Friday, March 4, 2011

ကြက်သားပေါင်း

 
 
ခုတစ်လော ကြည့်ဖြစ်နေတဲ့ အစီအစဉ်က Chef Martin Yan ရဲ့ ခရီးသွားတဲ့ အစီအစဉ်တွေပါ။ ကျွန်မက ရုပ်ရှင်ထက် အဲလို Documentary တွေကို ပိုစိတ်ဝင်စားလေ့ရှိပါတယ်။  အဲဒီမှာ Chef က တရုပ်ပြည်ရဲ့ အစွန်အဖျားဒေသ တစ်ချို့ကို သွားပြီး သူတို့ရဲ့ ထူးခြားတဲ့ ရိုးရာဓလေ့တွေရယ်၊ အစားအသောက်ချက်နည်း တွေကို တင်ဆက်လေ့ရှိပါတယ်။ Chef Martin Yan ဟာ ကျွန်မနဲ့တော့ မစိမ်းတဲ့ Chef တစ်ယောက်ပါ။ လွန်ခဲ့တဲ့ early 90s ပတ်ဝန်းကျင်လောက်ကတည်းက Yan Can Cook ဆိုတဲ့ အစီအစဉ်နဲ့ ရင်းနှီးနေပြီးသားမို့ ခုသူ့ show တွေပြန်ကြည့်တဲ့ အချိန်မှာ ရင်းနှီးပြီးသား လူတစ်ယောက်ကို ပြန်တွေ့လိုက်ရသလိုပါဘဲ။ Singapore မှာ သူ့ ရဲ့ Food Demonstration ပွဲကို 3rd March ကလုပ်သွားပါတယ်။ သွားကြည့်ချင်ပေမယ့်လည်း အလုပ်ချိန်အခက်အခဲကြောင့် မသွားလိုက်ရပါဘူး။ နောက်တစ်ခါတော့ ဖြစ်အောင်သွားမယ်လို့တော့ အားခဲထားတာပါဘဲ။ သူက ၃ နိုင်ငံကို လှည့်မှာပါ။ Singapore, Malaysia နဲ့ Philippine လို့ကြေငြာထားတာ တွေ့လိုက်တယ် ။ တစ်နိုင်ငံ ၂ ရက်စီ။ ဒီနှစ်ကတော့ ပွဲတွေကို တစ်ခုပြီး တစ်ခုလွတ်နေတာပါပဲ။ ထာဝရနှင်းဆီလည်း ၆ ရက်နေ့ ကပြကြမှာ။ ဒီနှစ်တော့ မသွားဖြစ်တော့ပါဘူး။ ကျွန်မနဲ့ ရင်းနှီးတဲ့ ပွဲစီစဉ်တဲ့သူတောင် ကျွန်မကို စိတ်ပျက်ပြီး မခေါ်တော့ဘူး။ ပြီးခဲ့တဲ့ နှစ်ကတည်းက လက်မှတ်ဝယ်ဖို့ ခေါ်နေတာ။ ပထမတော့ သွားဖြစ်မယ်နဲ့ ပြောနေပြီး သူခဏခဏခေါ်နေတဲ့ကြားက မ၀ယ်ဖြစ်တော့ နောက်ဆုံးစိတ်ပျက်သွားတယ်နဲ့တူပါတယ်။ ဒီစာမျက်နှာပေါ်ကပဲ ထပ်ပြီးတောင်းပန်လိုက်ပါတယ်နော်. အလုပ်တွေကလည်း တကယ်ရှုပ်ဆိုတော့ တချို့လူမှုရေးတွေတောင် ပျက်ကွက်နေတာ ကြာပါပြီ။
 
ကဲပါလေ အခုအစားအသောက်အကြောင်း ဆက်ကြတာပေါ့။ အဲဒီ Chef Martin Yan က Si Chuan ပြည်နယ်က အစားအသောက်တွေပြတာများလေ့ရှိတယ်။  အဲဒီ အစီအစဉ်တွေထဲမှာ  ကြက်သားပေါင်းလဲ ပါတယ်။ ဒါပေမယ့် တစ်ဝက်တစ်ပျက်ပဲ မီလိုက်လို့ ဘယ်ပြည်နယ်ကလဲဆိုတာတော့ မသိလိုက်တော့ဘူး။ ဒါ့အပြင်အိမ်မှာက Setup Box အဟောင်းဆိုတော့ ကူးလို့မရတော့ ခေါင်းထဲမှာပဲ မှတ်ထားပြီး ပြန်လုပ်ကြည့်တာ။ မှတ်မိသလောက်ပေါ့နော်။  လုပ်သမျှ အသားပေါင်းတွေထဲမှာတော့ ဒီတစ်ခါစားလို့ အကောင်းဆုံးပဲ။ ဒါတောင်ပထမ ပဲငံပျာရည်ပေါ့နေလို့ ရွတ်တွတ်တွတ်ဖြစ်နေသေးတာ။ နောက်ပဲငံပျာရည်ထည့်လိုက်မှ အတော်အဆင်ပြေသွားတယ်။ ကြက်သား၊ water chest nut စဉ်းတာနဲနဲအတုံးကြီးသွားလို့ သေးရင်ပိုကောင်းမှာ။
 
လုပ်နည်း
 
  • ကြက်ပေါင် (အရိုးလွတ်) တစ်ခု - နုတ်နုတ်စဉ်းထား
  • ပုဇွန် အလတ် ၁၀ကောင် -  အခွံခွာ နုတ်နုတ်စဉ်းထား
  • water chest nut ၅ခု-  နုတ်နုတ်စဉ်းထား
  • မှို အနည်းငယ်  နုတ်နုတ်စဉ်းထား (ဒါတော့ မပါသွားဘူး)
  • ကြက်သွန်မိတ် အနည်းငယ်  နုတ်နုတ်စဉ်းထား
  • ကြက်ဥ အကာ တစ်လုံးခေါက်ထား
  • နှမ်းဆီ စားပွဲဇွန်း ၁ဇွန်းခန့်
  • corn flour လက်ဖက်ရည် ဇွန်း ၂ ဇွန်း
  • ဆား လက်ဖက်ရည် ဇွန်း ၁ ဇွန်း (လိုသလို ညှိပေးပါ)
  • သကြား လက်ဖက်ရည် ဇွန်း ၂ ဇွန်း
  • ပဲငံပျာရည် စားပွဲဇွန်း ၁ဇွန်းခွဲခန့်
  • ငရုပ်ကောင်း အနည်းငယ်
 
 မပေါင်းခင်
 
အဲဒါတွေအားလုံးကို သမအောင်နယ်ပြီး wanton skin လေးတွေနဲ့ ထုပ်ပေးပါ။ အိမ်မှာတော့ အ၀ါရောင် အရွက်ကိုသုံးပါတယ်။ ပြီးတော့ ဆီသုတ်ထားတဲ့ ပေါင်းအိုးမှာ ထည့်ပြီးပေါင်းပေးပါ။ ရေနွေးသေချာဆူမှ ထည့်ပေါင်းပါ။ မကပ်အောင် ပေါင်းအိုးကို ဆီသုတ်တဲ့ အပြင် မုန်လာဥနီလှီးထားတာလေးတွေခံပြီး ပေါင်းလည်းရပါတယ်။ ၁၀မိနစ်ဆိုရင် ရပါပြီ။
 
ငရုပ်ဆီကတော့ အဆင်ပြေသလို ကိုယ့်နည်းကိုယ့်ဟန်နဲ့ စပ်လိုက်တယ်။ သူလုပ်ပြတာတော့ ပိုကောင်းမှာပေါ့လေ။ ဒါပေမယ့် မိုးချုပ်နေတော့ ဆီမသတ်ချင်တာနဲ့ ( ညမိုးချုပ်အိမ်မှာ ဟင်းညှော်နံ့ထွက်တာက တော်တော်ဆိုးတာလေ) ရှိပြီးသား ငရုပ်ဆီကို စပ်လိုက်တယ်။ ထန်းလျက်ရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ ငရုပ်ဆီ စားပွဲဇွန်း ၂ ဇွန်း၊ Ketchup ၁ ဇွန်းခွဲလောက်ကို ရေနဲနဲရောပြီးရောမွှေလိုက်ရင် ရပါပြီ။
 

15 comments:

Mon Petit Avatar said...

Thanks, Evy for the recipe. Feeling hungry already.

rose said...

အစ်မအိုင်ဗီ ချက်ထားတာလေးက စားချင် စရာလေး။ တော်လိုက်တာ။ အဲ့လို ခဏ တဖြုတ် တီဗီမှာ မြင်ရုံနဲ့ ပြန်ချက် တတ်တယ်း)
http://redroseofburma.blogspot.com/

Anonymous said...

ဒါလေးတော့ လုပ်ဖြစ်အောင်ကိုလိုက်လုပ်ကြည့်ရမယ် Evy ရေ...စားချင်စရာကောင်းလိုက်တာ

စူးနွယ်လေး

ချော(အစိမ်းရောင်လွင်ပြင်) said...

အဟုတ်ပဲ.. စားချင်စရာ ကောင်းလိုက်တာ ။
ချစ်ဖို့တောင်ကောင်းသေးတယ် ကြက်သားပေါင်းလေးက..း)

T T Sweet said...

စလုံးမှာတော့ ဒင်းဆမ်းဆို စားစားနေတာ။ ခုမှပဲ ဘယ်လိုလုပ်ရလဲ သိတော့တယ်။ ingredients တွေဖတ်ရတာ လုပ်စားကြည့်ချင်စရာပဲ မအယ်ရေ။ ကျေးဇူး။

ဂငယ် said...

အစ်မရေ..
လင့်ချိတ်လိုက်မယ်နော်..
စားစရာတွေက မြင်သာမြင်ရမကြင်ရဖြစ်နေတယ်..
ဘိတ်လိုပြောမယ်ဆိုရင်.. လာငတ်သွားပါတယ်.. :D
http://3rdalphabet.blogspot.com ကိုလဲပြန်လာလည်ပါနော်

Anonymous said...

Evyလေး
ရောက်၏ စားချင်လှပါ၏း)


Baby taster

Evy said...

မမဘေဘီ နေကောင်းသွားပြီလား ။ ပျောက်နေတာကြာလှပြီ

Catherine Cho said...

where can i get these yellow layers for it??

Evy said...

Hello, you can find these wanton sheets in NTUC.

စံပယ်ချို said...

ဒီအတွက်လဲကျေးဇူးပါရှင် စားချင်နေတာကြာပြီ
ခုမှတွေ့လို့ အမြန်လိုက်ဖတ်နေတာ
အားတဲ့ရက်ကျလုပ်စားဖြစ်မယ်
တကယ်ကိုကျေးဇူးပါရှင်

အေးမြတ်သူဇာ said...

မမ..water chest nut ဆိုတာမြန်မာလိုကျဘာကိုပြောတာလဲ မသိဘူးဖြစ်နေတယ် NTUC မှာရောရလားမမ...ကျေးဇူးပါနော်...စားချင်စရာလေး လုပ်စားကြည့်မယ်...း)

Evy said...

ညီမရေ ဗမာလိုတော့ ၀က်မြေစာဥဆိုလား ခေါ်တယ်ကြားဖူးတယ်။ NTUC မှာ ရတယ်။ ဖော့ပုံးအဖြူအကြီးထဲမှာ ထည့်ပြီးရောင်းလေ့ရှိတယ်။ ရွံ့တွေလူးနေတာလေ။ အဲဒီဟာပဲ

yu lay said...

ချစ်စ၇ာလေး ကြက်သားပေါင်းလေးတွေက လုပ်ကြည့်အုံးမယ် .. ကျေးကျေးပါ

Cameron said...

thanks for the recipe sis Evy... will do it this weekend ;)