Showing posts with label Bread. Show all posts
Showing posts with label Bread. Show all posts

Sunday, May 1, 2016

Strawberry Buns


စတော်ဘယ်ရီအရသာနဲ့ ပေါင်မုန့်အချို အရသာ ၂ မျိုးပေါင်းထားပြီး လိုက်ဖက်လွန်းတာကြောင့် ကော်ဖီချိန်အတွက် သင့်တော်ပါတယယ်။
ပါဝင်ပစ္စည်းများ (ပေါင်မုန့် အသေး ၁၀ ခုစာ)

အစု (၁)
• ပေါင်မုန့်ဂျုံ ၂၃၀ ဂရမ်
• Yeast ၅ ဂရမ်
• ရေ ၁၇၀ မီလီလီတာ
 

အစု (၂)
• ကြက်ဥ ၂၀ ဂရမ် (ခေါက်ပြီးသား)
• သကြား ၆၀ ဂရမ်
• ဆား ပါရုံမျှ
• ရေအေး ၂၅ ဂရမ်
• Yeast ၂.၅ ဂရမ်


အစု (၃)
• ထောပတ် ၃၀ ဂရမ် (အခန်းအပူချိန်)
• ပေါင်မုန့်ဂျုံ ၁၀၀ ဂရမ်
စတော်ဘယ်ရီ Topping
• ခပ်ပါးပါးလှီးထားသော စတော်ဘယ်ရီသီး အနည်းငယ်
• Bread crumb အနည်းငယ်
• Icing sugar ကိုရေနဲနဲနဲ့ ခပ်ပျစ်ပျစ်ကလေး ရအောင်ဖျော်ထားပါ။


ပြုလုပ်နည်း
ပထမဆုံး အစု (၁)ကို ရောမွှေပြီး ၁ နာရီခွဲထားပေးပါ
နောက် အစု (၂) နဲ့ အစု (၃) -ဂျုံ ကို ရောထည့်ပြီး ၇ မိနစ်လောက်မွှေပါ။
နောက်ထောပတ် ကိုပါထည့်ပြီး ဂျုံသား ချောမွတ်အောင် နယ်ပေးပါ (၂၀ ကနေ ၂၅ မိနစ်လောက်နယ်ရပါမယ်)
၁၀ မိနစ်လောက် ဂျုံသားကို ဒီတိုင်းထားပေးပါ
နောက် ၁၀ ပိုင်း အညီအမျှဖြတ်ပြီး တစ်ပိုင်းစီကို ပုံပါအတိုင်းအ၀ိုင်းများ ပုံသွင်းပြီးပွလာအောင် မိနစ် ၄၀ထားပေးပါ။

မုန့်ဖုတ်ကာနီးမှ အလယ်ကို ချိုင့်ခွက်လေးများဖြစ်အောင် လက်ဖြင့်ဖိချကာ စတော်ဘယ်ရီသီးများတင်ပါ။
နောက် ကြက်ဥရည်ကို Brush လေးနဲ့သုတ်ပေးပြီး bread crumb ဖြူးကာ ၁၇၀ ဒီဂရီအာဗင်မှာ ၁၅ မိနစ်ဖုတ်ပေးပါ။


လုံးဝအေးသွားမှ icing sugar အရည် ဆမ်းပေးပါ။
ဆိုင်ကရောင်းတာထက်ပိုပြီး လတ်ဆတ်တဲ့ အိမ်လုပ်ပေါင်မုန့်လေး အသင့်ဖြစ်ပါပြီ

** Bread design adapted from Tablefor2ormore. 

မုန့်လုပ်နည်းအဆင့်ဆင့်အတွက်

https://www.facebook.com/evyktichen/posts/962171263832176

Wednesday, April 27, 2016

Pull Apart Wholemeal Buns




ဒါလေးတွေကတော့ ဂျုံကြမ်းနဲ့လုပ်ထားတဲ့ pull apart buns လို့ခေါ်တဲ့ ပေါင်မုန့်လေးတွေပါ။
မုန့်ပေါ်မှာ ကြောင်ရုပ်ကလေးတွေပုံဆွဲထားတာကြောင့် ခလေးတွေ ကြိုက်ကြမယ့် မုန့်တစ်မျိုးဆိုရင်လည်းမမှားပါဘူး။

ပါဝင်ပစ္စည်းများ (ပေါင်မုန့် အသေး ၁၀ ခုစာ)
အစု (၁)
  • ပေါင်မုန့်ဂျုံ ၁၈၀ ဂရမ်
  • ဂျုံကြမ်း ( wholemeal flour)  ၅၀ ဂရမ်
  • Yeast  ၅ ဂရမ်
  • ရေ ၁၇၀ မီလီလီတာ
အစု (၂)
  • ကြက်ဥ ၂၀ ဂရမ် (ခေါက်ပြီးသား)
  • သကြား ၆၀ ဂရမ်
  • ဆား ပါရုံမျှ
  • ရေအေး ၂၅ ဂရမ်
  • Yeast  ၂.၅ ဂရမ်

အစု (၃)
  • ထောပတ် ၃၀ ဂရမ် (အခန်းအပူချိန်)
  • ပေါင်မုန့်ဂျုံ ၄၀ ဂရမ်
  • ဂျုံကြမ်း ( wholemeal flour)  ၆၀ ဂရမ်



ပြုလုပ်နည်း
ပထမဆုံး အစု (၁)ကို ရောမွှေပြီး ၁ နာရီခွဲထားပေးပါ
နောက် အစု (၂) နဲ့ အစု (၃) -ဂျုံ ကို ရောထည့်ပြီး ၇ မိနစ်လောက်မွှေပါ။
နောက်ထောပတ်  ကိုပါထည့်ပြီး ဂျုံသား ချောမွတ်အောင် နယ်ပေးပါ (၂၀ ကနေ ၂၅ မိနစ်လောက်နယ်ရပါမယ်)
၁၀ မိနစ်လောက် ဂျုံသားကို ဒီတိုင်းထားပေးပါ
နောက် ၁၀ ပိုင်း အညီအမျှဖြတ်ပြီး တစ်ပိုင်းစီကို ပုံပါအတိုင်းအ၀ိုင်းများ ပုံသွင်းပြီး လေးထောင့်ဗန်းတွင် စီကာ ပွလာအောင် မိနစ် ၄၀ထားပေးပါ။ 


၉ခုကိုပဲ အ၀ိုင်းပုံသွင်းကာ ကျန်တစ်ပိုင်းဖြင့် ကြောင်နားရွက်အတွက် အလုံးသေးများ ၁၈ခုလုံးကာ ပေါင်များပေါ်တွင်တင်ပါ။
မုန့်သား ၂ ဆပွလာလျှင် ကြက်ဥရည်ကို Brush လေးနဲ့သုတ်ပေးပြီး ၁၈၀ ဒီဂရီအာဗင်မှာ ၂၅ - ၃၀ မိနစ်ခန့်ဖုတ်ပေးပါ။

လုံးဝအေးလျှင် ချောကလက်ရည်ကိုသုံးကာ ကြောင်မျက်နှာပုံဖော်ပါ။
ချစ်စရာကောင်းသော ကြောင်ပုံပေါင်မုန့်များ အသင့်ဖြစ်ပါပြီ။


Friday, October 2, 2015

Chia Seed Bread





Chia Seed Bread
Whole meal bread လိုပဲ စားလို့ကောင်းလှတဲ့ Chia Seed Bread ပါ။ ကျန်းမာရေးနဲ့လည်း ညီညွတ်ပါတယ်။

ညသိပ်ဂျုံသားအတွက်
  • ပေါင်မုန့်ဂျုံ  ၅၀ ဂရမ်
  • Yeast လက်ဖက်ရည်ဇွန်း ၈ ပုံ ၁ ပုံ
  • ရေ ၃၀ ဂရမ်
Yeast နဲ့ ရေ ၁၀ ဂရမ်ကို အရင် ဖျော်ထားလိုက်ပါ။ ပြီးမှကျန်တဲ့ ဂျုံနဲ့ ရေကို ထည့်ပြီး မုန့်သားရအောင် နယ်ပါ။
နောက် ပလတ်စတစ်အပါးနဲ့ ထုပ်ပြီး ရေခဲသေတ္တာထဲမှာ ၁ ညသိပ်ပေးပါ။

ပါဝင်ပစ္စည်များ
  • ပေါင်မုန့်ဂျုံ  ၂၇၀ ဂရမ်
  • သကြားအညို ၁၇ ဂရမ်
  • ဆား ၅ ဂရမ်
  • Yeast ၅ ဂရမ်
  • ညသိပ်ဂျုံသား ၆၀ ဂရမ်
  • နွားနို့ ၁၇၀ ဂရမ်
  • ပျားရည် လက်ဖက်ရည် ၁ ဇွန်း
  • ထောပတ် ၂၀ ဂရမ်
  • ပွလာအောင် နွားနို့နှင့် တစ်ညစိမ်ထားသော Chia Seed စားပွဲဇွန်း ၂ ဇွန်း

















ပေါင်မုန့်ပြုလုပ်နည်း


  1. ထောပတ်ကလွဲလို့ ကျန်တဲ့ ပစ္စည်းများအားလုံးကို ရောမွှေကာ နယ်ပေးပါ။
  2. ၁၀ မိနစ်လောက်ကြာလို့ ဂျုံသားရလာပြီဆိုရင်တော့ နောက်ဆုံးမှ ထောပတ်နဲ့ Chia Seed ကိုထည့်မွှေပြီး နယ်ပေးပါ
  3. Window pane test ရတဲ့အထိမွှေရပါမယ် ။ အချိန် မိနစ် ၂၀ လောက်ကြာပါတယ်။
  4. ဒါဆိုရင်မုန့်သားအဆင်သင့်ဖြစ်ပါပြီ။ ရလာတဲ့မုန့်သားကို ဆီဆွတ်ထားတဲ့ ဇလုံတစ်ခုထဲမှာ အဖုံးအုပ်ပြီး ၂ ဆဖြစ်လာတဲ့အထိထားပါ
  5. ၁ နာရီလောက်နေပြီး မုန့်သားပွလာပြီဆိုရင် ပြန်ဖိချပြီးလေတွေကို ထွက်အောင်လုပ်ပေးပါ
  6. ၁၀ မိနစ်လောက် ခဏစောင့်ပြီး မှ ဂျုံသားကို  ၃ပိုင်းပိုင်းကာ တစ်ပိုင်းစီကို လက်နဲ့ဖိ၊လိပ်ပေးကာာမုန့်ဖုတ်မယ့် ဗန်းမှာ ပုံပါအတိုင်းထည့်ပေးပါ
  7. ဗန်းပြည့်လုနီးပါး ပွလာရင် အဖုံးဖုံးပေးပြီး  ၁၇၀ ဒီဂရီအာဗင်မှာ မိနစ် ၄၀ ဖုတ်ပေးပါ။
  8. အာဗင်မှ ထွက်ထွက်ခြင်း ဗန်းထဲကထုတ်ကာ wire rack ပေါ်မှာ အအေးခံပေးပါ
    လုံးဝအေးမှ လှီးပြီးသုံးဆောင်ပါ။

Tuesday, June 23, 2015

Prawn Pizza Bread




Pizza အောက်ခံကို ရိုးရိုးပေါင်မုန့်နဲ့ လုပ်ထားတာပါ။ တစ်ယောက်တစ်ခုစာ အနေတော်လေးတွေပေါ့။ ဆီပူထိုးထားတဲ့ ပုစွန်လေးနဲ့ ပန်းငရုပ်ပွကိုပဲ topping အဖြစ်ရိုးရိုးလေး သုံးထားပါတယ်။

ပါဝင်ပစ္စည်းများ
·         ဆီပူထိုးထားသော ပုစွန်အနည်းငယ်
·         ခရမ်းချဉ်သီးဆော့စ်
·         ပန်းငရုပ်ပွ အနည်းငယ်
·         mozzarella cheese
·         ငရုပ်ကောင်း
·         ဆား



ပြင်ဆင်နည်း
·         အောက်ခံပေါင်မုန့်သားမှာ ခရမ်းချဉ်သီးဆော့စ်ကို ပုံပါအတိုင်းခပ်ပါးပါးဖြန့်ပေးပါ။
·         ပုစွန်၊ ပန်းငရုပ်ပွများနဲ့ ချိစ်ကိုလည်းတင်ပေးပါ။
·         ငရုပ်ကောင်း၊ ဆားဖြူးကာ ၁၉၀ ဒီဂရီအပူပေးထားသော အာဗန်တွင် ၁၅ မိန်ခန့်ဖုတ်လိုက်ရင်တော့ လွယ်ကူတဲ့ တစ်ယောက်စာ pizza များရနိုင်ပါပြီ။

Thursday, May 14, 2015

Mushrooms Pizza




လွယ်ကူမြန်ဆန်တဲ့ pizza လုပ်နည်းလေးကြည့်ကြရအောင်။ ပုံမှန် pizza အတွက်သုံးတဲ့ အောက်ခံမုန့်သားကို မသုံးပဲ  wrap လုပ်စားတဲ့ tortilla အပြားကို အစားထိုးသုံးထားတာပါ။ ကျွန်မကတော့ ဒီလိုခပ်ပါးပါး မုန့်သားကို ပုံမှန်pizza မုန့်သားအထူကြီးတွေထက်ပိုပြီး နှစ်သက်တာ အမှန်ပါပဲ။ မုန့်သားကလည်း အဆင်သင့်ဆိုတော့ pizza တစ်ခုလုံးမှ ၁၅ မိနစ်လောက်ပဲ အချိန်ကြာပါတယ်။ လုပ်ပြပေးထားတဲ့ pizza ကတော့ မှိုကိုပဲသုံးထားပါတယ်။ Pizza မှာအဓိကကျတာကတော့ mozzarella cheese လို့ခေါ်တဲ့ ချိစ်အပျော့စားမျိုးပါပဲ။ အဲဒီချိစ်ပါမှာ အမျှင်တွေထွက်ပြီး တကယ့်pizza အရသာထွက်ပါတယ်။ စားလို့လည်းတော်တော်ကာင်းပါတယ်။ လတ်လတ်ဆတ်ဆတ်စားရတဲ့ အိမ်လုပ် Pizza ကို ဆိုင်က တကူးတကမှာစားရတာနဲ့ မလဲနိုင်ပါဘူး။ လုပ်စားကြည့်ရင်သိလိမ့်မယ်နော်။


ပါဝင်ပစ္စည်းများ
·         Wholemeal Tortilla
·         ခရမ်းချဉ်သီးဆော့စ်
·         မှို
·         ပန်းငရုပ်ပွ အနည်းငယ်
·         mozzarella cheese
·         ငရုပ်ကောင်း
·         ဆား



ပြင်ဆင်နည်း
·         အောက်ခံမုန့်သားမှာ ခရမ်းချဉ်သီးဆော့စ်ကို ပုံပါအတိုင်းခပ်ပါးပါးဖြန့်ပေးပါ။
·         မှို၊ ပန်းငရုပ်ပွများနဲ့ ချိစ်ကိုလည်းတင်ပေးပါ။
·         ငရုပ်ကောင်း၊ ဆားဖြူးကာ ၁၉၀ ဒီဂရီအပူပေးထားသော အာဗန်တွင် ၁၅ မိန်ခန့်ဖုတ်လိုက်ရင်တော့ အရသာရှိတဲ့ pizza ရနိုင်ပါပြီ။