Showing posts with label Christimas. Show all posts
Showing posts with label Christimas. Show all posts

Thursday, November 28, 2013

ခရစ်စမတ်ဦးထုပ်ကိတ်






ဒီဇင်ဘာနားနီးပြီဆိုတော့ ခရစ်စမတ်အတွက် မုန့်လုပ်နည်းများရှယ်ပါဦးမယ်။ ဒါကတော့ FOOD Magazine ဒီဇင်ဘာလထုတ် အတွက်ရေးပေးထားတဲ့ မုန့်လုပ်နည်း တစ်မျိုးပါ
+++++++++++++++++++++++++++++++++++
ဒီဇင်ဘာရောက်ပြီဆိုတော့ နှစ်သစ်ကူး၊ ခရစ်စမတ် အငွေ့အသက်ပါတဲ့ မုန့်လေးတွေလုပ်ဖို့ အချိန်ရောက်လာပါပြီ။ ဒီလိုမုန့်လေးတွေဆိုတာလည်း သူ့ရာသီအလိုက်ပဲ လုပ်ဖို့ကောင်းတာပါ။ နောက်ပြီး ပျော်ပွဲရွှင်ပွဲ လုပ်မယ်ဆိုရင်လည်း ရာသီအလိုက်လုပ်ထားတဲ့ မုန့်လေးတွေက ပွဲကိုပိုပြီး အသက်ဝင်စေပါတယ်။ ဒီမုန့်မှာတော့ ချောကလက်ကိတ်နဲ့ စတော်ဘယ်ရီကို ခရင်မ်ချိစ် icing နဲ့တွဲစပ်ပြီး Santa Clause ဦးထုပ်သဖွယ် ဖန်တီးပေးထားပါတယ်။

ပါဝင်ပစ္စည်းများ
  • ထောပတ် ၆၀ ဂရမ်
  • သကြား ၅၀ ဂရမ်
  • ဂျုံ ၅၀ ဂရမ်
  • ကိုကိုးမှုန့် စားပွဲဇွန်း ၁ ဇွန်းမောက်မောက်
  • ဘိတ်ကင်ပေါင်ဒါ လက်ဖက်ရည် ဇွန်းသုံးပုံတစ်ပုံ
  • ကြက်ဥ ၁ လုံး
  • နို့စိမ်း စားပွဲဇွန်း ၁ဇွန်း
  • စတော်ဘယ်ရီသီးအနည်းငယ်
လုပ်နည်းအဆင့်ဆင့်
  1. ဂျုံ၊ ပွဆေး နဲ့ ကိုကိုး မှုန့်ကို စကာ ချထားပါ
  2. သကြားနဲ့ ထောပတ်ကို ပွအောင်မွှေပါ
  3. ကြက်ဥကို  သမအောင် ထည့်မွှေပေးပါ။
  4. ဂျုံ နဲ့ နို့ကို သကြားထောပတ်အရောထဲ ထဲ့မွှေပေးပါ။ အရင်တုန်းက လုပ်နည်းတွေအတိုင်း ဂျုံ- နို့-ဂျုံ-နို့-ဂျုံ အစီအစဉ်အတိုင်းထည့်မွှေပေးပါ
  5. ပြီးရင် မုန့်ဖုတ်မယ့် Muffin ခွက်အသေး (Mini Muffin) ခွက်လေးများထဲကို ထည့်ပြီး ၁၆၀ ဒီဂရီမှာ ၁၅ မိနစ် ဖုတ်ပေးပါ။
  6. အာဗင်မှထုတ်ပြီး အအေးခံထားပါ။


ခရင်မ်ချိစ် Icing
  • ထောပတ် ၅၀ဂရမ်
  • ခရင်မ်ချိစ် ၈၀ ဂရမ်
  • ပေါင်ဒါသကြား ၁၀၀ ဂရမ်
  • ဗနီလာအနံ့ လက်ဖက်ရည် ၁ ဇွန်း
အားလုံးကို သမအောင် စက်နဲ့ခေါက်ထားပေးပါ။


မုန့်အလှဆင်ခြင်း
  • ကိတ်မုန့်တစ်ခုစီကို  ခရင်မ်ချိစ် Icing စားပွဲဇွန်းတစ်ဇွန်းခန့်စီသုတ်လိမ်းပါ။
  • နောက် စတော်ဘယ်ရီသီးကို တင်ပေးပါ။
  • စတော်ဘယ်ရီသီးထိပ်မှာ ခရင်မ်ချိစ် အနည်းငယ် ထပ်တင်ကာ ဦးထုပ်ပုံဖြစ်အောင် ပြုလုပ်ပေးပြီးရင်တော့ ခရစ်စမတ်ကိတ်လေး အသင့်ဖြစ်ပါပြီ