ့ရှိတဲ့ ဟင်းပါပဲ။ ဒီတစ်ခါတော့ ဟင်းချက်နည်းပါတောင်းပြီး အားလုံးအတွက် မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
·         အာလူး အလတ် ၅ လုံး
·         ဆီ စားပွဲဇွန်း ၇ ဇွန်း
·         ကြက်သွန်နီ ၂ လုံး
·         ကြက်သွန်ဖြူ ၅ မွှာ
·         ပုစွန်ခြောက်အသေး အနည်းငယ်
·         ငရုပ်သီးအကြမ်းမှုန့် လက်ဖက်ရည် ၁ ဇွန်း

ချက်နည်း

·         ဦးစွာအာလူးကို နူးအောင်ပြုပ်ပြီး အခွံနွာကာ ချေထားပေးပါ
·         ဆီပူလာအောင်တည်ကာ နုတ်နုတ်စဉ်းထားသော ကြက်သွန်ဖြူနီကို နွမ်းလာအောင်ဆီသတ်ပါ
·         အရောင်တင်မှုန့်၊ ငရုပ်ကြမ်းမှုန့် နဲ့ ဆနွင်းအနည်းငယ်ထည့်ကာ အာလူး၊ ပုစွန်ခြောက်ကို ထည့်မွှေပါ
·         ငံပျာရည် အနည်းငယ်ထည့်ကာ အာလူးမြုပ်အောင်ရေထည့်ပါ။ မကြာခဏမွှေပေးပါ။
·         ၂ ရေခန့်ထည့်ပြီး ရေခမ်းကာနီးမှ မဆလာဖြူးကာ မီးပိတ်ပြီး အိုးထဲတွင်ခဏထားပြီးရင် သုံးဆောင်နိုင်ပါပြီ။
·         မဆလာနံ့မွှေးမွှေးနှင့် ထမင်းအလွန်မြိန်စေသော အာလူးဟင်းရပါပြီ။

Tuesday, March 24, 2015

တူနာကော်ပြန့်လိပ်





ရိုးရိုးကော်ပြန့်လိပ်အစား တူနာငါးနဲ့ အစားထိုးထားတဲ့ ကော်ပြန့်ပါ။ ပဲပင်ပေါက်ရဲ့ ချိုသောအရသာနဲ့ တူနာရဲ့ ဆိမ့်သောအရသာ နှစ်မျိုးပေါင်းပြီး ကြွပ်နေတဲ့ကော်ပြန့်ပါ ပေါင်းစပ်လိုက်တဲ့အခါမှာ အရသာရှိလှတဲ့ ကော်ပြန့်ကြော်တစ်ပွဲဖြစ်လာပါတယ်။ ငရုပ်ဆီချဉ်လေးနဲ့ တွဲစားလိုက်ရင်တော့ မအီတာကြောင့် ကြော်မလောက်ဖြစ်မှာ အသေအချာပါ။

ပါဝင်ပစ္စည်းများ
တူနာငါး ၁ ဗူး - ရေစစ်ထားပါ
ပဲပင်ပေါက်လက်တစ်ဆုပ်စာသာသာ
ဆား
ငရုပ်ကောင်း
ကော်ပြန့်ဖတ်



ပြုလုပ်နည်း
ပဲပင်ပေါက်များကို ရေဆေးကာ ဆီပူပူမှာလှိမ့်ကာ ဆား၊ငရုပ်ကောင်းထည့်ထားပါ
ရေစစ်ထားသော တူနာငါးများကိုလည်း ထည့်မွှေကာ ခြောက်အောင်ကြော်ကာ အအေးခံထားပါ။
ရလာသော အဆာများကို ကော်ပြန့်ဖတ်တွင်ပုံပါအတိုင်းထည့်ကာ လိပ်ပေးပါ
ကော်ပြန့်အသေး ၁၅ ခုခန့်ထွက်ပါတယ်
ရလာသော ကော်ပြန့်များကို မီးအသင့်အတင့်မှာ ကြွပ်နေအောင်ကြော်ပြီး ရင်သုံးဆောင်ရန်အသင့်ဖြစ်ပြါီ့။