Thursday, August 29, 2013

Sponge Gel/ cake stabilizer အကြောင်းသိကောင်းစရာ



Photo Courtesy of Google Image
တစ်နေ့က ကျွန်မဆီကို Email နဲ့ပို့ပြီးမေးထားတဲ့ မေးခွန်းလေး တစ်ခုကိုပြန်ပြီးမျှဝေပေးချင်ပါတယ်။ မုန့်တွေထဲမှာ ထည့်တဲ့ Sponge Gel လို့ခေါ်တဲ့ ပစ္စည်းလေးအကြောင်းပါ။ အဲဒီပစ္စည်းသုံးရင် ဘယ်လိုဖြစ်မလဲဆိုတဲ့ မေးခွန်းလေးပါ။
 

Sponge Gel/ cake stabilizer  လို့ခေါ်တဲ့ ကိတ်မှာသုံးတဲ့ Gel ကို Sponge Cake မှာပဲသုံးတာတွေ့ဖူးပါတယ်။ သူ့ရဲ့ကောင်းကျိုးများကတော့

၁) မုန့်နှစ်ကိုထူထဲစေပြီး ပိုပြီးအမွှေခံပါတယ်။ များသောအားဖြင့် sponge cake မုန့်နှစ်က ကိုင်တွယ်ရနဲနဲခက်ပြီး မလုပ်တတ်ရင် ပျက်နိုင်ပါတယ်။
၂) cake stabilizer ထည့်ခြင်းအားဖြင့် မုန့်သားထွက်လာတဲ့ အခါမှာလည်း ပိုပြီး နူးညံ့စေပါတယ်
၃) ရိုးရိုးsponge cake ကဲ့သို့ မုန့်ချက်ခြင်းဖုတ်စရာမလိုပဲ မုန့်နှစ်ကို ရေခဲသေတ္တာထဲမှာ တစ်ညသိပ်ထားပြီးနောက်နေ့မှ မုန့်ဖုတ်ရင်လဲ အရသာမပျက်ပါဘူး။
ဒါတွေကတော့ ကျောင်းမှာသင်ခဲ့ဖူးခဲ့တဲ့ အချက်တွေနဲ့ လက်တွေ့လုပ်ခဲ့ရတာလေးတွေပါ။ sponge gel နဲ့ ပတ်သက်ပြီး တခြားသိထားတာများရှိရင်လည်း မျှဝေဖို့ ဖိတ်ခေါ်ပါရစေနော်။

1 comment:

Unknown said...

မုန့်​လုပ်​ဆိုင်​​တွေမှာ​ရောင်း​နေတဲ့ အကြည်​​ရောင်​​ကော်​လိုမျိုး ဟာနဲ့အတူတူလား..cake လုပ်တာထည့်​ရင်​ ကျိုးပြတ်​ ပျက်​စီး​အောင်​ထည့်​ရတဲ့ဟာ​လေ sp လို့​ခေါ်တယ်​..စားလိုက်​ရင်​ ဆိုးကျိုးရှိလား