Custard ကိတ်မုန့်လုပ်နည်းလေး
တစ်ခုကို မျှဝေပေးချင်ပါတယ်။ မုန့်သားမွမွကို အလယ်က custard
ယိုနဲ့ထာပနာထားတာကြောင့် အရသာလည်းရှိပါတယ်။
ပါဝင်ပစ္စည်းများ
- ထောပတ် ၁၂၅ ဂရမ်
- သကြား - 1/3 cup
- ကြက်ဥ ၁ လုံး
- Self raising Flour – ¾ cup
- Custard powder – ½ cup
- ဗနီလာ အနံ့ - လက်ဖက်ရည်ဇွန်း တစ်ဝက်
- နွားနို့ - စားပွဲဇွန်း ၂ ဇွန်း
Custard ယိုအတွက်
- Custard powder – စားပွဲဇွန်း ၁ ဇွန်း
- သကြား -စားပွဲဇွန်းတစ်ဇွန်း
- နွားနို့ - 2/3 cup
- ထောပတ် ၁၅ ဂရမ်
- ဗနီလာ အမွှေးနံ့ - လက်ဖက်ရည် ၁ ဇွန်း
ယိုအတွက် ထောပတ်နှင့်
ဗနီလာ အနံ့မှလွဲ၍ ကျန်သောပစ္စည်းများအားလုံး ရောမွှေပါ။ ပျစ်လာသည်အထိ မွှေပါ။
ထို့နောက် မီးပိတ်ကာ ထောပတ်၊ ဗနီလာ အနံ့များရောမွှေကာ အအေးခံပါ
မုန့်ပြုလုပ်နည်း
- နွားနို့ နှင့် ဗနီလာ အမွှေးနံ့ကို သမအောင်ရောမွှေထားပါ။
- ထောပတ်နှင့် သကြားကို ဖြူပြီးပွလာသည်အထိ စက်ဖြင့်မွှေပါ။
- ကြက်ဥကိုလည်း ရောထည့်ကာ သမအောင်မွှေပါ။
- ဂျုံ ၂ မျိုးကိုရောပြီးစကာချကာ ထောပတ်၊သကြားအရောထဲထည့်မွှေပါ။(နွားနို့နှင့် ဂျုံကို တလှည့်စီထည့်ကာ သမအောင်မွှေပါ)။
- ထို့နောက် ဆီစိမ်စက္ကူခင်းထားသော ၇ လက်မအချင်းရှိဗန်းဝိုင်းတွင် မုန့်သားတစ်ဝက်ကို ထည့်ပါ။
- အအေးခံထားသော custard ယိုကို အလယ်တွင်ခင်းပါ။
- ထို့နောက် ကျန်သော မုန့်သားကို အပေါ်မှထပ်အုပ်ကာ မျက်နှာပြင် ညှိပြီး ၁၇၀ ဒီဂရီ အပူပေးထားသော အာဗန်တွင် နာရီဝက်ဖုတ်ပေးပြီး အေးမှ သုံးဆောင်ပါ