Saturday, December 29, 2012

ချက်စားဖြစ်တဲ့ ဗမာစာလေးများ


ဒါလေးတွေကတော့ ချက်စားဖြစ်တဲ့ ဗမာဟင်းလေးတွေပါ။ တစ်ခါတစ်လေတော့လည်း ဟင်းအဆန်းတွေချက်ဖြစ်သလို တစ်ခါတစ်လေတော့လည်း ရိုးရိုးလေးတွေပေါ့နော်။ ကျွန်မမြန်မာဟင်းခွက်တွေ ဆက်တိုက်ချက်ပြီဆိုရင် အိမ်သားတွေလည်း သိပါပြီ။ ဒါဒီလအတွက် လုပ်စရာရှိသော ဟင်းခွက်များပြီးသွားလို့ သူအေးအေးဆေးဆေးဖြစ်နေပြီဆိုတဲ့ အဓိပ္ပါယ်ပါပဲ :D

ခုနောက်ပိုင်းတော့ ဗမာဟင်းလေးတွေလဲ ဓာတ်ပုံရိုက်ပြီး fan page မှာတင်ဖြစ်တာ များပါတယ်။ ရိုးရိုးဆန်းဆန်း ၂ မျိုးလုံးကို ပုံလေးတွေလည်း ကြည့်ရအောင်လို့ပါ။ ခုလည်းဘလော့က သူငယ်ချင်းများ အတွက် မြန်မာဟင်းခွက်လေးတွေကိုလည်း မျှဝေလိုက်ပါတယ်။

ဒီဟင်းလေးတွေက ရေခဲသေတ္တာထဲမှာ ရှိသမျှပစ္စည်းတွေကို စုပုံရှင်းထားတဲ့ဟင်းလေးတွေပေါ့။ နေ့လည်စာ ခရုဆီပြန်၊ ပဲသီးကြက်ဥကြော်၊ ခရမ်းသီးမီးဖုတ်သုပ် နဲ့ ဘူးသီးမုန်လာချဉ်ရေ။

ခရုဆီပြန်၊ ခရုလေးတွေကို ရေးဆေးပြီးစစ်ထား၊ ကြက်သွန်ဖြူ ၅ မွှာနဲ့ ငရုပ်သီးအနီ ၃ တောင့်ကို ရောထောင်း၊ ကြက်သွန်နီ ၁ ဥကို ပါးပါးလှီးပြီးထည့်ထောင်း။ အဲဒါတွေကို ဆီမျာများနဲ့သတ်။ ကြက်သွန်နွမ်းရင် အရောင်တင် နဲနဲ နဲ့ ခရမ်းချဉ်သီး ၁ လုံး (သေးသေးလှီး) ထည့် ပြီး ခရမ်းချဉ်သီးညက်စပြုရင် ခရုလေးတွေထည့်၊ ငရုပ်သီးထည့် ဆားအချို့မှုန့်ထည့်ပြီး ရေလေးနဲနဲလေးထည့်ပြီး ဆီပြန်ရင်ရပါပြီ
ခရမ်းသီးကို ၂၂၀ ဒီဂရီအာဗင်မှာ နာရီဝက်မီးဖုတ်ပြီး ရလာတဲ့အသားကို ဆီ၊ကြက်သွန်စိမ်း၊ ဆားနဲ့ရောနယ်သုပ်ထားတာပါ။ ဆိမ့်ဆိမ့်လေးနဲ့ စားလို့ကောင်းပါတယ်။

Thursday, December 27, 2012

ကြက်ခြေထောက်ပေါင်း



အခုလာမယ့် ဇန္န၀ါရီ FOOD Magazine အတွက် အဓိက ပေးဖြစ်တဲ့ ဟင်းလျာတွေကတော့ Finger Food လိုမျိုးသရေစာတွေများပါတယ်။ တစ်ချို့တွေက blog မှာတင်ပြီးသားဖြစ်သလို မတင်ပဲ တမင်သိမ်းပေးထားတဲ့ အသစ်ကလေးတွေလဲ ပါပါတယ်။ တစ်ခါတစ်လေကျရင် အဲလိုမတင်ဖြစ်အောင် တော်တော်သတိထားရပါတယ်။ ကိုယ်ကလည်း လုပ်မိရင်တင်ချက်ချင်းတင်ချင်တာကိုးနော်။ ဥပမာ ဇန္န၀ါရီ အတွက်ဆိုရင် ကျွန်မတို့က နိုဝင်ဘာလဆန်း လောက်ကတည်းက အပြီးသတ်ရတာမျိုးပေါ့။ ဘာရယ်မဟုတ်ပေမယ့် မဂဇင်းအတွက်ရော ဘလော့အတွက်ပါ အသစ်ကလေးတွေ ဖြစ်စေချင်တဲ့ ဆန္ဒလေးကြောင့် အဲလိုဟင်းလေးတွေကို သပ်သပ် ဖယ်ပြီးစာအုပ်ထွက်မှ တင်ဖြစ်နေတာပါ။ ဒါကကြုံလို့ ပြောပြတာပါ။ ဇန္န၀ါရီအတွက်လည်း ထွက်ပြီဆိုတော့ ကျန်သေးတဲ့ finger food လေးတွေကို တဖြည်းဖြည်းတင်ပေးမယ်နော်။



ခုချက်ပြမယ့်ဟင်းပွဲလေးကတော့ dim sum ဆိုင်တွေမှာရတတ်တဲ့ ကြက်ခြေထောက်ပေါင်းပါ။ နူးအိနေအောင် ပေါင်းထားတဲ့ ကြက်ခြေထောက်ဟာ အရသာတွေစိမ့်ဝင်နေတာကြောင့် စားလို့ကောင်းလှပါတယ်။ ဆိုင်မှာမသွားပဲ အိမ်မှာအလွယ်တကူလုပ်စားနိုင်တဲ့ နည်းလေးတွေ့လာတာကြောင့် ပြန်ပြီး မျှဝေပေးလိုက်ပါတယ်။

Sunday, December 23, 2012

ခရစ်စမတ် သစ်တုံးကိတ်




ခရစ်စမတ်နီးလာပြီနော်။ ကြားထဲမှာ ၁ ရက်ပဲလိုတော့တယ်။ မနက်ဖြန်မှာ ခရစ်စမတ်နဲ့ နှစ်ကူးအတွက် ဟင်းလျာတွေ အားလုံးစုပြီါ် တင်ပေးမယ်နော်။ ခုတော့ ခရစ်စမတ်မှာ လူကြိုက်များတဲ့ နောက်မုန့်တစ်ခုကို ကြည့်လိုက်ရအောင် ။ အဲဒါကတော့  Christmas log cake ပါ။ ကိတ်ကို သစ်တုံးနဲ့ တူအောင်လုပ်ထားပြီး ခရစ်စမတ်အငွေ့အသက်ပါတဲ့ အရုပ်ကလေးတွေနဲ့ အလှဆင်လေ့ရှိကြပါတယ်။ ပုံမှန်အားဖြင့်ဆိုရင်တော့ အဲလိုမုန့်ပုံရဖို့အတွက် ခရင်မ်တွေအများကြီးသုံးရပါတယ်။ ကျွန်ကကတော့ အဲလောက် အများကြီးမထည့်ချင်တာနဲ့ ရှိတဲ့ Nutella ကို အသုံးပြုပြီး သစ်တုံးလိုအကွက်အပျောက်တွေရအောင် ဖန်တီးပါတယ်။ ဒီလိုမုန့်မျိုးလေးက ဧည့်သည်ကို မဖိတ်မီ ကြိုတင်လေ့ကျင့်ပြီးမှ လုပ်သင့်ပါတယ်။ Swiss roll က လိပ်နေကျမဟုတ်ရင် ကွဲထွက်တတ်လို့ပါ။ အချိန်အဆလေးသိသွားရင်တော့ အဆင်ပြေမှာပါ။ ဒီမှာတော့ အဆင့်ဆင့်ပုံလေးတွေနဲ့ ပြပေးထားပါတယ်။




ပါဝင်ပစ္စည်းများ


  • ကြက်ဥ အနှစ် ခု
  • ကြက်ဥအကာ ခု
  • သကြား ၇၀ ဂရမ်
  • ဂျုံ ၇၀ ဂရမ်
  • baking powder 2.5 grams
  • နွားနို့ စားပွဲဇွန်း ဇွန်း
  • ဆီ စားပွဲဇွန်း ဇွန်း
  • ဗနီလာ အနံ့ အနည်းငယ်
Nutella ချောက်ကလက် (စားပွဲဇွန်း ဇွန်းလောက်တော့လိုပါမယ်)


 




ပြင်ဆင်နည်း

  1. ပထမဆုံးကြက်ဥအကာနဲ့ သကြားကို ဖြူပြီးပွလာတဲ့အထိစက်နဲ့မွှေပေးပါ
  2. နောက်ကြက်ဥအနှစ်ကို တစ်လုံးချင်းစီထည့်ပြီး သမအောင်မွှေပေါ။
  3. ပြီးရင် ဂျုံ၊ ပွဆေးကို စကာချပြီး ရောမွှေပေးပါ
  4. ဆီ၊ နို့နဲ့ ဗနီလာ အနံ့ကိုရောမွှေပေးပြီး မုန့်နှစ်အနည်းကို လောင်းထည့်ကာ သမအောင်လုပ်ပါ။
    အဲဒီရလာတဲ့မုန့်နှစ်ကိုမှ ကျန်တဲ့မုန့်နှစ်နဲ့ရောမွှေပေးပါ.
  5. ဗန်းထဲကို ထည့်ပြီး ၁၈၀ ဒီဂရီမှာ ၁၄ မိနစ်ဖုတ်ပေးပါ။
  6. မုန့်ကျက်ရင် အာဗင်မှထုတ်ပြီး အအေးခံပါ။
  7. လုံးဝအေးပြီဆိုမှ Nutella (သို) နှစ်သက်ရာ ခရင်မ်တစ်မျိုးမျိုးကို သုတ်ပေးပြီး အသာအယာ လိပ်ပေးပါ။
  8. Swiss roll ရလာပြီဆိုရင် သုံးပုံ တစ်ပုံလောက်ကို ခပ်စောင်းစောင်းလေး ဖြတ်ပြီး Nutella ယိုသုတ်ကာ ကျန်တဲ့ Swill roll အလယ်နားမကျတစ်ကျမှာ ကပ်ပြီးဆက်ပေးပါ။
  9. အဲဒီနောက်မှတော့ Nutell ယိုကို ကတော့ချွန်လေးထဲထည့် အပေါက်ကလေးဖောက်ပြီး Swiss roll ပေါ်မှာ ညှစ်ချပါ (သစ်သားလိုင်းလေးတွေလိုဖြစ်အောင်လုပ်တာပေါ့)
  10. အားလုံးပြီးသွားပြီဆိုရင်တော့ ခရစ်စမတ် အရုပ်ကလေးတွေနဲ့ အလှဆင်ပါ

ဒါဆိုရင်တော့ ဧည့်သည်တွေကို ဧည့်ခံဖို့ သစ်တုံးကိတ်လေး အဆင်သင့်ဖြစ်နေပါပြီ။