Thursday, December 31, 2015

Cranberry Cookies




လွယ်ကူမြန်ဆန်ပြီး အရသာရှိတဲ့ ကွတ်ကီးတစ်မျိုးပါ။ Cranberry အသီးခြောက်များကို ထည့်သွင်းပြုလုပ်ထားပါတယ်။

ပါဝင်ပစ္စည်းများ
ထောပတ် - ၁၆၀ ဂရမ်
ပေါင်ဒါသကြား - ၅၀ ဂရမ်
ဂျုံ - ၂၄၀ ဂရမ်
Cranberry သစ်သီးခြောက် - ၄၀ ဂရမ် (ခပ်သေးသေးစိတ်ထားပါ)


ပြုလုပ်နည်း
ထောပတ်နဲ့ သကြားကို ဖြူပြီးပွလာအောင် စက်ဖြင့်မွှေထားပါ

ပွလာတာနဲ့ ဂျုံနဲ့ သစ်သီးခြောက်များကိုရောထည့်ပြီး သမအောင်မွှေပါ။
မိမိနှစ်သက်ရာပုံသွင်းက ၁၆၀ ဒီဂရီအပူပေးထားသော အာဗန်မှာ ၁၈ မိနစ်ဖုတ်ပေးပါ။

လုံးဝအေးမှ သုံးဆောင်ပါ။ 


Sunday, December 27, 2015

Chocolate Fudge Cake






ချောကလက် ချစ်သူများကြိုက်ကြမယ့်မုန့်ပါ။ ဒီမုန့်အတွက် မုန့်သား အညို သို့မဟုတ် အဖြူချည်းသက်သက်ပဲ သုံးနိုင်သလို ရောပြီးသုံးလို့လည်းရပါတယ်။


ပါဝင်ပစ္စည်းများ (၆လက်မကိတ်တစ်လုံးစာ - ကိတ်သားအညို)
  • ကြက်ဥ  ၃လုံး
  • သကြား ၇၀ ဂရမ်
  • ဂျုံ ၇၀ ဂရမ်
  • ကိုကိုးမှုန့် ၁၀ ဂရမ်
  • ပွဆေး (baking powder)  လက်ဖက်ရည် ဇွန်းထက်ဝက်
  • ဆီ ၃၀ ဂရမ်
  • ဗနီလာ အနံ့- လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ

ချောကလက် ခရင်မ်အတွက်

Non dairy whipping cream –၃၀၀ဂရမ်
ချောကလက်  - ၁၅၀  ဂရမ်
၂ မျိုးကိုရောကာ ရေနွေးငွေ့ခံကာ အပူပေးကာ အရည်ပျော်အောင်လုပ်ပြီး ပြန်အအေးခံထားပါ။
လုံးဝအေးမှ ခရင်မ်အနေအထားရောက်အောင် စက်ဖြင့်ပြန်ခေါက်ထားပါ။

လုပ်နည်းအဆင့်ဆင့်
  1. မုန့်ဖုတ်မည့်ဗန်းကို ထောပတ်သုတ်လိမ်းပြီး ဆီစိမ်စက္ကူခင်းထားပါ။
  2. ဂျုံ၊ကိုကိုးမှုန့် နဲ့ ပွဆေးကို စကာချထားပါ။
  3. ကြက်ဥနဲ့သကြားကို ဖြူပြီး ပွလာအောင်စက်ဖြင့်ခေါက်ပေးပါ။ Ribbon like stage ရောက်သည်အထိ ခေါက်ရပါမည်။
  4. ပြီးမှ ဂျုံ+ ပွဆေး + ကိုကိုးမှုန့်(စကာချပြီးသား)ကိုအသာအယာရောမွှေပေးပါ။
  5. နောက်ဆုံးမှ ဆီ + ဗနီလာ ကိုရောမွှေပြီး မုန့်နှစ် သုံးပုံတစ်ပုံဖြင့်ရောပေးပါ။
  6. ရလာသောမုန့်နှစ်ကို ကျန်မုန့်နှစ်များထဲ ထည့်မွှေပါ။
  7. ထို့နောက် ၁၇၀ဒီဂရီအပူပေးထားသော အာဗန်မှာ ၂၅မိနစ်ဖုတ်ပါ။
  8. မုန့်ကျက်မကျက်သိရန် မုန့်သားအလယ်တည့်တည့်ကို စူးတံသုံး၍စမ်းပါ။
  9. မုန့်လုံးဝကျက်လျှင် ဗန်းမှထုတ်ကာ အအေးခံကာ ၃ လွှာရအောင် ရေပြင်ညီအတိုင်းလှီးပါ။
  10. ထိုနောက် အသင့်ပြင်ထားသော ခရင်မ်ကို တစ်လွှာခြင်းထည့်ပေးကာ နောက်ဆုံးတွင် မျက်နှာပြင် ညီအောင် ညှိပါ။
 
  1. ရသာသော မုန့်ကို ကျန်သော ချောကလက်ရည်များဖြင့်လောင်းချကာ အလှဆင်ပြီးရင်တော့ အရသာရှိ၊ မျက်နှာပန်းလှတဲ့ မုန့်အသင့်ဖြစ်ပါပြီ။


Monday, December 21, 2015

Christmas Mille Crepes




ဒီဇင်ဘာ ရာသီဥတုနဲ့လိုက်အောင် လုပ်ထားတဲ့ Mille Crepes ပါ။ ခရစ်စမတ်အပြင်အဆင်နဲ့ လုပ်ပြပေးထားပါတယ်။

ပါဝင်ပစ္စည်းများ (၇ လက်မဗန်းဆိုဒ် အလွှာ ၂၂ ခုစာ)
·         နွားနို့ - ၂၅၀ ဂရမ်
·         ကြက်ဥ ၂ လုံး
·         ဆားလက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
·         ဂျုံ - ၆၀ ဂရမ်
·         ပေါင်ဒါသကြား - ၃၀ ဂရမ်
·         ထောပတ် ၃၀ ဂရမ်- အရည်ပျော်အောင်လုပ်ထားပါ
ထောပတ်မှလွဲပြီး ကျန်ပစ္စည်းများအားလုံးကိုရောမွှေပါ။  သမသွားလျှင် စကာစစ်ပြီး မိနစ် ၃၀ ခန့်ဒီတိုင်းထားပေးပါ။  ထောပတ်အရည်ကို မုန့်လုပ်ကာနီးမှထည့်မွှေပါ။
၇လက်မဒယ်အိုးကို အပူပေးကာ မုန့်နှစ်ကို ယောက်ချိုဇွန်း တစ်ဝက်ခန့်ခပ်ကာ လောင်းပေးပါ။
လောင်းရင်းမှ ပြန့်သွားအောင် တစ်ခါတည်းလုပ်သွားပါ။ ခပ်မြန်မြန်လုပ်ရပါမယ်။
တစ်မိနစ်ခန့်နေလျှင် မုန့်သားရပါပြီ။
ကျန်မုန့်နှစ်များကို ထိုနည်းအတိုင်းဆက်လုပ်သွားပါ။
မုန့်သားပါးနိုင်သမျှပါးပါးရလေကောင်းလေပါ။

ခရင်မ်အတွက်
·         Non Dairy Whipping Cream - ၂၅၀ ဂရမ် (Soft peak ရောက်အောင် မွှေထားပါ)
·         နို့ဆီ စားပွဲဇွန်း ၁ ဇွန်း
ပါဝင်ပစ္စည်းများအားလုံးကို ရောမွှေကာ ရေခဲသေတ္တာထဲတွင် မသုံးမချင်းသိမ်းထားပါ

ကိတ်ပြင်ဆင်ခြင်း
မုန့်သားပထမအလွှာကို ကိတ်လုပ်သည့် ဗန်း (သို့) ပန်းကန်ပေါ်တွင်တင်ပါ။
ထို့နောက် အသင့်ပြင်ထားသော ခရင်မ်ပါးပါးသုတ်လိမ်းပါ။

ဒုတိယ မုန့်သားကိုတင်ပါ။ ခရင်မ်လည်းဆက်တင်ပေးပါ။
ကျန်မုန့်သားနှင့် ခရင်မ်များကိုထိုနည်းအတိုင်း ကုန်အောင်ပြုလုပ်သွားပါ။
မုန့်သားကိုဘေးနဲ့ အပေါ်များမှာလည်း ခရင်မ်အုပ်ကာ အလှဆင်ပါ။


 နောက်ဆုံးမှ icing sugar ဖြူးကာနှင်းမှုန်များသဖွယ် ဖန်တီးကာ ဒီဇင်ဘာရာသီနဲ့ လိုက်အောင် အလှဆင်ပါ။
ရေခဲသေတ္တာထဲတွင် ၄ နာရီခန့်အနည်းဆုံးထားပြီးရင်သုံးဆောင်နိုင်ပါပြီ။

Thursday, December 17, 2015

Sponge Cake with Strawberry Jam





ရိုးရိုး Sponge cake ကို နေ့ခင်းကော်ဖီချိန်အတွက် ပြန်လည်ဆန်းသစ်ခြင်းပါ။


ပါဝင်ပစ္စည်းများ (၆လက်မကိတ်တစ်လုံးစာ)
  • ကြက်ဥ  ၃လုံး
  • သကြား ၈၀ ဂရမ်
  • ဂျုံ ၈၀ ဂရမ်
  • ဆီ ၃၀ ဂရမ်
  • ဗနီလာ အနံ့- လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ

လုပ်နည်းအဆင့်ဆင့်
  1. မုန့်ဖုတ်မည့်ဗန်းကို ထောပတ်သုတ်လိမ်းပြီး ဆီစိမ်စက္ကူခင်းထားပါ။
  2. ဂျုံ၊ကို စကာချထားပါ။
  3. ကြက်ဥနဲ့သကြားကို ဖြူပြီး ပွလာအောင်စက်ဖြင့်ခေါက်ပေးပါ။ Ribbon like stage ရောက်သည်အထိ ခေါက်ရပါမည်။
  4. ပြီးမှ ဂျုံကိုအသာအယာရောမွှေပေးပါ။
  5. နောက်ဆုံးမှ ဆီ + ဗနီလာ ကိုရောမွှေပြီး မုန့်နှစ် သုံးပုံတစ်ပုံဖြင့်ရောပေးပါ။
  6. ရလာသောမုန့်နှစ်ကို ကျန်မုန့်နှစ်များထဲ ထည့်မွှေပါ။
  7. ထို့နောက် ၁၇၀ဒီဂရီအပူပေးထားသော အာဗန်မှာ ၂၅မိနစ်ဖုတ်ပါ။
  8. မုန့်ကျက်မကျက်သိရန် မုန့်သားအလယ်တည့်တည့်ကို စူးတံသုံး၍စမ်းပါ။
  9. မုန့်လုံးဝကျက်လျှင် ဗန်းမှထုတ်ကာ အအေးခံကာ ၂ လွှာရအောင် ရေပြင်ညီအတိုင်းလှီးပါ။
  10. ထိုနောက် စတော်ဘယ်ရီယို သို့မဟုတ် မိမိနှစ်သက်ရာ ယိုတစ်မျိုးမျိုးထည့်ကာ သုံးဆောင်နိုင်ပါပြီ။