နေ့လယ်နေ့ခင်း ကော်ဖီချိန်အတွက်ဆိုရင်တော့ နူးညံ့ပြီး အရသာရှိလှတဲ့
နှစ်ထပ်ကွမ်းချောကလက်ကိတ်ကို ရွေးချယ်ချင်ပါတယ်။ လုပ်ရတာလွယ်ကူမြန်ဆန်ပြီး ချောကလက်မုန့်သားရယ်
ချောကလက်ခရင်မ်ရယ်တွဲဖက်ညီလွန်းတာကြောင့် ချောကလက်ချစ်သူများ နှစ်သက်ကြမှာ အသေအချာအာမခံရဲပါတယ်။
ပါဝင်ပစ္စည်းများ
·
နို့မပါသော ကော်ဖီခါးတစ်ခွက် ( 1
Cup)
·
ချောကလက် semi
sweet - ၈၅ ဂရမ်
ကော်ဖီပူပူထဲကို ချောကလက်ထည့်ကာ ပျော်အောင်ထားကာ အအေးခံထားပါ။
- · ကြက်ဥ ၂ လုံး
- · Sunflower oil 0.5 cup
- · Butter milk 1 cup
- · ဗနီလာအနံ့ လက်ဖက်ရည်ဇွန်း တစ်ဝက်
- · သကြား ၁ခွက်နဲ့ တစ်ဝက်
- · Self raising flour – 1 ¾ Cup
- · ကိုကိုးမှုန့် - 1 cup
- · ဆိုဒါ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- · ဆား အနည်းငယ်
ပြုလုပ်နည်း
- · ဂျုံ၊ ကိုကိုးမှုန့်။ ဆိုဒါ များကို စကာစစ်ထားပါ
- · ကြက်ဥကို ပွလာအောင် ခေါက်ပါ
- · အရည်ပစ္စည်းများဖြစ်တဲ့ အအေးခံထားသော ကော်ဖီ၊ ချောကလက် အရော၊ ဆီ၊ နို့၊ ဗနီလာအနံ့ကို ရောမွှေထည့်ပါ။
- · ထို့နောက် စကာစစ်ထာသေား ဂျုံအရောကို မွှေထည့်ပေးပါ။
- · ရလာသော မုန့်နှစ်ကို ခွက်များထဲခွဲထည့်ကာ ၁၈၀ ဒီဂရီ အပူပေးထားသော အာဗန်တွင် ၂၂ မိနစ်ခန့်ဖုတ်ပေးပါ။
ချောကလက်ခရင်မ်ပြုလုပ်နည်း
·
Whipping
Cream 100 ဂရမ်
·
ထောပတ် ၂၀ ဂရမ်
·
ချောကလက် ၂၀၀ ဂရမ်
ပါဝင်ပစ္စည်းများအားလုံးကို
ပျော်သွားအောင် မိုက်ခရိုဝေ့ဖ်နဲ့ အပူပေးပါ။ လုံးဝအေးသည်အထိ အအေးခံပြီးမှ
မုန့်ပေါ်တွင်လိုသလို အလှဆင်ပါ။