Showing posts with label Pastry. Show all posts
Showing posts with label Pastry. Show all posts

Monday, May 30, 2016

Shortbread




ဒီမုန့်ကို အိမ်မှာလုပ်ကြည့်ပြီးရင်တော့ အပြင်က ဘီစကစ်မုန့်တွေ ၀ယ်စားချင်တော့မယ် မထင်ပါဘူး။ အဲလောက်တောင် အရသာရှိပြီး လွယ်ကူတဲ့ မုန့်ပါ။

ပါဝင်ပစ္စည်းများ
  • ဂျုံ- ၁၅၀ ဂရမ်
  • ဆန်မှုန့် - ၆၅ ဂရမ်
  • Baking Powder - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  • ဆား - ပါရုံမျှ
  • ထောပတ်- ၁၅၀ ဂရမ်
  • သကြား-  ၁၀၀ ဂရမ်
လုပ်နည်း
  1. ပထမဆုံး ဂျုံမှုန့်၊ ဆန်မှုန့်နဲ့ baking powder ကို စကာချထားပါ။
  2. သကြားနဲ့ ထောပတ်ကို ပွလာအောင်ခေါက်ပါ။
  3. ဂျုံအရောကို သမအောင် ထည့်မွှေပါ
  4. ထောပတ်သုတ်ထားသော ၈လက်မဗန်းထဲကို မွှေထားတဲ့ မုန့်နှစ်များကိုလောင်းချပေးပါ။ မုန့်သားကခပ်သိပ်သိပ်ကျစ်ကျစ်ပါပဲ။
  5. ပိုသိပ်သွားအောင် လက်ဖြင့်အသာအယာဖိပါ။
  6. ပုံပါအတိုင်းခက်ရင်းဖြင့်ဖောက်ကာ အရာများပေးပြီး ၁၆၀ ဒီဂရီ oven မှာ မိနစ် ၅၀ လောက်ဖုတ်ပေးပါ။ 
 
  1. အာဗန်ထဲမှထုတ်ထုတ်ခြင်း ပေးထားသောအရာအတိုင်းပြတ်အောင် လှီးဖြတ်ပြီးမှ အအေးခံပါ။
 
  1. အအေးခံပြီးရင်တော့ အရသာကောင်းတဲ့ Shortbread များအသင့်ဖြစ်ပါပြီ။

Wednesday, November 4, 2015

Butter Cookies




ထောပတ်နံ့ တသင်းသင်းနဲ့ ဆိမ့်ပြီး အရသာကောင်းတဲ့ ကွတ်ကီးလုပ်နည်း ကိုဝေမျှပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
·         ထောပတ် ၁၆၀ ဂရမ်
·         ဂျုံ ၂၃၀ ဂရမ်
·         Icing sugar  ၃၀ ဂရမ်
·         ရိုးရိုးသကြား ၅၀ ဂရမ်
·         ကြက်ဥအကာ စားပွဲဇွန်း တစ်ဇွန်းခန့်


1.    ထောပတ်ကို အတုံးငယ်များရအောင် အရင်တုံးထားပါ
2.    သကြား၊ ဂျုံ များကိုရောမွှေကာ ထောပတ်ထည့်က ခက်ရင်းဖြင့်သမအောင်မွှေပါ
3.    ထောပတ်နဲ့ ဂျုံရောက အခဲမွမွလေးများဖြစ်လာရင် ကြက်ဥအကာကိုထည့်ပေးကာ သမအောင် လက်ဖြင့် အသာအယာနယ်ပါ။
4.    ရေခဲသေတ္တာထဲတွင် ၁၀ မိနစ်ခန့်ထားပြီးမှ မိမိနှစ်သက်ရာပုံဖော်ကာ ၁၃၀ ဒီဂရီ အပူပေးထားသော အာဗန်မှာ ၄၅ မိနစ်ခန့်ဖုတ်ပေးပါ။

Friday, August 14, 2015

Almond Cheese Tart




ချိစ်ကို ကိတ်လုပ်စားယုံသက်သက်မကပဲ Tart ထဲထည့်လိုက်ကြရအောင်။ ချိစ် နှစ်သက်သူတွေ အကြိုက်တွေ့ဦးမယ့် မုန့်တစ်ခုပါပဲ။

မုန့်အောက်ခံအတွက်
ပေါင်ဒါသကြား ၁၀ ဂရမ်
ထောပတ် ၅၅ ဂရမ်
ကြက်ဥ အနှစ်တစ်ခု
ဂျုံ ၁၁၀ ဂရမ်
ရေအေး စားပွဲဇွန်း ၁ ဇွန်း

မုန့်အောက်ခံလုပ်နည်း
ဂျုံ နှင့်သကြား ကိုရောမွှေကာ ထောပတ်ကို ထည့်ပေးပြီးခပ်မွမွအသားရသည်အထိ ခက်ရင်းဖြင့်ရောမွှေပါ
ထို့နောက်ကြက်ဥ၊ရေအေး ထည့်ကာ ဂျုံလုံးရသည်အထိနယ်ပါ။
ဂျုံသားရလာလျှင် ပလတ်စတ်အိတ်နှင့် ထုတ်ကာရေခဲသေတ္တာထဲတွင် မိနစ် ၂၀ ခန့်ထည့်ပါ။
နောက် ဂျုံလုံးကို ဒလိမ့်တုန်းနဲ့လှိမ့်ပြား ပြီး ဖုတ်မယ့်ဗန်း ထဲမှာထည့်။ ခက်ရင်းလေးတွေနဲ့ ထိုးပေးပြီး ၁၈၀ ဒီဂရီ oven မှာ ၁၂ မိနစ်လောက်ဖုတ်ပေးပါ။ပြီးရင်oven ထဲကထုတ်ပြီး အအေးခံထားပေးပါ။


မုန့်သားအတွက်
ခရင်မ်ချိစ်  ၁၆၀ ဂရမ်
သကြား ၃၀ ဂရမ်
ထောပတ် ၃၀ ဂရမ်
ကြက်ဥအနှစ် ၂ ခု
လီမွန်ရည် စားပွဲဇွန်း ၁ ဇွန်း
ကြက်ဥအကာ ၂ ခု + သကြား စားပွဲဇွန်း ၂ ဇွန်း
Almond Flakes - အနည်းငယ်



မုန့်သားပြင်နည်း

·         ပထမဆုံး ထောပတ်၊ သကြားနဲ့ cream cheese ကိုပွလာအောင် ခေါက်ထားပါ။
·         ကြက်ဥ အနှစ်ကိုလည်း တစ်လုံးချင်းထည့်ကာ မွှေပေးပါ။ lemon juice ကိုလည်း ထည့်မွှေပါ။
·         တခြား ခွက်သန့်သန့်တစ်ခုမှာ သကြားနဲ့ ကြက်ဥအကာကို soft peak ဖြစ်အောင်မွှေပါ။
·         ရလာတဲ့ ကြက်ဥအကာထဲကို မွှေထားသော ခရင်မ်ချိစ် သုံးပုံတစ်ပုံရောထည့်မွှေပါ။ ထို့နောက်ကျန်သော ခရင်မ်ချိစ် အားလုံးကိုလည်း ရောမွှေပေးပါ။
·         အသင့်ပြင်ထားသော ဖုတ်ပြီးသား မုန့်အောက်ခံ ပေါ်မှာဖြည့်ပြီး Almond flake ဖြူးကာ ၁၇၀ degree oven မှာ မိနစ်၄၀ခန့်ဖုတ်ပေးရင်ရပါပြီ။

Tuesday, February 3, 2015

Raspberry Almond Tart






Valentine’s day အတွက် Almond  tart ကိုတစ်မျိုးဆန်းသစ်ကြည့်ကြရအောင်။ အရင်တုန်းကတော့ Almond တစ်မျိုးထဲပဲပေါ့။ ခုဒီမုန့်အတွက်တော့ Raspberry ကိုပါအသည်းပုံဖြစ်အောင် ရောထည့်ပေးထားပါတယ်။ ဒီမုန့်က မအိတို့ မင်္ဂလာနှစ်ပတ်လည်အတွက် လုပ်ခဲ့တဲ့မုန့်လည်း ဖြစ်ပါတယ်။ အခု ဖေဖော်ဝါရီ Valentine’s day ဆိုတော့ အမှတ်တရလေး ဖြစ်အောင် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။


မုန့်အောက်ခံအတွက်  (အချင်း ၇ လက်မရှိသော ဗန်းတစ်ခုစာ)

  • သကြား ၃၀ ဂရမ်
  • ထောပတ် ၄၀ ဂရမ်
  • ကြက်ဥခေါက်ထားသော အရည် စားပွဲဇွန်း ၁ဇွန်း
  • ဂျုံ ၉၀ ဂရမ်
  • Almond meal၂၀ ဂရမ် ( အဲဒါကို အလွယ်တကူရှာမရဘူးဆိုရင် ဆိုင်တွေမှာရောင်းတဲ့ လှော်ပြီးသား almond အစေ့ကိုဝယ်ပြီး ကိုယ့်ဘာသာကိုယ် ထောင်းပြီးသုံးနိုင်ပါတယ်၊ )

မုန့်အောက်ခံလုပ်နည်း
  1. ဂျုံ၊သကြား နှင့် Almond meal ကိုရောမွှေကာ ထောပတ်ကို ထည့်ပေးပြီးခပ်မွမွအသားရသည်အထိ ခက်ရင်းဖြင့်ရောမွှေပါ
  2. ထို့နောက်ကြက်ဥထည့်ကာ ဂျုံလုံးရသည်အထိနယ်ပါ။
  3. ဂျုံသားရလာလျှင် ပလတ်စတ်အိတ်နှင့် ထုတ်ကာရေခဲသေတ္တာထဲတွင် မိနစ် ၂၀ ခန့်ထည့်ပါ။
  4. နောက် ဂျုံလုံးကို ဒလိမ့်တုန်းနဲ့လှိမ့်ပြား ပြီး ဖုတ်မယ့်ဗန်း ထဲမှာထည့်။ ခက်ရင်းလေးတွေနဲ့ ထိုးပေးပြီး ၁၈၀ ဒီဂရီ oven မှာ ၁၂ မိနစ်လောက်ဖုတ်ပေးပါ။ပြီးရင်oven ထဲကထုတ်ပြီး အအေးခံထားပေးပါ။


မုန့်သားအတွက်
  • သကြား ၅၀ ဂရမ်
  • ထောပတ် ၅၀ ဂရမ်
  • ဂျုံ ၁၀ ဂရမ်
  • Almond meal ၈၀ ဂရမ်
  • ခေါက်ထားသော ကြက်ဥ ၁လုံး
  • Almond Flake အနည်းငယ်


မုန့်သားပြင်နည်း

·         Almond meal ကို အနံ့မွှေးအောင်လှော်ထားပြီး အအေးခံထားပါ။
·         ပထမဆုံး သကြားနဲ့ ထောပတ်ကိုပွလာအောင် ခေါက်ထားပါ။
·         ဂျုံနဲ့ almond အမှုန့်ကိုထည့်မွှေပေးပါ။
·         ခေါက်ထားတဲ့ကြက်ဥကိုလည်းထည့်မွှေပေးပါ။
·         ဖုတ်ပြီးသား မုန့်အောက်ခံ ပေါ်မှာ အသဲပုံသံကွင်းကိုအလယ်ရောက်အောင် ထားကာ မုန့်နှစ်ဖြည့်ပေးပါ။ အပြင်မှာ များများပိုဖြည့်ပြီး အလယ်ကို အနည်းငယ်သာဖြည့်ပါ။
·         အပြင်မုန့်သား Almond flake ဖြူးကာ ၁၇၀ degree oven မှာ မိနစ်၃၀ခန့်ဖုတ်ပေးရင်ရပါပြီ။
·         အသဲပုံသံကွင်းဖယ်ကာ အအေးခံပါ။


Pastry Cream လုပ်နည်း
  • ကြက်ဥအနှစ် ၂ ခု
  • ပြောင်းကော်မှုန့် - ၁၅ ဂရမ်
  • သကြား - ၅၀ ဂရမ်
  • နွားနို့ ၁၇၀ မီလီလီတာ
  • ထောပတ် စားပွဲဇွန်း ၁ ဇွန်း
  • ဆား - ပါရုံမျှ
  • ဗနီလာ အနံ့ လက်ဖက်ရည်ဇွန်း တစ်ဝက်
ပြင်ဆင်နည်း
  • ပြောင်းကော်မှုန် နဲ့ သကြား ၂၀ ဂရမ်ကို ရောမွှေပေးပြီး နွားနို့ ၇၀ မီလီလီတာကို ထည့်မွှေပါ။ ကြက်ဥများကိုလည်း သမအောင်ရောခေါက်ပေးပါ
  • ကျန်နို့များနဲ့ သကြားများကို ဆူအောင်တည်ပေး ပြီး ပထမအဆင့်မှာပါတဲ့ ကြက်ဥ၊နွားနို့ အရောထဲကို ဖြည်းဖြည်းခြင်းလောင်းထည့်ပေးပါ။ လောင်းနေရင်းက အဆက်မပြတ် မွှေပေးနေရပါမယ်
  • သမသွားရင် မီးပေါ်မှာပြန်တည်ပြီး ပြစ်လာအောင်မွှေပြီး အအေးခံပါ။ ဒါဆိုရင် pastry cream ရပါပြီ



နောက်ဆုံးမုန့်ပြင်ဆင်နည်း

  • အအေးခံထားတဲ့ ဖုတ်ပြီးသားမုန့်ကိုယူကာ အလယ်မှာ pastry cream ထည့်ပါ။
  • နောက် Raspberry သီးများခင်းကာအလှဆင်ပါ။
  • ပြောင်လက်ရန်အတွက် ဂျယ်လီ (သို့) ယိုကိုသုတ်လိမ်းပေးရင်လိုက်ရင်တော့ လှပတဲ့ Raspberry Almond Tart အသင့်ဖြစ်ပါပြီ။