ခုတစ်လော တကယ်ကို မအားတာပါ။ ဒါပေမယ့်လည်း အမျိုးသားရဲ့ ငယ်သူငယ်ချင်းများနဲ့ ဆုံဖို့အကြောင်းဖန်လာပါတယ်။ သူတို့လည်း ဒီမှာရောက်နေတုန်းမို့ အချိန်ရှိတုန်းလေး ကမန်းကတန်းစီစဉ်လိုက်ရတယ်ဆိုပါေ တာ့ ။ ကျွန်မ အားတဲ့ အချိန်အထိပြီးအောင်စောင့်နေရင်ေ တာ့ နောက် ၃ - ၄ လ လောက်တောင် တွေ့နိုင်မယ် မထင်ပါဘူး။ ဒီလို မအားတဲ့ အကြောင်းကို ရှည်ရှည်ဝေးဝေး ရှင်းပြနေရတာကလည်း အကြောင်းရှိပါတယ်။ နို့မို့ဆို တွေ့ဖိုဂျီတိုက်နေသော ၊ အိမ်မှာ မုန့်လာလုပ်ဖို့ ကြံစည်နေသော တစ်စုံတစ်ယောက်က ဒီပို့စ်ကိုမတော်တဆတွေ့သွားခဲ့ ရင် ကျွန်မကို "နင့်ကိုငါ မကျေနပ်ဘူးဟေ့" လို့ပြောပြီး အကြီးအကျယ်စိတ်ကောက်မှာ မို့လို့ပါ။ :D :D အဲဒါကြောင့် သင်းစိတ်မခုရလေအောင်လို့ စကားပလ္လင်ခံ နေရတာပါ။ သူကတော့ ကိုယ့်သူငယ်ချင်းအရင်းခေါက်ခေါ က်ဖြစ်တဲ့ အပြင် တစ်မြို့ထဲ နေနေတာမို့ နောက်တွေ့ချင်တဲ့ အချိန်ပြေးတွေ့လို့ရတယ် မဟုတ်လား။
ဧည့်သည်လာမယ်ဆိုတော့ ကျွေးဖို့ဟင်းပွဲတွေကို စဉ်းစားရပါတယ်။ မုန့်တွေသာ လျောက်လုပ်နေတာ ကတယ်တမ်းပြောရမယ်ဆိုရင်တော့ ကျွန်မက ဟင်းကို အမယ် အမျိုးမျိုးမချက်တတ်ပါဘူး။ သိတာလေး ၃ ၊ ၄ မျိုးလောက်နဲ့တင် ချာလပတ်လည်နေတာများပါတယ်။ နောက်ဆုံးစဉ်းစားရင်းနဲ့ပဲ (အချိန်သိပ်ကြာကြာမပေးရတဲ့) အရင်အဟောင်းတွေကိုပဲ ချက်ဖို့ပဲ အလှည့်ကျသွားပြန်ပါတယ်။ ပိုလာတာလေးတစ်ခုက ဟိုတစ်လောက စမ်းသပ်ထားတဲ့ ပုဇွန် မရိုးနိစ်ပါဘဲ။ စားရတာ တော်တော်အဆင်ပြေတော့ ဧည့်သည်တွေကို ကျွေးဖို့အတော်ပါဘဲ။
(အဲဒီနေ့ကဖြစ်ချင်တော့ ဟင်းချက်တုန်းမှာ ဂက်စ်က ကုန်သွားပါလေရော၊ တကယ့်ကို ထိုင်ငိုချင်စိတ်ပေါက်သွားတာ။ ဧည့်သည်ကို ချိန်းထားတာက ၁၂ နာရီ၊ ဂက်စ်ကုန်တဲ့ အချိန်က ၁၁ နာ၇ီခွဲခါနီး။ စဉ်းစားသာကြည့်ကြပါတော့ ဘယ်လောက်ပျာယာခပ်မလဲဆိုတာကို။ ကံကောင်းလို့ ဒီတစ်ခါ ဂက်စ်မှာတာ ၁၀မိနစ်အတွင်းရောက်လာလို့ သက်ပျင်းချနိုင်တယ်။ အဲလိုမျိုး အရေးကြီးတဲ့နေ့မျိုးဆိုရင် ဖြစ်တတ်ပါ့ ။ ကျွန်မကသာပျာယာခတ်နေတာ သူကတော့ အေးဆေးအပြုံးမပျက်ဘဲသိလား။ ဘာမှလုပ်လို့မရတာတဲ့။ ဟုတ်တော့လဲဟုတ်ပါတယ် ။ဒါပေမယ့်လည်း ကိုယ်ကတော့ဒီအချိန်မျိုးမှာ ဘယ်စိတ်အေးနိုင်ပါ့မလဲနော်။
အရင်ကျောင်းတက်တုန်းကလဲ အဲလိုတစ်ခါဖြစ်ပြီးပြီ။ အိမ်တက်အတွက် ဘုန်ဘုန်းတွေကို အာရုံဆွမ်းအတွက် ပင့်ထားတာ၊ ည ၁၀နာရီခွဲမှာ ဂက်စ်ကုန်ပါလေရော။ အဲဒီတုန်းကမှ ပိုဆိုးသေးတယ်။ ဆွမ်းကပ်မှာကိုး လူကျွေးမှာတက် ပိုသောကရောက်ရတာပေါ့။ အဲလိုပဲ ကျောင်းနားနီးတော့ ကျောင်းသားတွေရှိတဲ့ အိမ်များတော့ သူများအိမ်မှာ ညနက်သန်းခေါင်ဟင်းသွားချက်လိုက်ရတာ မှတ်မှတ်ရရပါဘဲ )

ဒီတစ်ခါတော့ ပန်းကန်ကြီးကြီး အကောင်များများလေး လုပ်လိုက်ယ်။ လုပ်နည်းသိချင်ရင် ဒီမှာ ပါ။
သူကတော့ မပါမဖြစ်လေ။ လုပ်နည်း
နောက်တစ်ခုက ဟင်းရွက်ကြော်။ လုပ်နည်းရေးစရာမလိုအောင်လွယ်လွန်းလို့ မရေးလိုက်တော့ပါဘူး။
ဒါကတော့ တုန်ယမ်းဟင်းရည်။ ၀တ်ရည်ဆီကနည်းနဲ့ ချက်ထားတာပါ။ စားလို့ အရမ်းအရသာရှိပါတယ်။ လုပ်နည်းလေး ပြန်ကူးပေးလိုက်တယ်နော်
နောက်ဆုံးအစာပိတ်အနေနဲ့ Fruit Salad။ ဒါကအချိုပွဲထဲမှာ အမြန်ဆုံးပါဘဲ။ လုပ်နည်း