Showing posts with label သရေစာ. Show all posts
Showing posts with label သရေစာ. Show all posts

Sunday, July 17, 2016

Sweet and spicy fried chicken


ကိုရီးယားစတိုင် ချိုချိုစပ်စပ်ကြက်သားကြော်ပါ။ ထမင်းနဲ့ တွဲစားဖို့ထက် သရေစာအနေနဲ့စားဖို့ ပိုသင့်တော်ပါတယ်။ Party food လို့ပြောရင်ပိုမှန်မယ်ထင်ပါတယ်။

ပါဝင်ပစ္စည်းများ (ကြက်ကြော်ရန်အတွက်)

  • ·         ကြက်တောင်ပံ ၅၀၀ ဂရမ်
  • ·         ပြောင်းကော်မှုန့် စားပွဲဇွန်း ၅ ဇွန်းခန့်
  • ·         ငရုပ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  • ·         ဆား လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  • ·         ကြက်သွန်ဖြူ ၁ မွှာ (နုတ်နုတ်စဉ်းထားပါ)
  • ·         ငရုပ်သီးမှုန့် လက်ဖက်ရည် ဇွန်း တစ်ဝက်ခန့်
  • ·         Cooking ခရင်မ်စားပွဲဇွန်း ၁ ဇွန်းခန့် (မထည့်လည်းရပါတယ်)



ပါဝင်ပစ္စည်းများ (ဆော့စ်အတွက်)

  • ·         ငရုပ်ကြမ်းမှုန့် လက်ဖက်ရည်၁ ဇွန်း
  • ·         ပဲငံပျာရည် စားပွဲဇွန်း ၃ ဇွန်းခန့်
  • ·         သကြား လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ·         Corn Syrup စားပွဲဇွန်း ၄ ဇွန်း
  • ·         ကြက်သွန်ဖြူ ၃ မွှာ နုတ်နုတ်စဉ်းပါ



ချက်နည်း

  • ·         ကြက်သားကိုရေဆေး စစ်ထားပြီး ပါဝင်ပစ္စည်းများအားလုံးနဲ့ နယ်ကာ ၁ နာရီခန့်နှပ်ပါ။
 

·          
  • ဆီများများကို အပူပေးကာ မီးအလယ်အလတ်ဖြင့် ကြက်သားများကို ကြွ့ပ်လာစေရန် ၁၅ မိနစ်ခန့်ကြော်ပါ။


  • ·         ကြော်ပြီးဆီစစ်ထားပေးပါ။
 
  • ·         ဆော့အတွက် ဆီစားပွဲဇွန်း ၁ ဇွန်းကို အပူပေးကာ ကြက်သွန်ဖြူ ငရုပ်သီးကိုဆီသတ်ပါ
  • ·         ၁ မိနစ်ခန့်ကြာလျှင် ဆော့အတွက် ကျန်နေသော ပါဝင်ပစ္စည်းများအားလုံးကိုထည့်မွှေပါ။
  • ·         ဆူပြီး အမြုပ်ထလာရင် ပိတ်လိုက်လို့ရပါပြီ။
  • ·         ပြီးရင် ကြော်ထားတဲ့ ကြက်သားများကိုရောမွှေကာ ဆော့စ်များ သမအောင် လူးပေးပြီးရင် သုံးဆောင်ဖို့ အသင့်ဖြစ်ပါပြီ။
 

Tuesday, October 7, 2014

ကောက်ညှင်းကြော်






မနက်စာအတွက် အဆင်ပြေလှတဲ့ ကောက်ညှင်းကြော်တစ်ပွဲပါ။ ကြက်အူချောင်း၊ မှိုနဲ့ ပုစွန်ခြောက်များပါဝင်ပြီး ရေနွေးကြမ်းလေးနဲ့ သုံးဆောင်ရင်လိုက်ဖက်လှပါတယ်။

ပါဝင်ပစ္စည်းများ


  • ကောက်ညှင်း ၂၅၀ ဂရမ်
  • ရေ
  • ပုစွန်ခြောက် အနည်းငယ်
  • ကြွက်နားရွက်မှို အနည်းငယ်
  • ကြက်အူချောင်းတစ်ချောင်း
  • ကြက်သွန်နီ ဥသေး ၂ ဥခန့် (ခပ်ကြီးကြီးစိတ်ထားပါ
  • ကြက်သွန်မိတ်အနည်းငယ်

 

ပြုလုပ်နည်း

ကောက်ညှင်းကို တစ်ည ရေစိမ်ထားပါ
ကြက်သွန်ကို ဆီသတ်ကာ ပုစွန်ခြောက်၊ မှို နဲ့ ကြက်အူချောင်းထည့်ကြော်ပါ


နှမ်းဆီအနည်းငယ်ကိုလည်း ထည့်ပေးပါ
ထို့နောက်ကောက်ညှင်းများကို ထည့်မွှေပါ။
ခရုဆီ စားပွဲဇွန်း တစ်ဝက်၊ ငရုပ်ကောင်းအနည်းငယ်၊ ကြာညို့ လက်ဖက်ရည် ၁ ဇွန်း ပဲငံပျာရည် စားပွဲဇွန်းတစ်ဝက်၊ သကြားလက်ဖက်ရည် ဇွန်းတစ်ဝက် ထည့်ရေမြုပ်အောင်ထည့်ကာတည်ပါ။
ရေခမ်းပြီး ကောက်ညှင်းများပျော့လာရင် ကြက်သွန်မိတ်ဖြူးကာ သုံးဆောင်ပါ။

Tuesday, July 1, 2014

သရက်သီးကောက်ညှင်းပေါင်း





အရသာရှိလှတဲ့ ယိုးဒယားအချိုပွဲတစ်မျိုးပါ။ ဗမာကောက်ညှင်းပြန်ပေါင်းနဲ့ ဆင်မယ်ထင်ပါတယ်။ လွယ်ကူမြန်ဆန်ပြီးခဏတာအတွင်းမှာ လုပ်စားနိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

ကောက်ညှင်းဆန် ၂၀၀ ဂရမ်
အုန်းနို့ ၂၅၀ ဂရမ်
သကြားစားပွဲဇွန်း ၅ ဇွန်း
ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်
သရက်သီး၁ လုံး - စိတ်ထားပါ

အုန်းနို့ဆမ်းရန်အတွက်
အုန်းနို့ ၁၀၀ ဂရမ်
သကြားစားပွဲဇွန်း ၁ ဇွန်းခွဲ
ဆားအနည်းငယ်
အုန်းနို့ဆမ်းအတွက် ပါဝင်ပစ္စည်းများအားလုံးကို ရောမွှေကာ မီးပေါ်မှာဆူသည်အထိ အပူပေးပါ။ ဆူလျှင်အအေးခံထားပါ။

ကောက်ညှင်းပေါင်းပြုလုပ်နည်း

ကောက်ညှင်းများကို ရေဆေးကာ တစ်ည (သို့) ၆ နာရီခန့်ရေစိမ်ပါ။
ထို့နောက် ရေနွေးဆူဆူတွင် နာရီဝက်ခန့်ပေါင်းပါ။
ပြီးလျှင် အုန်းနို့၊ သကြား၊ဆားနှင့်ရောမွှေကာ မိနစ် ၂၀ ခန့်ထပ်ပေါင်းပါ။
အုန်းနို့ဆမ်းကာ သရက်သီးစိတ်များဖြင့်တွဲဖက်သုံးဆောင်နိုင်ပါပြီ။

Tuesday, February 25, 2014

ကန်ဇွန်းရွက် ဆီချက်






ထူးထူးဆန်းဆန်းဆီချက် နောက်တစ်မျိုးက ကန်ဇွန်းရွက်ဆီချက်ပါ။ ကန်ဇွန်းရွက်သပ်သပ် ကို ဆီချက်ခေါက်ဆွဲအတိုင်း လုပ်ထားတာပါ။ ဒီနည်းကိုတော့ သူငယ်ချင်းဆီက ရလာတာပါ။ သူကပြောပြတဲ့ အတိုင်းကိုယ်ကလိုက်ချက်ထားတဲ့ ဆီချက်တစ်ပွဲပါ။ ဟင်းရွက်အရသာ၊ အသားအရသာပေါင်းစပ်ထားပြီး အင်မတန်စားလို့ကောင်းပါတယ်။


ပါဝင်ပစ္စည်းများ
ကြက်သား (သို့) ၀က်သား  - ၂၀၀ ဂရမ်
ကြက်သွန်မိတ်လှီးပြီးသား အနည်းငယ်
ပဲငံပျာရည် စားပွဲဇွန်း ၂ ဇွန်း
ဆားလက်ဖက်ရည် ဇွန်း တစ်ဝက်
နှမ်းဆီ လက်ဖက်ရည်၁ ဇွန်း
ကန်ဇွန်းရွက်တစ်စည်း ( ၃၀၀ ဂ၇မ်ခန့်) - ခြွေထားပါ
ကြက်သွန်ဖြူ
ဆီ

ဆော့စ်

ပဲငံပျာရည်အကြည်စားပွဲဇွန်း ၂ ဇွန်း
ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြုလုပ်နည်း
ဦးစွာ ကြက်သွန်ဖြူများကို မညက်တညက်ထောင်းကာ ဆနွင်းမထည့်ပဲ ဆီသတ်ထားပါ
အသားကို ပဲငံပျာရည်၊ ဆားနှင့် နာရီဝက်ခန့်နှပ်ထားပြီးမှ နှမ်းဆီဆမ်းကာ ရေခမ်းပြုပ်ထားပါ
ပြုပ်ပြီးသးအသားကို ခပ်သေးသေးလှီးထားပါ
ကန်ဇွန်းရွက်များကို ရေဆူဆူမှာ ၃ မိနစ်ခန့်ပြုပ်ကာ ရေအေးနှင့်ပြန်ဆေးထားပါ
ထို့နောက် ဆော့စ်ထည့်ကာ သမအောင်မွှေပါ
သေးသေးလှီးထားသော ကြက်သား၊ ကြက်သွန်မိတ် နှင့် ဆီချက်များ ဆမ်းကာ သုံးဆောင်နိုင်ပါပြီ