မာလကာသီး၊ ကိတ်သားနဲ့ ခရမ်မ်တွဲဖက်ထားသော
Hawaiian Dessert တစ်မျိုးပါ။
ပါဝင်ပစ္စည်းများ
- ကြက်ဥ ၃လုံး
- သကြား ၇၀ ဂရမ်
- ပန်းရောင်အစားအသောက်ဆိုးဆေး အနည်းငယ်
- ဂျုံ ၈၀ ဂရမ်
- ပွဆေး (baking powder) လက်ဖက်ရည် ဇွန်းထက်ဝက်
- ဆီ ၂၀ ဂရမ် + မာလကာသီးဖျော်ရည် ၁၅ ဂရမ်
ခရင်မ်အတွက်
ခရမ်မချိစ် ၁၅၀
ဂရမ် + Icing sugar စားပွဲတင်ဇွန်း ၃ ဇွန်းကို
သမအောင်ခေါက်မွှေထားပါ
မာလကာသီး
ဂျယ်လီ အလွှာ အတွက်
မာလကာရည် ၂၅၀ မီလီလီတာ
ပြောင်းကော်မှုန့်
စားပွဲဇွန်း ၁ ဇွန်း
သကြား စားပွဲဇွန်း ၁
ဇွန်း
မာလကာရည် နှင့်
သကြားကိုရောမွှေကာ သကြားပျော်သည်အထိ မီးပေါ်တွင်ကျိုပါ
ပြောင်းကော်မှုန့်ကို
ရေစားပွဲဇွန်း ၂ ဇွန်းနှင့်ရောမွှေကာ မာလကာရည်ထဲ ထည့်မွှေပါ။ အနည်းငယ်ပျစ်လာသည်အထိ
ကျိုပြီးလျှင်အအေးခံထားပါ
လုပ်နည်းအဆင့်ဆင့်
- မုန့်ဖုတ်မည့်ဗန်း (၈လက်မ x ၈လက်မ) ကို ထောပတ်သုတ်လိမ်းပြီး ဆီစိမ်စက္ကူခင်းထားပါ။
- ဂျုံနဲ့ ပွဆေးကို စကာချထားပါ။
- ကြက်ဥနဲ့သကြားကို ဖြူပြီး ပွလာအောင်စက်ဖြင့်ခေါက်ပေးပါ။ Ribbon like stage ရောက်သည်အထိ ခေါက်ရပါမည်။
- ပြီးမှ ဂျုံ+ ပွဆေး (စကာချပြီးသား)ကိုအသာအယာရောမွှေပေးပါ။
- နောက်ဆုံးမှ ဆီ + မာလကာသီးဖျော်ရည်၊ ပန်းရောင်ဆိုးဆေး ကိုရောမွှေပြီး မုန့်နှစ် သုံးပုံတစ်ပုံဖြင့်ရောပေးပါ။
- ရလာသောမုန့်နှစ်ကို ကျန်မုန့်နှစ်များထဲ ထည့်မွှေပါ။
- ထို့နောက် ၁၇၀ဒီဂရီအပူပေးထားသော အာဗန်မှာ ၂၀မိနစ်ဖုတ်ပါ။
- မုန့်ကျက်မကျက်သိရန် မုန့်သားအလယ်တည့်တည့်ကို စူးတံသုံး၍စမ်းပါ။
- မုန့်လုံးဝကျက်လျှင် ဗန်းမှထုတ်ကာ အအေးခံပါ
- ထိုနောက် အသင့်ပြင်ထားသော ခရင်မ်ကို ညီအောင်သုတ်ကာ အအေးခံထားသော မာလကာဂျယ်လီလောင်းပေးပါ။
- နှစ်သက်ရာအတုံးငယ်များတုံးကာ သုံးဆောင်နိုင်ပါပြီ။