Sunday, August 29, 2010

Cheesy Prawns



ပုဇွန် ကို Cheese/ Thousand island နဲ့ကင်ထားတာပါ။ ဒါမျိုးကို အပြင်ဆိုင်မှာ စားဖူးလို့ လုပ်စားချင်နေတာကြာလှပါပြီ။ ခုမှတကယ်လုပ်ဖြစ်သွားတာ။ အအီစာ ကြိုက်တဲ့ လူတွေအတွက်တော့ အတော်ပါပဲ။ နဲနဲတော့ အီတယ် ၊ဒါပေမယ့်စားလို့တော့ တကယ်ကောင်းပါတယ်။ ၀ိတ်တက်မှာလားတော့ မမေးနဲ့နော်။ အသေအချာပါပဲ။ ပြီးရင်လေ့ကျင့်ခန်းပိုလုပ်လိုက်ပေါ့။
  1. လုပ်နည်းလေးကတော့ လွယ်လွယ်လေးပါပဲ။
  2. ပုဇွန် လေးတွေကိုရေဆေး ၊ပြီးရင် ကျောခွဲပြီး အစာလမ်းကြောင်းထုတ်၊ ပြန့်ပြန့်လေးဖြစ်သွားအောင် ဖိချလိုက်ပါ
  3. Cheese နဲနဲ နဲ့ Thousand Island ကိုပြန့်သွားတဲ့နေရာလေးပေါ်တင်
  4. ၂၀၀ ဒီဂရီမှာ ၅ မိနစ် ကနေ ၇ မိနစ် (ဒါမှမဟုတ် cheese တွေပျော်သွားတဲ့ အထိ) ကင်ပေးပါ
  5. သုံးဆောင်လို့ရပါပြီ
ဒါက မကင်ခင်ပုံ။


Thousand Island Dressing

I've been wanted to try this out quite sometimes ago after having it at Sakura. I just love its cheesy and rich flavor. However, it has no chance to appear on my bake list as I was too busy baking other stuff. Finally, I managed to make them successfully today. Pretty easy to make though.

  1. Rise well the prawns
  2. With a sharp knife, make a slit in the center
  3. Clean the prawn and press two fleshes to the side and making the space for dressing.
  4. Spread thousand island dressing and some cheese powder
  5. Bake in 200 degree C preheated oven for 7 mins and that's ready.

Saturday, August 28, 2010

Cream of Mushroom and Garlic Bread

မထူးခြားတဲ့ ညစာလေးပါ။ ထွေထွေထူးထူးဘာမှ မလုပ်ချင်တာနဲ့ ရှိတဲ့ cream of mushrooms ကိုဖောက် ၊ပေါင်မုန့် ကို garlic spread နဲ့ ကင်ပြီး အစိတ်ကလေးတွေစိတ်ထားလိုက်တာပါ။ ကိုယ်တိုင်ကြိုးစားအားထုတ်မှုဆိုလို့ မီးကင်စက်ထဲကို ထည့်လိုက်တာနဲ့ ပြင်ဆင်တာလေးပဲရှိတာပါ။ တခါတလေတော့လည်း မပင်မပန်းအေးအေးဆေးဆေးပေါ့။


My simple and quick dinner (Cream of mushrooms and garlic bread). Fast, extremely easy and your dinner will be ready in 10mins time. :D

Tuesday, August 24, 2010

Butter Cookies


မုန့်မလုပ်ဖြစ်တာ ၂ပတ်လောက်ရှိသွားပါပြီ။ အကြောင်းကတော့ အချက်အပြုတ်နဲ့ ဗမာမုန့်တွေဖက်ကို နဲနဲလှည့်နေတာကြောင့်ပါ။ ဒါဆိုရင်လည်း blog မှာဗမာမုန့်တွေတင်ပေါ့လို့ပြောစရာရှိပါတယ်။ တင်ချင်ပါတယ် ဒါပေမယ့် တင်ရလောက်အောင် အရသာက မကောင်းလို့ပါ။ ဟိုတလော ငှက်ပျောသီးကောက်ညှင်းထုပ်လုပ်ဖြစ်တယ်၊ ငှက်ပျောသီးပေါင်းရောပဲ။


ငှက်ပျောသီးပေါင်းက မဆိုးပါဘူး။ ဒါပေမယ့် ဓာတ်ပုံသေချာမရိုက်လိုက်ရလို့ တင်စရာမရှိ။ ကောက်ညှင်းထုပ်ကတော့ သေချာတင်းတင်း မထုတ်ပဲ ရေနဲ့ ၃ ၊ ၄ ကြိမ်ပြုတ်လိုက်တာ ငှက်ပျောဖက်လည်းဖြည်ရော ဘာအရသာမှကို မရှိတော့တာ။ တကယ်ပါ၊ စားကြည့်လိုက်တော့ အင်မတန်မှကို စိတ်ပျက်သွားတာပါပဲ။ ကောက်ညှင်းထုပ်ကို ၀မ်သာအားရစောင့်နေတဲ့ အမျိုးသားလည်း ပထမဆုံးတစ်ဖဲ့ ဖဲ့ပြီးရော တော်ပြီဆိုပြီးဖြစ်သွားတော့တာ။ ပြီးတော့ အထဲကငှက်ပျောသီးက နီလည်းမနီသွားဘူး။ တကယ့်ကို အဆင်းရောအချင်းပါမရှိတဲ့ ငှက်ပျောကောက်ညှင်းထုပ်ပါ။

အဲ ဒါပေမယ့် အဲဒီမချိုတာကို ကြိုက်တယ်ဆိုပြီး အားပါးတရစားတဲ့ သူက ယောင်းမပါ။ သူကတော့ကြိုက်တယ်ဆိုပဲ။ တော်ပါသေးရဲ့လို့ပဲဆိုရမှာ။ စိတ်ပျက်လက်ပျက်နဲ့ ဘယ်လိုရှင်းရမယ်မှန်းမသိတဲ့ ငှက်ပျောကောက်ညှင်းထုတ်တွေအလယ်မှာ ကယ်တင်ရှင်ရောက်လာသလို :D။ သူ့ကျေးဇူးကြောင့် ကောက်ညှင်းထုတ်တွေ မပစ်ရတော့ပဲ အောင်မြင်စွာ ရှင်းလင်းပြီးသွားပါတယ်။ စိတ်ထဲမှာတော့ ဒီကောက်ညှင်းထုပ်တော့ နေနှင့်ဦး ရအောင်ပြန်လုပ်ဦးမယ်ဆိုတဲ့ စိတ်တော့ ရှိသေးတယ်။ လောလောဆယ်တော့ နောက်တစ်ခါ ပြန်မစမ်းရဲသေးတာကြောင့် ကိုယ်လုပ်နေကျ ဖြစ်တဲ့ အဂ်လိပ်မုန့်လေးပဲ အေးအေးလူလူလုပ်ပါတော့မယ်ဆိုပြီး စိတ်ဆုံးဖြတ်လိုက်ရတယ်။


ဒီတစ်ခါတော့ပုံစံအဆန်းလေး။ စားလို့လည်းအရမ်းကောင်း။ နံကထိုင်မုန့်လိုမျိုးခပ်ဆန်ဆန်ပါ။ ဒါပေမယ့် နံကထိုင်လောက်လဲ မအီပါဘူး။ ဒီတစ်ခါတော့ အမှတ်၁၀၀ အပြည့်ရသွားပါတယ်။ ကောက်ညှင်းထုပ်ပျက်တာကို ဒီမုန့်နဲ့ အဖတ်ဆယ်လိုက်ရတယ်လို့ပဲပြောရတော့မှာ။ နောက်လည်းခဏခဏ လုပ်ဖြစ်မှာ သေချာပါတယ်။

မုန့်လှလှလေးတွေထွက်လာတော့ အရမ်းပျော်သွားတာ

Recipe is adapted from HHB. Thanks so much!
  • ဂျုံ- ၁၄၀ ဂရမ်
  • ထောပတ်- ၁၄၀ ဂရမ်
  • သကြား (icing sugar)- ၆၅ ဂရမ်
  • corn flour - ၃၀ ဂရမ်
  • vanilla extract - 1/2 tsp
လုပ်နည်း
  1. ပထမဆုံး ဂျုံမှုန့်၊ ပြောင်းဖူးမှုန့်ကို စကာချထားပါ။
  2. သကြားနဲ့ ထောပတ်ကို ပွလာအောင်ခေါက်ပါ။ (ထောပတ်က အခန်းအပူချိန်ဖြစ်ရပါမယ်)
  3. vanilla ကိုထည့်ပြီး ၁ မိနစ်လောက်ဆက်မွှေပေးပါ။
  4. နောက်ဆုံးမှ ဂျုံအရောကို ထည့်မွှေပါ။
  5. သမသွားရင် လိုချင်ရာပုံလေးတွေလှီးပြီး ၁၇၀ ဒီဂရီ oven မှာ ၁၁ မိနစ်လောက်ဖုတ်ပေးပါ။ အအေးခံပြီးရင်စားလို့ရပါပြီ။


ကြိုက်ရင်ဗူးလိုက်မ သွားလို့ရပါပြီ

Sunday, August 22, 2010

ခရမ်းသီးအမဲသားနှပ် (Sauteed Beef with Eggplant and Red Chili)


ဟင်းအသစ်လေးတမျိုးပါ။ ချက်ရတာလည်း လွယ်ပြီး အရမ်းအရသာရှိပါတယ်။ စမ်းကြည့်ကြပါနော်။
  • ခရမ်းသီးတစ်လုံးကို ပါးပါးလေးတွေလှီးထား၊
  • အမဲသားအကြေသားကို ဆား၊ ကြက်သားမှုန့်နဲ့ နယ်ထား၊
  • ကြက်သွန်နီ အသေးတစ်ဥ နဲ့ ကြက်သွန်ဖြူ ၃ မွှာ၊ ဂျင်းလက်တဆစ်လောက်ကို ကြိတ်ထား။
  • ငရုပ်သီးတောင့်ပွ အနီရောင်ကိုခပ်ကြီးကြီးလှီးထား။
  • ခရမ်းချဉ်သီးအသေးတစ်လုံးကိုလည်း ခပ်သေးသေးလှီးထားလိုက်ပါ

ဆီ စားပွဲဇွန်း ၃ ဇွန်းလောက်ကို အရင်သတ်၊ ဆီပူရင် ကြက်သွန်ဖြူနီ၊ဂျင်းထည့်ပြီး နွမ်းအောင် ခဏတည်ထားပါ။ ပြီးရင် ခရမ်းချဉ်သီးထည့် ပြီး ကြေအောင်မွှေပေးပပါ။၊ ခဏကြာရင် အမဲသား၊ ခရမ်းသီးထည့်၊ ငရုပ်သီးထည့်၊ ပဲငံပျာရည်တစ်ဇွန်းထည့် ပြီး ခဏတည်ထားပါ (ကြားထဲမှာ မကြာမကြာမွှေပေးပါ) ဆီပြန်ရင် ရပါပြီ။

Friday, August 20, 2010

19 Aug - မွေးနေ့ဆုတောင်း




တစ်ရက်နောက်ကျသွားတဲ့ မွေးနေ့ဆုတောင်းလေးပါ။ အရမ်းတော့ နောက်မကျသေးဘူးထင်ပါရဲ့။ ဒီနေ့မှာ ဒီအကြံရမိတဲ့ အတွက်လည်း ကိုယ့်ကိုကိုယ်နဲနဲ စိတ်တိုသွားပါတယ်။ Surprise မလုပ်မိလိုက်ရလေချင်းလို့လေ။

19 Aug ဟာ သူငယ်ချင်းဘိုဘို ရဲ့မွေးနေ့ပါ။ (သူ့နာမည်ကို အဲလိုမျိုးရေးရင် သူအင်မတန်မှစိတ်တိုပါတယ်၊ သူ့နောက်ဆုံးနာမည် မှာပါတဲ့ 'ဗိုလ်' ကို အဖျားဆွတ်ပြီး ခေါ်ကြတာပါ။ ကျွန်မကတော့ တမင်နောက်ချင်တာနဲ့ ဘိုဘို လို့ပဲ ပေါင်းပါတယ် :D) ။ လွန်ခဲတဲ့ ၁၀ နှစ်ကျော် ပိုလီ တက်တက်ချင်း မှာဘိုဘိုနဲ့စ ဆုံတာပါ။ အဲဒီနေ့ကိုမှတ်မိပါသေးတယ်။ Orientation အတွက်စောင့်နေတုန်းမှာ တွေ့တာပါ။ တစ်ယောက်နဲ့ တစ်ယောက်မိတ်ဆက်ရင်း ဗမာတွေမှန်းသိ၊ နာမည်မေးရာကနေ စတာပါ။ သူကိ သူ့နာမည်ကို xxxဗိုလ်ဆိုပြီးပြောအပြီးမှာ မရပ်ပဲ 'ငါ့နာမည်က ဗိုလ်ချုပ်အောင်ဆန်း ရဲ့ ဗိုလ်နဲ့ ဗိုလ်တာ၊ အားလုံးရဲ့ ဗိုလ်ဆိုတဲ့ သဘော 'ဆိုပြီးဆက်ပြောလိုက်ပါသေးတယ်။ စိတ်ထဲမှာနဲနဲတော့ အချဉ်ပေါက်ပြီး ရယ်ချင်သွားခဲ့တာတော့ အမှန်ပါဘဲ။

အတန်းထဲမှာလည်း သူနဲ့ ပါမှ ဗမာ ၂ယောက်ထည်း ရှိပါတယ်။ အဲဒီအချိန်တုန်းကတော့ သူ့ကို မခင်သေးတာအမှန်ပါဘဲ။ ကျွန်မကလည်း အတော် ဂွတီးဂွကျနိုင်ခဲ့တာပါ။ ၂ယောက်ထည်းပေမယ်လို့ သူနဲ့လည်းသိပ်မတွဲခဲ့ပါဘူး။ (ဘိုဘို အဲဒီတုန်းက အင်မတန်မှရစ်ပြီး စိတ်အကောက်သန်ပါတယ်။ အဲဒါကို မခံနိုင်တာကလည်းတစ်ကြောင်းပါ) တစ်ခါတစ်လေ စိတ်မထင်ရင် မထင်သလို ရှောင်ဖယ်ဖယ်လုပ်ပါသေးတယ်။ ဒါပေမယ်ဘိုဘို ဟာ ကျွန်မကို အင်မတန်မှ ခင်ပါတယ်။ သူ့ကို ဘယ်လောက်ရှောင်ဖယ်ဖယ်လုပ် သူဟာစိတ်မဆိုးပါဘူး။ တစ်ခါတလေ မှာကျွန်မသူ့ကိုဆက်ဆံ ခဲ့တဲ့ ပုံစံဟာ တခြားလူဆိုရင် ဘယ်လိုမှသည်းခံနိုင်မယ်မထင်ပါဘူး (တော်ပါသေးရဲ့ သူငယ်ချင်းကောင်းတစ်ယောက်ကို ဆုံးရှုးံမိခဲ့တော့မလို့)။ ပြောရရင်တော့ ခုချိန်မှာအားလုံးဟာ ရယ်စရာတွေဖြစ်သွားပါပြီ။ (ဘိုဘို နင်မှတ်မိသေးလား၊ နင့်ကို ငါဘာမကြည်လို့လည်းမသိဘူး toilet ထဲဝင်ပြီး lecture ချိန်ကျော်တဲ့ အထိတမင်နေနေခဲ့တာလေ၊ နင်စောင့်နေမှန်းသိရက်နဲ့၊ အဲဒီတုန်းက နင် ငါပျောက်သွားလို့ဆိုပြီး ငိုသံပါနဲ့ လာရှာတာလေ)

ဒါနဲ့ တဖြည်းဖြည်း project ကိစ္စတွေလုပ်ရင်း တွဲရင်းတွဲရင်းနဲ့ သူ့စိတ်ကိုသိလာတယ်။ (တစ်ခါတလေ) အရစ်သန်ပြီး စိတ်ကောက်တတ်တာလေးတွေက လွဲရင် သူဟာ သူများအပေါ်မှာ အင်မတန်မှနားလည်မှုပေးတတ်တဲ့ လူမျိုးပါ။ နောက်ပိုင်းမှာသူ့ကို အရမ်းလည်းခင်သွားပါတယ်။ စိတ်ညစ်တာမှန်သမျှကို မငြီးမညူနားထောင်ပြီး စိတ်ပြေအောင် ဖျောင်းဖြပေးတတ်သလို လူတွေကိုအကောင်းဖက်က တတ်နိုင်သမျှမြင်အောင် သူပြောပြလေ့ရှိပါတယ်။ ပြောသင့်တာကို စိတ်ဆိုးမှာစိုးလို့မပြောတဲ့ သူငယ်ချင်းထဲမှာ သူမပါပါဘူး။ ၂ယောက်သား ရန်ဖြစ်တဲ့အချိန်တွေစိတ်ကောက်တဲ့ အချိန်တွေလည်းရှိခဲ့ပါတယ်။ ရေးပြရင်တော့ ကုန်နိုင်မယ် မထင်ဘူး။ ခုချိန်မှာတော့ အာလုံးဟာ အမှတ်တရပါဘဲ။ နှစ်ယောက်စလုံး မငယ်ကြတော့ပါဘူး။ သူလည်း စကားတစ်လုံးစ နှစ်လုံးစ ပြောတတ်နေပြီဖြစ်တဲ့ တူတစ်ယောက်ကိုပိုင်ထားတဲ့ ဒေါ်ကြီးဗိုလ် ဖြစ်နေပါပြီ။ ဟိုတုန်းကတော့သူ့မွေးနေ့ကိုယ့်မွေးနေ့တွေသွားဖြစ်ကြပါတယ်။ ခုတော့အလုပ်တွေနဲ့ မအားကျတာနဲ့ တစ်ခါတလေ မှဘဲတွေ့ဖြစ်ကြတော့တယ်။ ဘာပဲ ဖြစ်ဖြစ် ဒီအချိန်မှာ ဒီလိုသူငယ်ချင်းမျိုးကိုရထားခဲ့တဲ့အတွက် ကျေနပ်မိပါတယ်။

မွေးနေ့မှာပျော်တယ်ဆိုလို့ဝမ်းသာပါတယ် ၊ အရမ်းလိုချင်တဲ့ ပစ္စည်းကို surprise အဖြစ်ရလို့ ဘေးကလူကို လည်းပင်းထညှစ်တဲ့အထိ ၀မ်းသာလုံးဆို့တယ်လို့လည်းကြားမိပါတယ်။ ဘာပဲဖြစ်ဖြစ် သူငယ်ချင်းဘိုဘို အမြဲတမ်းပျော်ရွှင်ပြီး အပူအပင်နည်းပါးတဲ့ဘ၀ကို အမြဲပိုင်ဆိုင်နိုင်ပါစေလို့လည်း ဆုတောင်းပါတယ်။ ဒီနှစ်တော့ ဘာလက်ဆောင်မှ မပေးဖြစ်ဘူး။ မွေးနေ့အမှတ်တရ အနေနဲ့ ဒီပို့စ် လေးပဲ ရေးလိုက်နိုင်ပါတယ်။ ဒေါ်ကြီးဘို ပျော်ရွှင်ပါစေ။

The photo is taken from yahoo image search

Monday, August 16, 2010

ကြက်သားပဲငါးပိချက်/Stir Fry Chicken With Blackbean Paste


တရုပ်ဟင်းတစ်မျိုးပါ။ ချက်ရတာလည်း လွယ်ပါတယ်။ အပြောင်းအလဲလေးပေါ့။
  1. ကြက်သား ၂၅၀ ဂရမ်
  2. သကြား စားပွဲဇွန်း ၁ဇွန်း
  3. နှမ်းဆီ လက်ဘက်ရည်ဇွန်း၁ဇွန်ူ
  4. ဆားအနည်းငယ်
  5. ပဲငါးပိ စားပွဲဇွန်း ၂ဇွန်း
  6. ကော်မှုန့် လက်ဘက်ရည်ဇွန်းတ၀က်
  7. ခရုဆီ စားပွဲဇွန်း ၂ဇွန်း
  8. ကြက်သားမှုန့်စားပွဲဇွန်းတစ်ဇွန်း
  9. ကြက်သွန်နီ ၅မွှာ
  10. ငရုပ်သီး အနီ အတောင့်ကြီးတစ်တောင့် (အရောင်အတွက်)
  11. ငရုပ်သီး အနီ အတောင့်သေးတစ်တောင့်
ကြက်သားကို အတုံးသေးသေးတုံး ပြီး နံပါတ် (၂) ကနေ (၈) အထိနဲ့ ရောနယ်ပြီး နှပ်ထားလိုက်ပါ။ ကြက်သွန်ဖြူ၊ ငရုပ်သီး တွေကို blender နဲ့ကြိတ်လိုက်ပါ။ ပြီးရင် ဆီစားပွဲဇွန်း ၃ ဇွန်းလောက် နဲ့ ကြိတ်ထားတဲ့ ငရုပ်သီး ကြက်သွန်ဖြူကို ဆီသတ်ပါ။ နဲနဲလေးနွမ်းလာပြီဆိုတာနဲ့ ကြက်သားကိုထည့် ပြီး ၁မိနစ်လောက်ထားလိုက်ပါ။ ပြီးရင်မီးလျော့ ပြီး အရသာ အသားထဲစိမ့်ဝင်တဲ့ အထိ မီးအေးအေးနဲ့တည်ထားပေးပါ။ ၁၅ မိနစ်လောက်ပေါ့။ မီးပေါ်ကချကာနီး ငရုပ်သီး အနီအကြီး ကို ခပ်ပါးပါးလေးလှီးပြီးထည့်ပြီး သမအောင်မွှေပေးပါ။ စားရန်အသင့်ဖြစ်ပါပြီ။

Friday, August 13, 2010

ပထမဆုံးလုပ်တဲ့ Blueberries Cheese Cake

ဒါအိမ်မှာလုပ်တဲ့ ပထမဦးဆုံး Cheese Cake။ ပထမတစ်ခါတုန်းက သင်တန်းမှာလုပ်တာ။ အဲဒီကတည်းက မလုပ်ဖြစ်တော့တာ ခုထိပါပဲ။ အားလုံး ၀လာကြတာနဲ့ Cheese Cake လုပ်မယ့် အစီအစဉ်ကို လက်လျော့ထားတာကြာပါပြီ။ ဖြစ်ချင်တော့ တနေ့ရုံးမှာ Colleague က Cheese Cake မှာပါတယ်။ (ဟိုတစ်ခါသင်တန်းက Cheese Cake ကို ရုံးယူသွားပြီး ကျွေးဖူးတာကိုး) ။ မှာလည်းမှာရော သူ့ကိုအားနာနာနဲ့ပဲ ငြင်းလိုက်ရပါတယ် ငါအဆင်သင့်မဖြစ်သေးဘူး၊ အဆင်သင့်ဖြစ်ရင် ပြောမယ် ဆိုပြီးလေ။ ကိုယ့်လက်ရာကို ကိုယ်စိတ်မချသေးတာပါ။ အိမ်မှာမှ မစမ်းဖူးသေးပဲကိုး။ အိမ်မှာလုပ်ပြီး ပေးလိုက်လို့ မကောင်းမှ တကယ်ကွဲမှာ။

ဒါနဲ့ပဲ စမ်းကြည့်တဲ့အနေနဲ့ လုပ်ဖြစ်ပါတယ်။ Texture ကတော့ ပထမတစ်ခေါက်ထက်ပိုပြီး Heavy ဖြစ်ပါတယ်။ စားလို့တော့ အရမ်းကောင်း။ အတော်လည်း ၀မှာတော့ သေချာသလောက်ပါဘဲ။ဒီတစ်ခါတော့ ပုံလေးတွေက အရမ်းကောင်းနေပါတယ်။ အိမ်ကလူ လက်စွမ်းပြထားတာပါ။ ခါတိုင်းကတော့ ကိုယ့်ဘာသာကိုယ် ပဲ ရိုက်တာ။ ဒီတစ်ခေါက်တော့ သူ Food photography ကို စမ်းချင်တဲ့ အချိန်နဲ့ ကြုံသွားတော့ ပုံကောင်းကောင်းလေးတွေ ရလိုက်တာပါ။ မုန့်လုပ်ချင်တဲ့လူနဲ့ ဓာတ်ပုံရိုက်ချင်တဲ့ လူနဲ့ တော့ဟုတ်နေတာပါပဲ။

လုပ်နည်း

ပါဝင် ပစ္စည်းများ
Base အတွက်
Digestive Biscuit 175g ကိုချေပြီး ထောပတ် 60g (အရည်ပျော်ထား)နဲ့ ရောမွှေပါ။ ပြီးရင် removable base ပါတဲ့ tin ထဲမှာဖိသိပ်ပြီးထည့်ပေးပါ။ ရေခဲသေတ္တာထဲမှာ နာရီဝက်လောက် အအေးခံပေးထားပါ
Filling
  • 250g cream cheese
  • 90g sour cream3 eggs
  • 90g sugar1 table spoon of lemon juice
  • 1 lemon zest
  • 75g non dairy whipping cream -whipped
  • 75g white chocolate melted
  • 50g blueberry
ပထမဆုံး သကြားနဲ့ cream cheese ကိုစက်နဲ့ မွှေပါ။ ပြီးရင် melted white chocolate ကိုထည့်ပြီး သမအောင်မွှေပါ။ ကြက်ဥကို တစ်လုံးချင်းစီ ထည့်ပြီး သမအောင်မွှေပေးပါ။ sour cream နဲ့ lemon juice/zest ကိုလည်းထည့်မွှေပါ။ နောက်ဆုံးမှာ whip cream ကိုထည့်ပြီးမွှေပါ။

Cream အဆင်သင့်ဖြစ်ပြီဆိုရင် ရေခဲသေတ္တထဲက ပြင်ထားတဲ့ဗန်းကိုထုတ်။ base ပေါ်မှာ blueberry သီးခင်း။ ပြီး မှ cream တွေကိုထည့်ပါ။


ရေထည့်ထားတဲ့ဇလုံတစ်ခုမှာ ခုနက မုန့်ဗန်းကို တင်။ မတင်ခင်မှာ aluminum foil နဲ့အောက်ခြေကိုလုံ အောင်ပတ်ပေးပါ (ရေ၀င်မှာစိုးလို့)။ ပြီးရင် ၁၆၀ ဒီဂရီစီ oven မှာ ၇၀မိနစ်ကြာအောင်ဖုတ်ရင်ရပါပြီ။ မုန့်ဖုတ်ပြီးသွားရင် မုန့်ကို oven ထဲမှာပဲ အအေးခံပါ။ လုံးဝအေးသွားမှ ရေခဲသေတ္တထဲကိုပြောင်းထည့်ပေးပါ။ အနဲဆုံး ၃နာရီလောက် chill လုပ်ပြီးမှစားပါ။




This is my very first bake cheese cake. I was quite reluctant to make the cheese cake as it contains lots of cheese and cream (however very delicious though) which I don’t want to consume that much. That’s why I didn’t bake any cheese cake after doing no-bake cheese cake at BITC. It was about 3-4 months back then.

A couple of week ago, one of my colleagues (who tasted no-bake cheese before) ordered the cheese cake for his family.. I was surprised with his order, however I have to push back as I have no confidence with my baking skill yet. I told him that I will try it out first and will let him know when I am ready.

That was how I ended up with baking cheese cake during last weekend. I used Anuty Yochana cheese cake recipe (but I halve it) and found the taste is much better compare to my 1st one. It is cheesier as well as sourer (just a little bit). I like it very much, however my hubby finds it too cheesy and he prefers the first one. Hmmm…preference differences…But I knew my colleague prefer cheesier taste and this would be ok for him.

Here is the recipe

Thee base:
175 gm. Digestive biscuits - blend into powder form
60 gm. melted butter
Mix the blended biscuits with melted butter and press into a 8"tin with a removable base and chill in the refrigerator till set.

Filling
  • 250g cream cheese
  • 90g sour cream3 eggs
  • 90g sugar1 table spoon of lemon juice
  • 1 lemon zest
  • 75g non dairy whipping cream -whipped
  • 75g white chocolate melted
  • 50g blueberry
Method:
  1. Cream cream cheese with sugar until creamy.
  2. Add in melted white chocolate and mix till well blended.
  3. Add in eggs one at a time and cream till well mixed.
  4. Add in sour cream, lemon juice and lemon zest.
  5. Pour in whip cream and mix till well blended.
  6. Lay fresh blueberries into the chilled biscuit base.
  7. Pour batter into the chilled biscuit base and bake in water bath at 160C for about 70 mins. or until set.
  8. Remove cake from oven and let it cool down before refrigerating for at least 3 hours.
  9. Release cake from tin and decorate with grated white chocolate curls.


Monday, August 9, 2010

မုန့်မလုပ်ဖြစ်တဲ့အခါ



ဟုတ်ပါတယ် မုန့်မလုပ်ဖြစ်တဲအခါတွေကျရင် Crochet ထိုးပါတယ်။ တကယ်တော့ Crochet နဲ့အဆက်ပြတ်နေတာ ၁၀နှစ်ကျော်ကျော်လောက်ရှိပါပြီ။ Singapore စရောက်ကတည်းကဆိုပါတော့။ ပြီးခဲ့တဲ့ ၁၀ နှစ်တောက်လျောက်လုံးမှာ ကျောင်းစာတွေ၊ အလုပ်တွေနဲ့ ရှုပ်နေလိုက်တာ အဲဒီ Crochet ဆီကိုလုံးဝ မလှည့်ဖြစ်ပါဘူး။ ပြီးတော့ အားတဲ့အချိန်တွေမှာလည်း မလုပ်ဖြစ်တော့ပါဘူး။ ခုကျောင်းတွေ လုံးဝပြီးသွားတဲ့အချိန်၊ လုပ်စရာကိစ္စတွေတော်တော်များများ ပြီးသွားတဲ့ အချိန်မှာ အားချိန်ကလေးတွေထွက်လာပါတယ် ။ (ဒါကြောင့်လည်း မုန့်ဖုတ်တဲ့ ဘက်ကိုရောက်သွားတာပါ) အဲဒီအချိန်မှာ Crochet ကို ပြန်ပြီးထိုးချင်စိတ်ကလေးဝင်လာပါတယ်။

ပြောရဦးမယ်။ Crochet ထိုးတာကိုဘယ်တုန်းကစထိုးတာလဲဆိုတာ။ ယုံချင်မှယုံမှာ ငယ်ငယ် ၈ နှစ်သမီးထဲကစပြီးထိုးတာပါ။ ဟုတ်ပါတယ် ၈ နှစ်ပါ။ သူများတွေကစားနေတဲ့အချိန်မှာ Crochet အထိုးကျင့်နေခဲ့တာပါ။ စထိုးတုန်းက အပ်တောင်သေသေချာချာမရှိပါဘူး။ ၀ါးဒုတ် ကလေးကို အဖျားမှာအကောက်လေးဖြစ်အောင် လုပ်ပြီး အထိုးသင်တာပါ။ အဲဒီတုန်းက အဖေတာဝန်ကျရာ ရခိုင်ပြည်နယ် ကျောက်ဖြူမှာဆိုတော့ ပစ္စည်းကလည်း ၀ယ်ချင်သလို အလွယ်တကူမရပါဘူး။ ၈၈ နှစ်ပတ်ဝန်းကျင်လောက်ဖြစ်မယ်ထင်ပါတယ်။ အဲဒီမှာကျောင်းပိတ်တုန်း ဆေးရုံက Nurse တွေဆီသွားလည်ရင်းနဲ့ သူတို့ထိုးတာတွေ့တာနဲ့ရောဂါစတက်တော့တာပါပဲ။ (ငယ်ငယ်တုန်းကတည်းက လူကြီးအလုပ်တွေအင်မတန်ဝါသနာပါပါတယ်) အဲဒါနဲ့ ဆေးရုံကို နေ့တိုင်းရောက်တော့တာပါဘဲ။ သူတို့နားချိန်မှာသွားသွားသင်တာလေ။ အိမ်ကလည်း ဆေးရုံဝင်းထဲမှာဆိုတော့ ၅ မိနစ်လောက်လမ်းလျောက်တယ်ဆိုရင်ရောက်တာပါဘဲ။


အဲဒီတုန်းကတော့သိုးမွှေးချည်ကလည်းမပေါပါဘူး။ သိုးမွှေးအင်္ကျီ အဟောင်းတွေကိုဖျက်ပြီးပြန်ထိုးရတာမှတ်မိပါသေးတယ်။ အဲလိုနဲ့ နဲနဲသေချာထိုးတတ်လာတဲ့အချိန်မှာ အမေရန်ကုန်သွားတုန်း Crochet ထိုးတဲ့အပ်ဝယ်လာပေးပါတယ်။ အရမ်းပျော်ပေါ့။ သင်ပေးတဲ့သင်ဆရာတွေက အများကြီးပါ။ ဆေးရုံက Nurse အန်တီတွေ၊ နဲနဲ အသက်ပိုကြီးတဲ့သူငယ်ချင်း ချင်းမလေးတွေ နဲ့ သွားဆရာဝန်အန်တီတစ်ယောက်လည်းပါပါတယ်။ နာမည်တော့မမှတ်မိတော့ပါဘူး။ ပထမဆုံး စထိုးတာကတော့ အဖွားအတွက် သဘက်ကလေးပါ။ အဖွားကလည်း အရမ်းသဘောကျတာပေါ့။ ပထမဆုံးလက်ရာဟာသူ့အတွက်ဖြစ်လို့လေ။ အဲဒီတောက်လျောက် အဆင်ပြေရင်ပြေသလို (စိတ်ဝင်စားတဲ့အချိန်မှပါ၊ များသောအားဖြင့်က စာဖတ်နေတာများပါတယ်) ထိုးလာလိုက်တာ Singapore မထွက်ခင်အထိပါဘဲ။

အဲလောက်နှစ်အကြာကြီးထိုးလာလို့သိပ်ကျွမ်းကျင်တယ်မထင်ပါနဲ့နော်။ ထိုးဖြစ်ရုံပါ။ ဖြစ်ဖြစ်မြောက်မြောက်အင်္ကျီ နှစ်ထည်လားပဲပြီး ပါတယ်။ ကျန်တာတော့ Shawl တွေ၊ TV အုပ်တာ၊ ဆိုဖာနောက်မှီ၊ ပန်းအိုးအောက်ခံ အဲဒါမျိုးလေးတွေပါဘဲ။ လေးထောင့်နဲ့ အဖြောင့်လေးတွေကိုပဲ ကျွမ်းကျွမ်းကျင်ကျင်ထိုးတတ်တာပါ။ ခုလည်းအိမ်က ဆိုဖာအတွက်ထိုးဖြစ်ပါတယ်၊ အရမ်းလွယ်မယ့်အကွက်ကလေးကိုပဲ တမင်ရွေးထိုးထားတာပါ။ လက်တော့ အတော်ညောင်းသား။ နောက်အခွင့်သင့်ရင်တော့ ထိုးဖြစ်ဦးမလားပဲ။ နောက်မှပဲ ဟိုစပ်စပ်၊ဒီစပ်စပ်ဝါသနာပါတဲ့ဟာလေးတွေရေးပြပါဦးမယ်။ အဲလိုဝါသနာပါတတ်လွန်းလို့ အမျိုးသားကဘယ်လိုပြောတယ် ထင်ပါသလဲ Jack of all trades, master of none ပါတဲ့လေ :D


Saturday, August 7, 2010

Bandung Custard Cake

Ingredients for Sponge

  • -All purpose flour 60g
  • -2 Eggs
  • -water 36g
  • -Baking powder 1g
  • -Milk powder 4g
  • -Sugar 65g
  • -Margarine 18g (melted)
  • -2 drops of red coloring

Method

၁) ထောပတ်ကို အရည်ပျော်အောင်အပူပေးထားပါ။
၂) ရေနဲ့ နို့မှုန့်ကို ရောဖျော်ထားပါ။
၃) Flour/ Baking powder ကိုဇကာချထားပါ။
၎)ကြက်ဥ နဲ့ သကြားကို ribbon like stage ဖြစ်တဲ့ အထိစက်နဲ့မွှေပါ
၅) နို့နဲ့ flour mixture (၄) ထည့်ပေးပါ၊ သမအောင် ဖြေးဖြေးမွှေပါ။ အရမ်းမွှေလို့မရပါ။
၆) နံပါတ် ၅ ရဲ့ တ၀က်ကို နံပါတ် (၁)ထဲထည့်ပြီး သမအောင် မွှေပေးပါ။ ပြီးမှကျန်တာကို ဆက်ထည့်ပြီးမွှေပါ။
၇) ရလာတဲ့ မုန့်နှစ်ကို မုန့်ဖုတ်ခွက်ထဲထည့် ၊ ၁၇၀ ဒီဂရီ oven မှာ ၂၅ မိနစ်ကြာအောင်ဖုတ်ပေးပါ။ ပြီးရင် အအေးခံပါ။
၈) အအေးခံပြီးရင် ခလယ်ကနေရေပြင်ညီအတိုင်းလှီးပြီး မုန့်ဗန်းထဲမှာပထမအလွှာကို ခင်းထားလိုက်ပါ။

Custard layer ကို ပြင်ပါမယ်
-Bandung Juice 450 ml, Butter 30g၊ Sugar 60g ကို ဆူအောင်တည်ပါ။ ဆူရင်မီးကို အနည်းဆုံးမှာထားလိုက်ပါ။
-Bandung Juice 250ml/ Kwe powder 60g/ Corn flour 15g ကိုရောမွှေပြီး ခုနကဆူအောင်တည်ထားတဲ့ Bandung juice ထဲကိုထည့်ပြီး အဆက်မပြတ်မွှေပေးပါ။ ပျစ်တဲ့အနေအထားရောက်ပြီဆိုရင် ချလို့ရပါပြီ

ပြင်ဆင်ခြင်း။
ခုနကပြင်ထားတဲ့မုန့်အလွှာပေါ်မှာ Bandung Custard အနှစ်ကိုလောင်းလိုက်ပါ။ပြီးရင်နောက်မုန့်တ
စ်လွှာထပ်တင်။ Bandung Custard အနှစ်ကိုထပ်တင်။ အအေးခံပြီးရင်ကြိုက်ရာပုံလှီးပြီးစားနိုင်ပါပြီ။






မုန့်မဖုတ်ခင်

အအေးခံနေတုန်း



Monday, August 2, 2010

အမဲသားလုံး ဆီပြန် ( Beef balls with Chilli and Tomato)

အိမ်မှာ အမဲသားချက်ခဲပါတယ်။ အနံ့ မသတ်နိုင်တာရယ် ချက်ရတာ ကြာတာရယ်နဲ့ တော်တော်ကြာမှ တစ်ခါချက်ဖြစ်တာပါ။ ဒီတစ်ခါတော့ အတော်အဆင်ပြေပါတယ်။ နူးနူးညံ့ညံ့ နဲ့ အရသာအတော်ရှိပါတယ် (ဒါယောင်းမလက်ရာပါ၊ ကိုယ်ကတော့ဘေးကနေ လေ့လာသူပေါ့ :D )။ နောက်ဆိုရင်တော့ ခဏခဏချက်ဖြစ်မလားပဲ။

အမဲသားကြိတ်သား ( ၂၀၀ ဂရမ်) ကို ကြက်ဥတစ်လုံး၊ဆား လက်ဘက်ရည်ဇွန်း ၁ဇွန်း၊ ပြောင်းဖူးမှုန့် လက်ဘက်ရည် ဇွန်း ၂ဇွန်း။ ဂျင်း ၊ကြက်သွန်ဖြူ ကြိတ်ပြီးသား စားပွဲဇွန်းတစ်ဇွန်း နဲ့သမအောင်ရောနယ်ပါတယ်။ ပြီးရင် အလုံးသေးသေးလေးတွေလုံးထားလိုက်ပါ။

ကြက်သွန်ဖြူ၊ နီ၊ ဂျင်းကို ဆီသတ်ပါမယ်။ နွမ်းလာရင် ငရုပ်သီးအရောင်တင် စားပွဲဇွန်းတစ်ဇွန်း၊ ခရမ်းချဉ်သီး အရွယ်တော်တစ်လုံး (ပါးပါးလေးတွေလှီးထား) နဲ့ ခုနကအမဲသားလုံးလေးတွေထည့်၊ ငံပျာရည်ထည့်၊ အပေါ့အငံမြည်း ပြီး ဆီပြန်ရင်စားလို့ရပါပြီ။


These delicious home made beef balls were prepared by my SIL for our lunch yesterday. Though we used frozen minced meat, it is still yummy. It will be the best if you can use "the fresh" meat. You must try it out .Highly recommended :-D.

Here are the ingredients.
  • 200g of minced meat (beef,for my case)
  • a table spoon of ginger and minced garlic
  • 2 tsp of corn flour
  • 1 tsp of salt
  • 1 large egg

Mix all the ingredients and transform them into small balls. Set it aside.
Now we are going to prepare the sauce/gravy to go with the balls.

  • 1 large tomato (finely chopped)
  • a table spoon of ginger and minced garlic
  • 2 onions (finely chopped)
  • 1 tbsp of chilli powder
  • 2 tbsp of vegetable oil
  • 1 tbsp of fish sauce

Heat up the oil in the frying pan. Add in ginger and garlic first followed by chopped onions. Leave it for about 3 mins. Add in chilli powder/fish sauce and stir it well. Lastly, add in tomato and beef balls together. Add in a little bit of water and cook until the oil start to float (Stir in between). It is now ready to serve. Enjoy!