အလွှာပေါင်းများစွာပါဝင်တဲ့
ကိတ်လုပ်နည်းတစ်ခုပါ။ ရိုးရိုးကိတ်တွေလိုမျိုး oven မွှေစက်စတာတွေ အသုံးပြုစရာမလိုပဲ
မီးဖိုနဲ့ ဒယ်အိုးတစ်ခုရှိရင် အလွှာကိတ်လုပ်တာပြည့်စုံပါပြီ။ အရသာကတော့ ပြောပြရင် ပြည့်စုံနိုင်မယ်
မထင်တာကြောင့် ကိုယ်တိုင်လုပ်စားကြည့်ဖို့ကို တိုက်တွန်းပါတယ်။ စားဖူးတဲ့သူတိုင်း သဘောကျတဲ့
ကိတ်တစ်ခုဆိုရင်လည်း မမှားပါဘူး။ ဒီမုန့်အတွက်သုံးထားတဲ့ ခရင်မ်ကတော့ ရိုးရိုး
Whipping Cream နဲ့ ခရင်မ်ချိစ် ၂ မျိုးကိုတွဲသုံးထားပါတယ်။ မုန့်သားတစ်ထပ် ခရင်မ်တစ်ထပ်နဲ့
အလွှာပေါင်းများစွာပြုလုပ်ထားတာကြောင့် ဆိမ့်ပြီးအရသာရှိလှပါတယ်။ ကော်ဖီခါးခါးတစ်ခွက်နဲ့
ဒီမုန့်လေးတစ်စိတ်နဲ့ ပြီးပြည့်စုံတဲ့ နေ့လည်ခင်းဖြစ်မှာကို အသေအချာအာမ ခံပါတယ်ရှင်။
မုန့်လုပ်ဖို့
အဓိကကျတဲ့ ပစ္စည်းကတော့ မကပ်တဲ့ ဒယ်အိုးပါ။ အဲဒါသိပ်အရေးကြီးပါတယ်နော်။ မဟုတ်ရင်တော့
ပါးလွှာတဲ့ မုန့်သားကို မရပဲအိုးကပ်တာနဲ့တင်ပစ်ရပါလိမ့်မယ်။
ပါဝင်ပစ္စည်းများ (၇ လက်မဗန်းဆိုဒ် အလွှာ ၂၂ ခုစာ)
- · နွားနို့ - ၂၂၅ ဂရမ်
- · ကြက်ဥ ၂ လုံး
- · ဆားလက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
- · ဂျုံ - ၅၅ ဂရမ်
- · ပေါင်ဒါသကြား - ၃၀ ဂရမ်
- · ကိုကိုးပေါင်ဒါ - ၁၀ ဂရမ်
- · ထောပတ် ၃၀ ဂရမ်- အရည်ပျော်အောင်လုပ်ထားပါ
ထောပတ်မှလွဲပြီး
ကျန်ပစ္စည်းများအားလုံးကိုရောမွှေပါ။ သမသွားလျှင်
စကာစစ်ပြီး မိနစ် ၃၀ ခန့်ဒီတိုင်းထားပေးပါ။
ထောပတ်အရည်ကို မုန့်လုပ်ကာနီးမှထည့်မွှေပါ။
၇လက်မဒယ်အိုးကို
အပူပေးကာ မုန့်နှစ်ကို ယောက်ချိုဇွန်း တစ်ဝက်ခန့်ခပ်ကာ လောင်းပေးပါ။
လောင်းရင်းမှ
ပြန့်သွားအောင် တစ်ခါတည်းလုပ်သွားပါ။ ခပ်မြန်မြန်လုပ်ရပါမယ်။
တစ်မိနစ်ခန့်နေလျှင်
မုန့်သားရပါပြီ။
ကျန်မုန့်နှစ်များကို
ထိုနည်းအတိုင်းဆက်လုပ်သွားပါ။
မုန့်သားပါးနိုင်သမျှပါးပါးရလေကောင်းလေပါ။
ခရင်မ်အတွက်
·
ခရင်မ်ချိစ်
- ၂၀၀ ဂရမ် (ပျော့သွားအောင် မွှေထားပါ)
·
Non
Dairy Whipping Cream - ၂၀၀ ဂရမ် (Soft peak ရောက်အောင် မွှေထားပါ)
·
နို့ဆီ
စားပွဲဇွန်း ၂ ဇွန်း
ပါဝင်ပစ္စည်းများအားလုံးကို
ရောမွှေကာ ရေခဲသေတ္တာထဲတွင် မသုံးမချင်းသိမ်းထားပါ
ကိတ်ပြင်ဆင်ခြင်း
မုန့်သားပထမအလွှာကို
ကိတ်လုပ်သည့် ဗန်း (သို့) ပန်းကန်ပေါ်တွင်တင်ပါ။
ထို့နောက်
အသင့်ပြင်ထားသော ခရင်မ်ပါးပါးသုတ်လိမ်းပါ။
ဒုတိယ မုန့်သားကိုတင်ပါ။
ခရင်မ်လည်းဆက်တင်ပေးပါ။
ကျန်မုန့်သားနှင့်
ခရင်မ်များကိုထိုနည်းအတိုင်း ကုန်အောင်ပြုလုပ်သွားပါ။
ရေခဲသေတ္တာထဲတွင်
၎ နာရီခန့်အနည်းဆုံးထားပြီးမှ သုံးဆောင်ပါ။
1 comment:
တော်လိုက်တာ .... ပါရမီထူးတယ်လို့ဆိုရမယ် ♥♥♥
Post a Comment