ထောပတ်ကိတ်လုပ်စားရတာ
စားလို့ကောင်းပေမယ့် ပုံကရိုးလွန်းတယ်လို့ ထင်တဲ့သူများအတွက် ဒီဇိုင်းလေးနဲ့
ထောပတ်ကိတ်လုပ်နည်းလေး မျှဝေပေးလိုက်ပါတယ်။ ကျွန်မ ကိုယ်တိုင်လည်း
ဟင်းပွဲတွေမုန့်တွေကို အင်မတန်မှ အလှဆင်ချင်သူပါ။ မုန့်ရိုးရိုးမျိုးဆိုရင်
စားလို့အရသာရှိပေမယ့် ပြင်ဆင်လို့ သိပ်မလှတော့ဘူးထင်ရင် မလုပ်ချင်တဲ့
အကျင့်ရှိတာကြောင့် ရိုးရိုးကို အဆန်းလုပ်လို့ရမယ့် နည်းလေးတွေရှာဖြစ်ပါတယ်။
အခုနည်းလေးက
သာမန်ထောပတ်ကိတ်ကို မှအကန့်လေးတွေဖြစ်အောင် လုပ်ထားတာမို့ ရုတ်တရက်ကြည့်လိုက်ရင်
ပျောက်ကြားဒီဇိုင်းလေးလိုပါပဲ။ လုပ်ရတာလဲ ပျော်စရာကောင်းတာမို့ အားလုံးပဲ
သဘောကျနှစ်သက် နိုင်မယ်ထင်ပါတယ်။
၈လက်မx
၃.၅ လက်မ ကိတ်မုန့်တစ်လုံးစာ)
- သကြား ၁၄၀ ဂရမ်
- ထောပတ် ၁၄၀ ဂရမ်
- နွားနို့် ၅၀ မီလီလီတာ
- ကြက်ဥ ၂လုံး
- ကိုကိုးမှုန့် စားပွဲဇွန်း ၂ ဇွန်းခန့်
မုန့်မဖုတ်ခင် ဂျုံနဲ့ ဘိတ်ကင် ပေါင်ဒါကို ရောမွှေဇကာချထားပါ။
မုန့်ဖုတ်နည်း
- ပထမဆုံး ၈လက်မအရှည် ၃.၅ လက်မအကျယ်ရှိတဲ့ ဗန်းလေးကို ထောပတ်သုတ်ပြီး ဆီစိမ်စက္ကူခင်းပေးထားပါ။
- သကြားနဲ့ ထောပတ် (အခန်းအပူချိန် ခပ်ပျော့ပျော့) ကို ပွလာအောင် စက်နဲ့ သို့မဟုတ် မွှေတံလေးနဲ့ မွှေပေးပါ
- အေ၇ာင်ခပ်ဖြူဖြူဖြစ်လာပြီဆိုရင် ကြက်ဥကိုထည့်ပေးပါ
- ခုနကဂျုံအရောကို ၃ ခါခွဲပြီး ထည့်မွှေပေးရပါမယ်
- ပထမဆုံးဂျုံကို ထည့်ပြီးရင် နွားနို့တစ်ဝက်ကို ထည့်မွှေပါ။ ပြီးမှ ကျန်တဲ့ဂျုံကို တစ်ခါထပ်ထည့်ပြီး သမအောင်မွှေပြီး ကျန်တဲ့နွားကိုထည့်မွှေပြီး နောက်ဆုံးပိတ်ဂျုံကို ထည့်မွှေပေးပါ။
မုန့်အကွက်ဖော်နည်း
- ဂျုံမွှေလို့ပြီးလို့ မှုန့်နှစ်ရလာပြီဆိုရင် ဇွန်းနဲ့ ယူပြီး ပုံပါအတိုင်း ၄ ၊ ၅ ခုလောက်ချပေးပါ
- နောက် ကိုကိုးမှုန့်ကို စကာနဲ့စစ်ပြီး မုန့်နှစ်တွေကို အုပ်သွားအောင် နေရာအနှံဖြူးလိုက်ပါ
- ကိုကိုးမှုန့်တွေ အုပ်သွားပြီဆိုရင် နောက်ထပ်မုန့်နှစ်လေးတွေကို ဇွန်းနဲ့ထပ်ချပေးပါ
- ကိုကိုးမှုန့် ထပ်အုပ်ပေးပါ။ အဲဒီနည်းအတိုင်း မုန့်သားကုန်အောင် လုပ်သွားပါ
- နောက်ဆုံးအလွှာကိုတော့ ကိုကိုးမှုန့် မအုပ်ပဲ ဒီတိုင်းထားပြီး၁၇၀ဒီဂရီ အပူပေးထားတဲ့ အာဗင်မှာ ၃၅ မိနစ်ခန့်ဖုတ်ပါ။
- မုန့်ကျက်မကျက်ကို တုတ်လေးနဲ့ မုန့်ခလယ်တည့်တည့်ကို ထိုးကြည့်ပါ။ မုန့်နှစ်ကပ်မပါလာရင် ရပါပြီ။