ဒီတစ်ခါလုပ်ပြမယ့်မုန့်ကတော့
ရှိပြီးသားမုန့်ကို ထပ်ပြီးအရသာရှိအောင် မွန်းမံပြင်ဆင်ထားတဲ့ မုန့်တစ်ခုပါ။ သာမန်
Croissant ကို almond paste သုံးပြီးပြန်လုပ်ထားတာကြောင့် almond အရာသာနဲ့ မုန့်ရဲ့
အဆိမ့်အရသာ ၂ မျိုးပေါင်းကာ စားလို့ အလွန်ကောင်းပါတယ်။ တကယ်လို့များ Croissant ကို
ကိုယ်တိုင်လုပ်မယ်ဆိုရင်တော့ almond paste ကိုအထဲမှာထည့်ခြင်းအားဖြင့် အရသာကို ပိုပြီးကောင်းမွန်စေမှာ
အမှန်ပါပဲ။ ဒီမုန့်အတွက်ကတော့ အသင့်ရောင်းတဲ့ Croissant များကိုသာသုံးထားပါတယ်။
ပါဝင်ပစ္စည်းများ
Croissant
- ၄ခု
Almond Paste အတွက်
- သကြား ၅၀ ဂရမ်
- ထောပတ် ၅၀ ဂရမ်
- ဂျုံ ၁၀ ဂရမ်
- Almond အမှုန့် ၈၀ ဂရမ်
- ခေါက်ထားသော ကြက်ဥ ၁လုံး
မုန့်သား ပြင်ဆင်နည်း
·
ပထမဆုံး
သကြားနဲ့ ထောပတ်ကိုပွလာအောင် ခေါက်ထားပါ။
·
ခေါက်ထားတဲ့ကြက်ဥတစ်လုံကိုလည်းထည့်မွှေပေးပါ။
·
ဂျုံနဲ့
almond အမှုန့်ကိုထည့်မွှေပေးပါ။
·
ရလာသော
almond paste ကို အသင့်ပြင်ထားသော မုန့်များပေါ်သို့ ပုံပါအတိုင်းလောင်းချပါ။
·
ထို့နောက်
၁၇၀ ဒီဂရီအပူပေးထားသော Oven မှာ ၁၈ မိနစ်ခန့်ဖုတ်ပေးပါ။
·
ဒါဆိုရင်တော့
ပုံမှန်ထက်ပိုပြီး အရသာရှိတဲ့ Almond Croissant အသင့်ဖြစ်ပါပြီ။