ပါဝင်ပစ္စည်းများ (မုန့် ၁၀ခုစာ)
- ထောပတ် ၁၂၀ဂရမ်
- သကြား ၁၀၀ ဂရမ်
- ကြက်ဥ ၂ လုံး
- ဂျုံ ၁၂၀ ဂရမ်
- Baking powder ၄ ဂရမ်
- နွားနို့ စားပွဲဇွန်း ၂ ဇွန်း
- ချောကလက်စေ့အနည်းငယ်
- အနီရောင် Food Color - လက်ဖက်ရည်ဇွန်း တစ်ဝက်ခန့်
·
Cream အတွက်
- Non Dairy Whipping Cream ၁၅၀ ဂရမ်
- အစိမ်းရောင် Food color ၂ စက်ခန့်
(ဖရဲသီးအခွံခရင်မ်ပြုလုပ်ရန်အတွက်
၂ခုကိုရောမွှေကာ ခရင်မ်ဖြစ်သည်အထိ စက်ဖြင့်ခေါက်ထားပါ)
လုပ်နည်းအဆင့်ဆင့်
- ဂျုံ၊ baking powderု ကို စကာ ချထားပါ။
- ပထမဆုံး သကြားနဲ့ ထောပတ် (အခန်းအပူချိန် ခပ်ပျော့ပျော့) ကို ပွလာအောင် မွှေပေးပါ။
- ကြက်ဥကို တစ်လုံးချင်းထည့်ပြီး သမအောင် ထည့်မွှေပေးပါ။
- ဂျုံ နဲ့ နို့ကို သကြားထောပတ်အရောထဲ ထဲ့မွှေပေးပါ။ ဂျုံ- နို့-ဂျုံ-နို့-ဂျုံ အစီအစဉ်အတိုင်းထည့်မွှေပေးပါ ။
- နောက်ဆုံးမှ အနီရောင် Food coloring နဲ့ ချောကလက်ကိုရောမွှေပေးပါ။
- ထို့နောက်မုန့်ဖုတ်မည့် ခွက်များထဲကို ထည့်ပြီး ၁၇၀ ဒီဂရီ တွင် ၁၈ မိနစ် ဖုတ်ပေးပါ။
- မုန့်ကျက်မကျက်ကိုသိရန် cake skewer ဖြင့် မုန့်ခလယ်တည့်တည့်ကို ထိုးကြည့်ပါ။ မုန့်နှစ်ကပ်မပါလာရင် ရပါပြီ။
- မုန့်များကို အအေးခံကာ အစိမ်းရောင်ခရင်မ်ဖြင့် အလှဆင်ပါ။
- ဖရဲသီးဒီဇိုင်း cupcake များရပါပြီ