Saturday, July 31, 2010

ကညွတ်ကြော် အစပ် (Balacan Asparagus)



ကညွတ်ကြော် အစပ် (Balacan Asparagus)

ဒါ TTSweet ရဲ့ကြော်နည်းနဲ့ ကြော်ထားတဲ့ကညွတ်ကြော်ပါ။ အိမ်မှာအရမ်းကြိုက်ကြပါတယ်။ ငါးပိနဲ့ခပ်စပ်စပ်လေးမို့လို့ ဗမာပါးစပ်နဲ့တော့ အတော့်ကိုအဆင်ပြေနေတာပါ။

  • -ကြက်သွန်ဖြူ ၄မွှာ
  • -ကြက်သွန်နီအရွယ်တော်တစ်လုံး
  • -ပုဇွန်ခြောက်မှုန့် ၂ဇွန်း
  • -ခရုဆီ ၁ဇွန်း
  • -သကြားအနည်းငယ်
  • -ငါးပိ လက်ဘက်ရည် ဇွန်း၁ဇွန်း
  • -ငရုပ်သီးစိမ်းတစ်တောင့်
  • -အရောင်တင်မှုန့် လက်ဘက်ရည် ဇွန်း၁ဇွန်း

အဲဒီ ပစ္စည်းတွေကို blender ထဲမှာကြိတ်။ ကညွတ်ကို အပိုင်းပိုင်လေးတွေဖြတ်ပြီး နဲနဲထုထား၊ ဆီပူအောင်တည် (စားပွဲဇွန်း၁ဇွန်းဆိုရပါပြီ)။ ပြီးရင်ကြိတ်ထားတာလေးတွေဆီသတ်ပါ။ ၂ မိနစ်လောက်နေရင် ကညွတ်ထည့် ရေနဲနဲထည့်ပြီး အဖုံးအုပ်ထားပါ။ အပေါ့အငံမြည်း၊ကညွတ်နူးရင်စားလို့ရပါပြီ။ ထမင်းဖြူလေးနဲ့စားရင်လည်း အရမ်းစားကောင်းပါတယ်။

Ingredients

  • 1 packet of asparagus
  • 3 cloves of garlic
  • 1 red onion, 1 red chili
  • 1 Tbsp of dry shrimps
  • 1 Tbsp of oyster sacue
  • 1 tsp of Balacan paste
  • 1 tsp of chili powder
  • a pinch of sugar

Method
  1. Chop asparagus into small pieces , set aside.
  2. Using blender, blend all the rest of ingredients
  3. Heat 1 Tbsp of oil in the pan and fry the mixed ingredients for 1-2 mins.
  4. Add the chopped asparagus, cover with the lid and cook for about 2mins. Stir occasionally.
  5. Add in 1/4 cup of water and cook for another 2-3 mins.
  6. Dish out and ready to serve. Enjoy!

Tuesday, July 27, 2010

ကြက်တောင်ပံအစာသွပ်(Stuff Chicken Wings with Ginger-Garlic Sauce )

ဒါဝတ်ရည်ရဲ့နည်းနဲ့လုပ်ထားတဲ့ ကြက်တောင်ပံ အစာသွပ်ပါ။ လုပ်ရတာလဲလက်ဝင် စားလို့လည်း အရမ်းကောင်းပါတယ် ၊လုပ်နည်းအတွက် ၀တ်ရည်ကို ကျေးဇူးအထူး။ လုပ်နည်း ကိုတော့ ၀တ်ရည်သေချာရေးပြထားတာမို့ ဗမာလိုထပ်မရေးတော့ပါဘူး။ ဒီမှာ ဘဲကြည့်လိုက်ပါနော်

**ကြက်တောင်ပံ တစ်ခုလုံးမသုံးပဲ mid joint လေးတွေပဲမို့လို့ အဲလို တုံးတိတိလေးတွေဖြစ်နေတာ :D
This delicious recipe is from one of my blogger friends and a big thank to her for sharing such a yummy recipe. Really love it. The detail steps are written in her blog (but in Burmese) . Since this dish is so so nice, I shall translate it into English for our non Burmese friends.


Ingredients.
  • 8 chicken wings
  • 1 Tbsp of Oyster sauce
  • 1 Tbsp of dark soy sauce
  • 1 teaspoon of sugar
  • 2 teaspoon of seasoning powder (chicken flavour)
  • 2 teaspoon of salt

Remove the bone from wings (carefully not to tear out the skin) and marinate with above ingredients. Set it aside.

Now we are going to prepare the ingredients to stuff inside.
  • 4 Tbsp of minced chicken meat.
  • 1 Tbsp of minced Ginger
  • 1 Tbsp of minced garlic
  • 1 medium size carrot (minced)
  • 2 Tbsp of corn
  • 2 Tbsp of mince green bean
  • 1 teaspoon of sesame oil
  • 1 Tbsp of all purpose flour
  • 1/2 egg (beaten)
  • 2 teaspoon of seasoning powder (chicken flavour)
  • 1 Tbsp of Oyster sauce
  • 1 teaspoon of salt

Mix all the ingredients and stuff inside the chicken wings. About 2 Tbsp per wing. Then steam it for about 10mins. Coat with bread crumb and pan fry them till golden brown. Arrange them on serving plate.

We are going to prepare the sauce now.
  • 1 Tbsp of minced Ginger
  • 1 Tbsp of minced garlic
  • 1 1/2 Tbsp of cooking oil
  • 1 Tbsp of Oyster sauce
  • salt to adjust
  • 1 Cup of water
  • 1 Tbsp of corn flour
  • 1 teaspoon of light soy sauce
  • 1 teaspoon of sugar

Heat up oil in pan. Fry ginger and garlic for about 2-3 mins. Add in the rest of the ingredients (except corn flour) and leave it to boil. Let the corn flour dissolve in a table spoon of water and add it in as well. Let the gravy thicken a little bit and it's now ready. Pour the gravy onto the wings (in serving plate) and that's done. Very delicious and this definitely is a keeper for me.

Sunday, July 25, 2010

Blackforest- Homemade

မနေ့ကလုပ်ဖြစ်တဲ့ black forest cake ပါ။
Recipe
  • All purpose flour 60g
  • 2 Eggs
  • water 36g
  • Cocoa 11g
  • Baking powder 1g
  • Milk powder 4g
  • Sugar 65g
  • Margarine 18g (melted)

Method

  1. ထောပတ်နဲ့ Cocoa ကို ရောမွှေထားပါ
  2. ရေနဲ့ နို့မှုန့်ကို ရောဖျော်ထားပါ။
  3. Flour/ Baking powder ကိုဇကာချထားပါ။
  4. ကြက်ဥ နဲ့ သကြားကို ribbon like stage ဖြစ်တဲ့ အထိစက်နဲ့မွှေပါ
  5. နို့နဲ့ flour mixture (၄) ထည့်ပေးပါ၊ သမအောင် ဖြေးဖြေးမွှေပါ။ အရမ်းမွှေလို့မရပါ။
  6. နံပါတ် ၅ ရဲ့ တ၀က်ကို နံပါတ် (၁)ထဲထည့်ပြီး သမအောင် မွှေပေးပါ။ ပြီးမှကျန်တာကို ဆက်ထည့်ပြီးမွှေပါ။
  7. ရလာတဲ့ မုန့်နှစ်ကို မုန့်ဖုတ်ခွက်ထဲထည့် ၊ ၁၇၀ ဒီဂရီ oven မှာ ၂၅ မိနစ်ကြာအောင်ဖုတ်ပေးပါ။ ပြီးရင် အအေးခံပါ။

မုန့်အအေးခံတုန်း cream နဲ့ dark pitted cherry ကိုပြင်ပါမယ်။
  • Dark pitted cherry ဗူးတ၀က်ကို syrup နဲ့အတူ မီးပေါ်မှာ ၁၅ မိနစ်ကျိုပေးပါ။ ပြီးရင် အအေးခံပြီး modified startch ၁ ဇွန်းလောက်ရောမွှေပေးလိုက်ပါ။
  • မွှေစက်ထဲမှာ non dairy whipping cream 1 cup ကို ထည့်ပြီး cream ဖြစ်တဲ့အထိမွှေပေးပါ။ ၅ မိနစ် လောက်ကြာပါမယ်။

မုန့်ပြင်ဆင်ခြင်း
  • အအေးခံပြီးသားကိတ်ကို horizontally တ၀က်ဝက်လိုက်ပါ။
  • ပထမဆုံးအလွှာကို မုန့်တင်တဲ့ board ပေါ်မှာတင်
  • ပြီးရင် Sugar Syrup ( 1 tbsp of sugar & 2 tbsp of water , boiled and leave it to cool) ကို စုတ်တံလေးနဲ့ ပထမအလွှာပေါ်သုတ်ပေးပါ
  • ပြီးရင် cream ထည့်။ dark pitted cherry ထည့် ၊ cream ထပ်ထည့် ၊ မျက်နှာပြင်ညှိ
  • နောက်ကိတ်တလွှာခင်း။ sugar syrup ထပ်သုတ်။ ပြီးမှ Cream ကို ကိတ်တစ်ခုလုံးဖုံးအောင် သုတ်ပြီး မျက်နှာပြင် ညှိပေးပါ။
  • ပြီးမှ Choco rice ၊ အသီးခြောက်တွေနဲ့ အလှဆင်ပါ
  • မစားခင်ရေခဲသေတ္တာထဲမှာ ၂ နာရီ အနည်းဆုံးထားပေးပါ။

Wednesday, July 21, 2010

Oatmeal Mix Fruits Cookies

လုပ်ရတာလည်းလွယ် အ၀လည်းသက်သာစေမယ့် Cookies လေးပါ။ Oatmeal လဲပါတော့ ခါတိုင်းမုန့်တွေထက်စာရင်တော့ (ကျန်းမာရေးရှုထောင့်ကကြည့်ရင်) နဲနဲပိုကောင်းမယ်လို့ထင်ပါတယ်။ ဆီကိုလည်း တတ်နိုင်သမျှနည်းနိုင်အောင် ကြိုးစားပြီးလျော့ထားပါတယ်။

Ingredients
Group (1)
2 small Eggs (beaten)
70ml vegetable oil
1 tsp vanilla extract
1/4 cup of sugar
2 table spoon of honey

Group (2)
1 and 1/4 cup of all purpose flour
1/2 cup of Oatmeal
1 teaspoon of baking powder
1 cup of dry mix fruits

လုပ်နည်း
လွယ်လွယ်လေး။ Group (1) ကိုအားလုံးသမအောင် ရောမွှေ။ Group (2) ကို ထည့် ပြီးသမအောင်ထပ်မွှေ။ မုန့်ကို ထမင်းစားဇွန်း တစ်ဇွန်းစာစီ ခပ်ပြီး မုန့်ဗန်းပေါ်တင်။ ပြီးရင် ၁၈၀ ဒီဂရီ စီ Oven မှာ ၁၅-၂၀ ထည့်ဖုတ်။ အအေးခံပြီးရင်စားလို့ရပါပြီ။

** Ingredients မှာOatmeal ကျန်ခဲ့လို့ ထပ်ဖြည့်ထားပါတယ်


Sunday, July 18, 2010

ပျားရည်ကြက်ခြေထောက်ပေါင်း (Braised Chicken Feet with Honey)

ပျားရည် ကြက်ခြေထောက်ပေါင်းပါ။ လုပ်ရတာလည်း လွယ်လွယ်လေးပါ။

ပထမဆုံး ကြက်ခြေထောက် ၁၂ခုလောက် ကို ရေဆေးပြီး ဆား၊အချိုမှုန့် နဲ့နယ်ထားလိုက်ပါဦး။ ဂျင်းနဲ့ကြက်သွန်ဖြူကို ဆီသတ်၊ ပြီးရင် ကြက်ခြေထောက်တွေကို ထည့်ပြီး အရေခွံတင်းလာအောင် ခဏကြော်ပေးပါ။ ပြီးမှရေ၊ ပဲငံပျာရည်အကြည်၊ အနောက်၊ဆားနဲနဲထည့်ပြီး ပေါင်းအိုးထဲမှာ မိနစ်၄၀လောက်ပေါင်းပေးပါ။ မီးပေါ်မှ ချကာနီးမှာ ပျားရည်တစ်ဇွန်းကိုထည့်မွှေပြီး ရေနဲနဲခမ်းအောင်ထပ်တည်ရင် ရပါပြီ။

စားလို့လည်းကောင်းပါတယ် အဆီလည်းအရမ်းတက်မှာသေချာပါတယ်။ တစ်ခါတစ်လေ ကတော့ဘာမှ မဖြစ်လောက်ဘူးထင်ပါရဲ့။ ဒါလည်း ယောင်းမလက်ရာပါဘဲနော်။

Thursday, July 15, 2010

Lo Mai Kai (or) ကြက်သားကောက်ညှင်းထုပ်



ဒါဒုတိယ တစ်ခါလုပ်တဲ့ ကြက်သားကောက်ညှင်းထုပ်ပါ။အရမ်းကြိုက်ပေမယ့် ခဏခဏတော့လုပ်မစားဖြစ်ပါ။ ပြီးခဲ့တဲ့ တစ်ခေါက်လုပ်စားပြီးကတည်း မလုပ်လိုက်တာ ခုထိပါဘဲ။ လုပ်နည်းအပြည့်အစုံကိုအောက်မှာရေးပေးထားတယ်နော်။ စိတ်ဝင်စားရင် စမ်းကြည့်ပါလား။


-ကောက်ညှင်းဆန် ၂ ဘူး (rice cooker ထဲကပါတဲ့ဘူးနဲ့နော်) နဲ့ black mushrooms ကို ညထဲကရေစိမ်ထားပါ။ မနက်မှရေစစ်ပြီး ကောက်ညှင်းကို rice cooker ထဲကအံလေးပေါ်မှာ မိနစ် ၃၀ ခန့် ပေါင်းပေးပါ။ကောက်ညှင်းပေါင်းနေတုန်းမှာအဆ
ာပလာကိုပြင်ဆင်ပါမယ်။
-ကြက်အူချောင်း ၂ချောင်းကို မထူမပါးလှီးထား။ black mushrooms ကို လှီးထား။ ကြက်သားကို ခရုဆီ၊ဆား၊ငရုပ်ကောင်း၊သကြား၊ပဲငံပြာရည်အကြည်၊ cooking wine၊ကော်မှုန့်နဲ့နယ်ထား။
-ကြက်သွန်နီ အကြီး၂ဥကိုသေးသေးစိတ်ပြီးဆီသတ်ပါ။ပြီးရင် ကြက်သား၊မှို၊ကြက်အူချောင်းထည့် ပြီး ကြက်သားကျက်တဲ့အထိကြော်ပါ။

mixing sauce(ပေါင်းထားတဲ့ကောက်ညှင်းဆန် နဲ့ နယ်ရန်)
- ခရုဆီ စားပွဲဇွန်း ၂ ဇွန်း
-ပဲငံပြာရည် အကြည် စားပွဲဇွန်း ၂ ဇွန်း
-ပဲငံပြာရည် အနောက် စားပွဲဇွန်း ၁ ဇွန်း
-cooking wine စားပွဲဇွန်း ၂ ဇွန်း
-သကြား စားပွဲဇွန်း ၂ ဇွန်း
-ဆား လက်ဖက်ရည်ဇွန်း ၁ဇွန်း
-ရေ အနည်းငယ်
-နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ဇွန်း

mixing sauce ထဲမှာပါတဲ့ပစ္စည်းတွေကို အကုန်ရောမွှေပြီး ပေါင်းထားတဲ့ကောက်ညှင်းထဲကိုထည့်နယ်ပေးပါ။ ပြီးရင် aluminium ပုံစံခွက်လေးထဲကို ခုနကမှို၊ကြက်သားကြော်ကို အရင်ထည့်၊ ပြီးမှ နယ်ထားတဲ့ ကောက်ညှင်းကို အပေါ်ကထပ်ထည့်ပြီး မိနစ်၂၀လောက်ထပ်ပေါင်းပေးပါ။ အဲဒါဆိုရင်စားလို့ရပါပြီ။

Sunday, July 11, 2010

Sugar Almond Puff

Nope, the puff pastry is not home made. I bought myself a packet of ready made puff pastry last a few days ago and I could manage to turn them into delicious sugar almond puffs for our breakfast today.

In fact, I was thinking of making puff pastry quite sometime ago,however, I just dropped my idea due to its lengthy and tedious procedures. I knew home made stuffs are still the best,but being lazy me, I chose store bought ready made pastry to fulfil my wish of making some puffs.

The idea of making crispy almond puff is adapted from
Ancoo's hobby. It is extremely easy to made. Just roll out the pastry into 1cm thick square. Cut them into small pieces. Brush with beaten egg. Sprinkle some almond meal and sugar on top and bake in 180 degree C oven for 13 mins. How easy! Save my time/energy and yet delicious :-).



Friday, July 9, 2010

Butter Milk Scones

တနေ့ည ၉ နာရီလောက်မှာ မုန့်လုပ်စားချင်တဲ့ စိတ်ပေါ်လာတာနဲ့ မြန်ပြီးလုပ်ရလွယ်တဲ့ scones လေးတွေလုပ်စားဖြစ်ပါတယ်။ တစ်ခါတစ်လေဒီလိုပါဘဲ စိတ်ကူးပေါက်ရင်ပေါက်သလို ည၁၀နာရီလောက်မှာမှ မုန့်ထလုပ်ဖြစ်တာတွေလည်းရှိပါတယ်။ မုန့်လုပ်တာက လည်း mood ၀င်မှ လုပ်လို့ကောင်းတာမဟုတ်လား။ မယုံမရှိပါနဲ့။ သူလည်းစာကျက်သလိုပါဘဲ။ ကဲပါလေ အဲဒါနဲ့ဘဲ မုန့်လုပ်စားဖြစ်တယ်ဆိုပါတော့။ ၁နာရီအတွင်းမှာပဲ မုန့်လုပ်ပြီးသွားပါတယ်။ အမှန်မှာ oven ကြီးကြီးသာဆိုရင် အဲလောက်တောင်မကြာပါဘူး။ အိမ်က oven ကသေးတော့ ၃ခါ ခွဲလုပ်နေရလို့ ကြာသွားတာပါ။ ဘာပဲဖြစ်ဖြစ် မုန့်ဖုတ်ပြီးသွားရင်တော့ ပျော်တာတော့ အမှန်ပါဘဲ။

Ingredients
  • Cake Flour - 200g
  • Baking Powder- 2 teaspoons
  • a pinch of salt
  • Castor Sugar - 2 1/2 tea spoon
  • Milk -100ml
  • Butter - 50g

လုပ်နည်း
  1. ဂျုံ/ပွဆေး/ဆားကို ဇကာ စစ်ထားပါ။
  2. ထောပတ်ကို လေးထောင့် အတုံးသေးသေးလေးတွေတုံးပြီး ခုနက ဂျုံအရောထဲကို ထည့်ပေးပါ။ ထောပတ်က အေးရပါမယ်။ ပြီးရင် ခက်ရင်းလေးနဲ့ ဂျုံနဲ့ ထောပတ်ခဲလေးတွေရော ပြီး အဖတ်အဖတ်လေးတွေဖြစ်လာတဲ့ အထိ သမအောင် မွှေပေးပါ။ ထောပတ်ပျော်လို့မရပါ။ ပျော်ခါနီးဆိုရင် ရေခဲသေတ္တာ ထဲကို ၅ မိနစ်လောက်ပြန်ထည့်ပြီး မှ ဆက်မွှေပါ။
  3. ပြီးရင် နို့ထည်ပြီး သမအောင်မွှေပေးပါ။ ဂျုံကို ခဏတော့ နယ်ပေးရပါမယ်။ အရမ်းတော့ မကြာပါစေနဲ့ ။ ကြာရင်မာသွားပါလိမ့်မယ်။ 30sec လောက်ဆိုရပါပြီ။ ရိုးရိုး ဂျုံမှုန့်ဆိုရင်တော့ 10sec လောက်ပဲနယ်ပေးပါ။
  4. ပြီးရင် cutter နဲ့ဖြတ် ပြီး ၁၉၀ ဒီဂရီ မှာ ၁၃-၁၅ မိနစ်လောက်အထိဖုတ်ပေး ရင်ရပါပြီ။

ထောပတ် နဲ့ ဂျုံအရော မနယ်ခင်
0ven ထဲမထည့်ခင်
စားဖို့အသင့်ဖြစ်ပါပြီ။

Saturday, July 3, 2010

Century Egg Salad (ဆေးဘဲဥသုပ်)

ဆေးဘဲဥသုပ်၊ ကိုယ်တိုင်သုပ်တဲ့လက်ရာတော့ မဟုတ်ပါ။ ယောင်းမ လက်စွမ်းပြထားတာပါ။ ဂျင်းနဲနဲ နဲ့ ကြက်သွန်ဖြူကိုထောင်းထည့်ထားတာမို့ အနံလေးလည်မွှေးပါတယ်။ ကိုယ့်ဘာသာကို သုပ်တဲ့ ဆေးဘဲဥဆို မလှမပနဲ့ မို့လို့ blog ထဲမှာလည်းမတင်ဖြစ်ပါ။ ခုတော့ decoration ကလည်း လှ အရသာလေးလည်း ကောင်းတာမို့ share လုပ်လိုက်ပါတယ်။

-ဆေးဘဲဥ ၃လုံး (ခပ်ကြီးကြီးလေးစိပ်ထားပါ)
-ဂျင်းနဲ့ ကြက်သွန်ဖြူနဲနဲ ကိုညက်နေအောင်ထောင်းထား
-ခရမ်းချဉ်သီး တစ်လုံး (ခပ်ပါးပါး အ၀ိုင်းလှီးထားပါ)
-ပဲငံပျာရည် အကြည်
-မြေပဲထောင်း အနည်းငယ်
-ကြက်သွန်ဖြူဆီချက် - စားပွဲဇွန်းတစ်ဇွန်းခန့်

ပြင်နည်း။
-ပန်းကန်ထဲမှာ ဆလပ်ရွက်တွေကိုဖြန့်ခင်းထားပါ
-ပြီးရင် ခရမ်းချဉ်သီးလှီးထားတာလေးတွေဖြန့်ခင်း
-ဆေးဘဲဥ၊ မြေပဲထောင်း၊ ဆီကျက် ထည့်။ ပဲငံပျာရည် အကြည်ထည့်ပြီးရင် နယ်စားဖို့ အသင့်ဖြစ်ပါပြီ။