ဒီမုန့်ကို မှတ်မိကြဦးမလား မသိဘူး။ လွန်ခဲ့သော ၁ နှစ်က စမ်းထားပြီး ထပ်မလုပ်ရသေးတဲ့မုန့်ပါ။ စားလို့ကောင်းမှန်းသိလို့ ကိုယ်စားဖို့အတွက်ကိုယ် မလုပ်ရဲဘူး။ တစ်ထိုင်ထဲနဲ့ ၁ ၀က်လောက်အသာလေးကုန်မှာသိနေတယ်။ ထုံးစံအတိုင်း အသိတစ်ယောက်အတွက် လက်ဆောင်ဖုတ်သွားတဲ့မုန့်ပါ။ လက်ဆောင်ဆိုပေမယ့်လည်း ထမင်းစားပြီး သူကအဲဒီမုန့်နဲ့ပဲ အချိုပွဲ ပြန်ဧည့်ခံလို့ ကိုယ့်လက်ရာကိုယ် မြည်းခဲ့ရသေးတယ် ။ ၀ိတ်ချဖို့ကြိုးစားနေလို့ မစားဘူးလို့ အားတင်းထားပေမယ့်လည်း နောက်ဆုံးတော့ ကိုယ့်စိတ်ကိုယ် အရှုံးပေးလိုက်ရတာပါဘဲ။ အဲဒီ အသိကလည်း ဒီမုန့်ကိုအရမ်းသဘောကျပြီး လုပ်နည်းတွေဘာတွေမေးလို့။ လာမယ့် ခရစ်စမတ်ကို လာဖြစ်အောင်လာပါဆိုပြီး ထပ်ဖိတ်တယ်။ ဩော် မုန့်မျက်နှာ။ :D :D
ဒီလထဲမှာ မွေးနေ့ပွဲတွေကလည်း များတယ်။ ပြီးခဲ့တဲ့ ၂ရက်နေ့က အငယ်မလေး မွေးနေ့။ ၂၁က အလတ်မမွေးနေ့။ သူ့မွေးနေ့ကို မုန့်မဖုတ်လိုက်မိတော့ စိတ်ကောက်ခံရပါလေရောလား။ ငါနင်မုန့်မျှော်နေမှန်း မသိလို့ပါဟယ်။ ညီအစ်မ ၃ ယောက်ထဲသွားစားတော့ များများစားမယ့်လူမရှိလို့ မုန့်မလုပ်လာတာ နောက်တစ်ပတ်မှ သီးသန့်မုန့်ထပ်ဖုတ်ပေးမယ်နော် ဆိုတော့...ခုမှ မျက်နှာချိုလာမသွေးနဲ့ ရဘူးတဲ့ :-( .သူ့အတွက်မုန့်အကြွေးကို နောက်လမှပဲပေးလိုက်တော့မယ်။
ခုလောလောဆယ်တော့ အသိအိမ်အတွက်လုပ်တဲ့ မုန့်တွေကိုပဲတင်လိုက်ပါတယ်။ အိမ်မှာရိုက်တုန်းတော့ ကိတ်မုန့် ၁လုံးလုံးပဲရိုက်လို့ရတယ်လေ။ အထဲက မုန့်သားအနေအထားကို မမြင်ရဘူး။ အဲဒါနဲ့ ဟိုအိမ်ရောက်ရင် ငါ့ရှေ့မှာ မုန့်ခွဲကောင်းခွဲမှာဆိုပြီး ကင်မရာလေးကို အသာလေးထည့်ယူသွားလိုက်တယ်။ ဟိုရောက်တော့ သူက ကိုယ့်မုန့်နဲ့ ပြန်ဧည့်ခံတော့ ရည်ရွယ်ချက်အထမြောက်သွားတာပေါ့ေ နာ်။ မုန့်ခွဲကာနီးကင်မရာမထုတ်ခင် အိမ်ကလူကြီးကိုမေးရသေးတယ်။ ရိုက်လို့ရမလားလို့။ တော်ကြာသူများနဲ့ အိမ်မှာ အလုပ်ရှုပ်တယ်ဖြစ်မှာစိုးလို့။ ခွင့်ပြုချက်ရပြီး ကင်မရာထုတ်လာတော့ အသိက Group photo ရိုက်မယ်များထင်သွားလားမသိ။ ကိုယ်ကတော့ ထုံးစံအတိုင်း ကင်မရာတကားကားနဲ့ စားပွဲဝိုင်းမှာဟိုလိုရိုက်ဒီလိုရိုက်နဲ့ နောက်ဆုံးလိုချင်တဲ့ ပုံရမှငြိမ်ငြိမ်သက်သက်ထိုင်ပြီး စားနိုင်တော့တယ်။
မုန့်လုပ်နည်း ပြန်ကူးပေးလိုက်ပါတယ်
အဲဒါတွေအားလုံးကို သမအောင်ရောမွှေထားလိုက်ပါ
Choco Batter အတွက်
- Cream Cheese 150g
- Sugar 25g
- 1 Egg
အဲဒါတွေအားလုံးကို သမအောင်ရောမွှေထားလိုက်ပါ
Choco Batter အတွက်
- Butter 100g
- Sugar 80g
- Flour 80g
- 2 Eggs
- 2 Tbsp of Cocoa Powder
- 2 tsp of baking powder
- 2 Tbsp of milk
- ဂျုံ၊ ပွဆေး နဲ့ ကိုကိုး မှုန့်ကို စကာ ချထားပါ
- သကြားနဲ့ ထောပတ်ကို ပွအောင်မွှေပါ
- ကြက်ဥကို တစ်လုံးချင်းစီ သမအောင် ထည့်မွှေပေးပါ။
- ဂျုံ နဲ့ နို့ကို သကြားထောပတ်အရောထဲ ထဲ့မွှေပေးပါ။
- ပြီးရင် မုန့်ဖုတ်မယ့် ခွက်ထဲကို ချောကလက် တစ်လွှာ၊ Cheese တစ်လွှာထည့်ပြီး ၁၇၀ ဒီဂရီမှာ ၄၀-၄၅ မိနစ် ဖုတ်ပေးပါ။
စကာပေါ်မှာ အအေးခံထားတာ |
ချောကလက်အလွှာလောင်းပြီး ခဏစောင့် ပြီးမှ အလှဆင် |
သူများအိမ်မှာ မျက်စေ့နောက်လောက်အောင်ရိုက်ထားသောမုန့် |
အလယ်မှာအဲလိုလေးတွေဖြစ်နေတာ |