Showing posts with label Layer Cakes. Show all posts
Showing posts with label Layer Cakes. Show all posts

Wednesday, April 13, 2016

Strawberry Shortcake




နူးညံ့လှတဲ့ မုန့်သား ခရမ်အလွှာများ စတော်ဘယ်ရီသီးများနဲ့ ပြုလုပ်ထားတဲ့ ကိတ်ပါ။ ခရင်မ်ရဲ့ ဆိမ့်တဲ့ အရသာကို မအီစေရန် စတော်ဘယ်ရီက ထိန်းပေးပါတယ်။ အရသာကောင်းလှတာကြောင့် လုပ်စားကြည့်စေချင်ပါတယ်။

ပါဝင်ပစ္စည်းများ
  • ကြက်ဥ  ၃လုံး
  • သကြား ၈၀ ဂရမ်
  • ဂျုံ ၈၀ ဂရမ်
  • ပွဆေး (baking powder)  လက်ဖက်ရည် ဇွန်းထက်ဝက်
  • ဆီ ၃၀ ဂရမ်
  • ဗနီလာအနံ့- လက်ဖက်ရည်ဇွန်း ထက်ဝက်
ခရင်မ်အတွက်
·         Whipping Cream 200 ဂရမ် နဲ့ icing sugar စားပွဲတင်ဇွန်း ၂ ဇွန်းကို ရောကာ ခရင်မ်ဖြစ်အောင် ခေါက်ထားပါ။

မုန့်လုပ်နည်းအဆင့်ဆင့်
(၁၀လက်မ x ၁၀လက်မဗန်း လေးထောင့် ဆွစ်ရိုးဗန်းကိုဆီစိမ်စက္ကူခင်းထားပါ)
  1. ဂျုံနဲ့ ပွဆေးကို စကာချထားပါ။
  2. ကြက်ဥနဲ့သကြားကို ဖြူပြီး ပွလာအောင်စက်ဖြင့်ခေါက်ပေးပါ။ Ribbon like stage ရောက်သည်အထိ ခေါက်ရပါမည်။
  3. ပြီးမှ ဂျုံ+ ပွဆေး (စကာချပြီးသား)ကိုအသာအယာရောမွှေပေးပါ။
  4. နောက်ဆုံးမှ ဆီ+ ဗနီလာ ကိုရောမွှေပြီး မုန့်နှစ် သုံးပုံတစ်ပုံဖြင့်ရောပေးပါ။
  5. ရလာသောမုန့်နှစ်ကို ကျန်မုန့်နှစ်များထဲ ထည့်မွှေပါ။
  6. ထို့နောက် ၂၀၀ဒီဂရီအပူပေးထားသော အာဗန်မှာ ၁၃မိနစ်ဖုတ်ပေးပါ။
  7. မုန့်ကို ဗန်းထဲကထုတ်ပြီး ခဏအအေးခံပါ။
  8. ရလာသော မုန့်သားကို ၄ ပိုင်းအညီအမျှပိုင်းပါ။




  1. ပထမအလွှာခင်းပြီး ခရင်မ်သုတ်ကာ စတော်ဘယ်ရီ စိတ်များ ဖြူးပေးကာ ခရင်မ်ထပ်သုတ်ပါ။
  2. ကျန်အလွှာများကိုလည်း ထိုနည်းအတိုင်းပြုလုပ်ကာ မုန့်တစ်ခုလုံးကို ခရင်များနဲ့ သုတ်လိမ်းပေးကာ စတော်ဘယ်ရီသီးများနဲ့ အလှဆင်ပါ။
  3. လွယ်ကူ အရသာရှိသော strawberry shortcake အသင့်ဖြစ်ပါပြီ။



Thursday, March 3, 2016

Marble Cake





မာဘယ်ကိတ်ကို ပုံမှန်ထက်အလွှာများများ ဖြစ်တဲ့ပုံစံမျိုးလုပ်ကြရအောင်

ပါဝင်ပစ္စည်းများ (၈လက်မx ၃.၅ လက်မ ကိတ်မုန့်တစ်လုံးစာ)
  • ဂျုံ ၁၅၀ ဂရမ်
  • baking powder 1 teaspoon
  • သကြား ၁၄၀ ဂရမ်
  • ထောပတ် ၁၀၀ ဂရမ် - အခန်းအပူချိန်ရောက်အောင် ထုတ်ထားပါ။
  • နွားနို့် ၅၀ မီလီလီတာ
  • ကြက်ဥ ၂လုံး
  • ကိုကိုးမှုန့် စားပွဲဇွန်း ၂ ဇွန်း
  • ဆီ စားပွဲဇွန်း ၁ဇွန်းခွဲ

မုန့်မဖုတ်ခင် ဂျုံနဲ့ ဘိတ်ကင် ပေါင်ဒါကို ရောမွှေဇကာချထားပါ။
ကိုကိုးမှုန့်နဲ့ ဆီကိုရောမွှေထားလိုက်ပါ။

ပြုလုပ်နည်း

  1. ပထမဆုံး သကြားနဲ့ ထောပတ်ကို ပွလာအောင် စက်နဲ့ သို့မဟုတ် မွှေတံလေးနဲ့ မွှေပေးပါ
  2. အေ၇ာင်ခပ်ဖြူဖြူဖြစ်လာပြီဆိုရင် ကြက်ဥကိုထည့်ပေးပါ
  3. ခုနကဂျုံအရောကို ၃ ခါခွဲပြီး ထည့်မွှေပေးရပါမယ်
  4. ပထမဆုံးဂျုံကို ထည့်ပြီးရင် နွားနို့တစ်ဝက်ကို ထည့်မွှေပါ။ ပြီးမှ ကျန်တဲ့ဂျုံကို တစ်ခါထပ်ထည့်ပြီး သမအောင်မွှေပြီး ကျန်တဲ့နွားကိုထည့်မွှေပြီး နောက်ဆုံးပိတ်ဂျုံကို ထည့်မွှေပေးပါ။
  5. ဂျုံမွှေလို့ပြီးလို့ မှုန့်နှစ်ရလာပြီဆိုရင် အဲဒီမုန့်နှစ် တစ်ဝက်ကို ကိုကိုးမှုန့်နဲ့ဆီရောထားတဲ့ ထဲကိုထည့်မွှေပေးပါ။ ဒါဆိုရင် ချောကလက်မုန့်နှစ်ရပြီး ပုံဖော်ဖို့ အသင့်ဖြစ်ပါပြီ
  6. ရလာသော မုန့်နှစ်များကို pipping bag တစ်ခုစီတွင်ထည့်ပါ။
  7.  
  8. ၈လက်မအရှည် ၃.၅ လက်မအကျယ်ရှိတဲ့ ဗန်းလေးကို ထောပတ်သုတ်ပြီး ဆီစိမ်စက္ကူခင်းပေးထားပါ။
  9. မုန့်နှစ် အဖြူနဲ့ အညိုများကို ပုံပါအတိုင်း အဖြူတစ်လှည့် အညိုတစ်လှည့် ညှစ်ချပေးပါ။
  10.  
  11. နောက်တစ်လွှာကိုလည်း ထိုအတိုင်းပြုလုပ်ပေးပါ။
  12. မုန့်နှစ်များ မကျန်တော့သည်အထိ ဆက်လုပ်ပါ။
  13.  
  14. ပြီးမှ ၁၇၀ဒီဂရီ အပူပေးထားတဲ့ အာဗင်မှာ ၃၅ မိနစ်ခန့်ဖုတ်ပါ။
  15.  မုန့်ကျက်မကျက်ကို တုတ်လေးနဲ့ မုန့်ခလယ်တည့်တည့်ကို ထိုးကြည့်ပါ။ မုန့်နှစ်ကပ်မပါလာရင် ရပါပြီ




Sunday, December 27, 2015

Chocolate Fudge Cake






ချောကလက် ချစ်သူများကြိုက်ကြမယ့်မုန့်ပါ။ ဒီမုန့်အတွက် မုန့်သား အညို သို့မဟုတ် အဖြူချည်းသက်သက်ပဲ သုံးနိုင်သလို ရောပြီးသုံးလို့လည်းရပါတယ်။


ပါဝင်ပစ္စည်းများ (၆လက်မကိတ်တစ်လုံးစာ - ကိတ်သားအညို)
  • ကြက်ဥ  ၃လုံး
  • သကြား ၇၀ ဂရမ်
  • ဂျုံ ၇၀ ဂရမ်
  • ကိုကိုးမှုန့် ၁၀ ဂရမ်
  • ပွဆေး (baking powder)  လက်ဖက်ရည် ဇွန်းထက်ဝက်
  • ဆီ ၃၀ ဂရမ်
  • ဗနီလာ အနံ့- လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ

ချောကလက် ခရင်မ်အတွက်

Non dairy whipping cream –၃၀၀ဂရမ်
ချောကလက်  - ၁၅၀  ဂရမ်
၂ မျိုးကိုရောကာ ရေနွေးငွေ့ခံကာ အပူပေးကာ အရည်ပျော်အောင်လုပ်ပြီး ပြန်အအေးခံထားပါ။
လုံးဝအေးမှ ခရင်မ်အနေအထားရောက်အောင် စက်ဖြင့်ပြန်ခေါက်ထားပါ။

လုပ်နည်းအဆင့်ဆင့်
  1. မုန့်ဖုတ်မည့်ဗန်းကို ထောပတ်သုတ်လိမ်းပြီး ဆီစိမ်စက္ကူခင်းထားပါ။
  2. ဂျုံ၊ကိုကိုးမှုန့် နဲ့ ပွဆေးကို စကာချထားပါ။
  3. ကြက်ဥနဲ့သကြားကို ဖြူပြီး ပွလာအောင်စက်ဖြင့်ခေါက်ပေးပါ။ Ribbon like stage ရောက်သည်အထိ ခေါက်ရပါမည်။
  4. ပြီးမှ ဂျုံ+ ပွဆေး + ကိုကိုးမှုန့်(စကာချပြီးသား)ကိုအသာအယာရောမွှေပေးပါ။
  5. နောက်ဆုံးမှ ဆီ + ဗနီလာ ကိုရောမွှေပြီး မုန့်နှစ် သုံးပုံတစ်ပုံဖြင့်ရောပေးပါ။
  6. ရလာသောမုန့်နှစ်ကို ကျန်မုန့်နှစ်များထဲ ထည့်မွှေပါ။
  7. ထို့နောက် ၁၇၀ဒီဂရီအပူပေးထားသော အာဗန်မှာ ၂၅မိနစ်ဖုတ်ပါ။
  8. မုန့်ကျက်မကျက်သိရန် မုန့်သားအလယ်တည့်တည့်ကို စူးတံသုံး၍စမ်းပါ။
  9. မုန့်လုံးဝကျက်လျှင် ဗန်းမှထုတ်ကာ အအေးခံကာ ၃ လွှာရအောင် ရေပြင်ညီအတိုင်းလှီးပါ။
  10. ထိုနောက် အသင့်ပြင်ထားသော ခရင်မ်ကို တစ်လွှာခြင်းထည့်ပေးကာ နောက်ဆုံးတွင် မျက်နှာပြင် ညီအောင် ညှိပါ။
 
  1. ရသာသော မုန့်ကို ကျန်သော ချောကလက်ရည်များဖြင့်လောင်းချကာ အလှဆင်ပြီးရင်တော့ အရသာရှိ၊ မျက်နှာပန်းလှတဲ့ မုန့်အသင့်ဖြစ်ပါပြီ။


Monday, December 21, 2015

Christmas Mille Crepes




ဒီဇင်ဘာ ရာသီဥတုနဲ့လိုက်အောင် လုပ်ထားတဲ့ Mille Crepes ပါ။ ခရစ်စမတ်အပြင်အဆင်နဲ့ လုပ်ပြပေးထားပါတယ်။

ပါဝင်ပစ္စည်းများ (၇ လက်မဗန်းဆိုဒ် အလွှာ ၂၂ ခုစာ)
·         နွားနို့ - ၂၅၀ ဂရမ်
·         ကြက်ဥ ၂ လုံး
·         ဆားလက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
·         ဂျုံ - ၆၀ ဂရမ်
·         ပေါင်ဒါသကြား - ၃၀ ဂရမ်
·         ထောပတ် ၃၀ ဂရမ်- အရည်ပျော်အောင်လုပ်ထားပါ
ထောပတ်မှလွဲပြီး ကျန်ပစ္စည်းများအားလုံးကိုရောမွှေပါ။  သမသွားလျှင် စကာစစ်ပြီး မိနစ် ၃၀ ခန့်ဒီတိုင်းထားပေးပါ။  ထောပတ်အရည်ကို မုန့်လုပ်ကာနီးမှထည့်မွှေပါ။
၇လက်မဒယ်အိုးကို အပူပေးကာ မုန့်နှစ်ကို ယောက်ချိုဇွန်း တစ်ဝက်ခန့်ခပ်ကာ လောင်းပေးပါ။
လောင်းရင်းမှ ပြန့်သွားအောင် တစ်ခါတည်းလုပ်သွားပါ။ ခပ်မြန်မြန်လုပ်ရပါမယ်။
တစ်မိနစ်ခန့်နေလျှင် မုန့်သားရပါပြီ။
ကျန်မုန့်နှစ်များကို ထိုနည်းအတိုင်းဆက်လုပ်သွားပါ။
မုန့်သားပါးနိုင်သမျှပါးပါးရလေကောင်းလေပါ။

ခရင်မ်အတွက်
·         Non Dairy Whipping Cream - ၂၅၀ ဂရမ် (Soft peak ရောက်အောင် မွှေထားပါ)
·         နို့ဆီ စားပွဲဇွန်း ၁ ဇွန်း
ပါဝင်ပစ္စည်းများအားလုံးကို ရောမွှေကာ ရေခဲသေတ္တာထဲတွင် မသုံးမချင်းသိမ်းထားပါ

ကိတ်ပြင်ဆင်ခြင်း
မုန့်သားပထမအလွှာကို ကိတ်လုပ်သည့် ဗန်း (သို့) ပန်းကန်ပေါ်တွင်တင်ပါ။
ထို့နောက် အသင့်ပြင်ထားသော ခရင်မ်ပါးပါးသုတ်လိမ်းပါ။

ဒုတိယ မုန့်သားကိုတင်ပါ။ ခရင်မ်လည်းဆက်တင်ပေးပါ။
ကျန်မုန့်သားနှင့် ခရင်မ်များကိုထိုနည်းအတိုင်း ကုန်အောင်ပြုလုပ်သွားပါ။
မုန့်သားကိုဘေးနဲ့ အပေါ်များမှာလည်း ခရင်မ်အုပ်ကာ အလှဆင်ပါ။


 နောက်ဆုံးမှ icing sugar ဖြူးကာနှင်းမှုန်များသဖွယ် ဖန်တီးကာ ဒီဇင်ဘာရာသီနဲ့ လိုက်အောင် အလှဆင်ပါ။
ရေခဲသေတ္တာထဲတွင် ၄ နာရီခန့်အနည်းဆုံးထားပြီးရင်သုံးဆောင်နိုင်ပါပြီ။