Tuesday, February 24, 2015

Oatmeal Cookies





Cookies လုပ်နည်းတွေရေးခဲ့ဖူးပါတယ်။ Subway cookies လုပ်နည်းလဲရှယ်ခဲ့ဖူးပါတယ်။ ဒီတစ်ခါမှာတော့ အဲဒီ Subway Cookies လုပ်နည်းကိုပဲ အခြေခံထားတဲ့ Oatmeal Cookies လုပ်နည်းကို ပြန်လည် မျှဝေပေးလိုက်ပါတယ်။ ကွတ်ကီးအများစုဟာ မာမာကျွတ်ကျွတ်လေးတွေဖြစ်ပါတယ်။ ဒီကွတ်ကီးလေးတွေကတော့ ပျော့ပျော့လေးတွေနဲ့ အင်မတန်ကို စားကောင်းပါတယ်။

ပါဝင်ပစ္စည်းများ
  • သကြားအညို - 1 Cup
  • သကြားအဖြူ- ¼ Cup
  • Oatmeal – 1 ½ Cup (ညက်နေအောင်ကြိတ်ပါ)
  • ရိုးရိုးဂျုံ ဂျုံ -  1 ¼ cup (တစ်ခွက် + တစ်ခွက်ရဲ့လေးပုံတစ်ပုံ)
  • ဘိတ်ကင်ဆော်ဒါ - လက်ဖက်ရည် ၁ ဇွန်း
  • ဗနီလာ- လက်ဖက်ရည် ၁ ဇွန်း
    ချောကလက်စေ့အနည်းငယ်
  • ကြက်ဥ - ၂လုံး
    ထောပတ် ၂၅၀ ဂရမ်



ပြုလုပ်နည်း

  • ဦးစွာ သကြား၊ ထောပတ်ကို ဖြူပြီးပွလာအောင်မွှေပေးပါ
    နောက်ကြက်ဥကို တစ်လုံးချင်းစီထည့်ကာ မွှေပါ။
  • ဂျုံ၊ ဘိတ်ကင်ဆော်ဒါ၊ Oatmeal များကိုလည်း ထည့်မွှေပါ။
    နောက်ဆုံးမှ ချောကလက်စေ့များရောထည့်ပါ။
  • ၁၇၀ ဒီဂရီအပူပေးထားသော အာဗန်မှာ ၁၅ မိနစ်ဖုတ်ပေးပါ။

Saturday, February 21, 2015

ချောကလက်ဆွစ်ရိုး




ဒါကတော့ Food Magazine Feb Issue အတွက်လုပ်ပေးဖြစ်တဲ့ မုန့်တစ်ခုပါ။ Swiss Roll နှစ်သက်သူတွေ အကြိုက်တွေ့ကြမှာပါ

ပါဝင်ပစ္စည်းများ
  • ကြက်ဥ  ၄လုံး
  • သကြား ၈၀ ဂရမ်
  • ဂျုံ ၈၅ ဂရမ်
  • ကိုကိုးမှုန့် ၁၅ ဂရမ်
  • ပွဆေး (baking powder)  လက်ဖက်ရည် ဇွန်းထက်ဝက်
  • ဆီ ၄၀ ဂရမ်
  • ဗနီလာအနံ့- လက်ဖက်ရည်ဇွန်း ထက်ဝက်

ခရင်မ် အတွက်
·         Non dairy whipping cream - ၁၀၀  ဂရမ်
·          ချောကလက် ၇၀ ဂရမ်

၂ ခုလုံး ပျော်သွားအောင် double boil လုပ်ပြီးအပူပေးထားပါ။ အခန်းအပူချိန်အထိ အအေးခံပါ။ ထို့နောက် whipping cream ၈၀ ဂရမ်ကိုပွလာအောင် စက်ဖြင့်ခေါက်ပေးပါ။ အအေးခံထားသော ချောကလက်အရည် စားပွဲဇွန်း ၃ ဇွန်းခန့်ဖယ်ကာ ကျန်သောချောကလက်ရည်များအား တဖြည်းဖြည်းလောင်းထည့်ပေးပါ။ ဒါဆိုရင်တော့ ခရင်မ်အဆင်သင့်ဖြစ်ပါပြီ။



မုန့်လုပ်နည်းအဆင့်ဆင့်
(၁၀လက်မ x ၁၀လက်မဗန်း ဆီစိမ်စက္ကူခင်းထားပါ)
  1. ဂျုံ၊ ကိုကိုးပေါင်ဒါနဲ့ ပွဆေးကို စကာချထားပါ။
  2. ကြက်ဥနဲ့သကြားကို ဖြူပြီး ပွလာအောင်စက်ဖြင့်ခေါက်ပေးပါ။ Ribbon like stage ရောက်သည်အထိ ခေါက်ရပါမည်။
  3. ပြီးမှ ဂျုံ+ ပွဆေး + ကိုကိုးပေါင်ဒါ(စကာချပြီးသား)ကိုအသာအယာရောမွှေပေးပါ။
  4. နောက်ဆုံးမှ ဆီ+ ဗနီလာ ကိုရောမွှေပြီး မုန့်နှစ် သုံးပုံတစ်ပုံဖြင့်ရောပေးပါ။
  5. ရလာသောမုန့်နှစ်ကို ကျန်မုန့်နှစ်များထဲ ထည့်မွှေပါ။
  6. ထို့နောက် ၂၀၀ဒီဂရီအပူပေးထားသော အာဗန်မှာ ၁၃မိနစ်ဖုတ်ပေးပါ။
  7. မုန့်ကို ဗန်းထဲကထုတ်ပြီး ခဏအအေးခံပါ။
  8. ထို့နောက် ဆီစိမ်စက္ကူတစ်ခုပေါ်တွင် မုန့်ကို မှောက်ချပေးပါ (အပေါ်မျက်နှာပြင်သည် ဆီစိမ်စက္ကူပေါ်မှာကျရပါမည်)။
  9. နောက် မုန့်အောက်ခြေမှာကပ်ပါနေသော ဆီစိမ်စက္ကူကို အသာအယာခွာပါ
  10. ခရင်မ် ကို ထိုမျက်နှာပြင်တွင် ဖြန့်ခင်းကာ မုန့်ကို အသာအယာလိပ်ပေးပါ။
  11. ရလာသော မုန့်ပေါ်တွင်လည်း ချန်ထားသောချောကလက်ရည် ကိုအသာအယာလောင်းချပေးကာ အနီရောင်သကြားခဲများ ဖြူးပြီး အလှဆင်ပါ။

Saturday, February 7, 2015

Cupcake







 Cupcake လေးတွေက လုပ်ရတာလွယ်သလို တစ်ခုချင်းစီအလှဆင်လို့ကောင်းတာကြောင့် လူကြိုက်များတဲ့ မုန့်လေးတွေပါ။ ခရင်မ်ကအစ ကိုယ်ကြိုက်တဲ့ အရောင်နဲ့ ဒီဇိုင်းကို တစ်ခုချင်းစီရွေးပြီး လုပ်နိုင်တာကြောင့် ဖေဖော်ဝါရီအတွက်တော့ မပါမဖြစ်မုန့်လေးတွေလို့ တင်စားချင်ပါတယ်။ ဒီမုန့်အတွက်တော့ ခရမ်းရောင် အဖျော့ခရင်ကိုရွေးသုံးထားပါတယ်။ မုန့်သားကတော့ ရိုးရိုး ဗနီလာမုန့်သားပေါ့။

ပါဝင်ပစ္စည်းများ

  • ထောပတ် ၁၂၀ဂရမ်
  • သကြား ၁၀၀ ဂရမ်
  • ကြက်ဥ ၂ လုံး
  • ဂျုံ  ၁၃၀ ဂရမ်
  • Baking powder ½ tsp
  • နွားနို့ စားပွဲဇွန်း ၂ ဇွန်း


လုပ်နည်းအဆင့်ဆင့်
  1. ဂျုံ၊ baking powder ကို စကာ ချထားပါ။
  2. ပထမဆုံး သကြားနဲ့ ထောပတ် ကို ပွလာအောင် မွှေပေးပါ။
  3. ကြက်ဥကို တစ်လုံးချင်းထည့်ပြီး သမအောင် ထည့်မွှေပေးပါ။
  4. ဂျုံ နဲ့ နို့ကို သကြားထောပတ်အရောထဲ ထဲ့မွှေပေးပါ။ ဂျုံ- နို့-ဂျုံ-နို့-ဂျုံ အစီအစဉ်အတိုင်းထည့်မွှေပေးပါ ။
  5. ထို့နောက်မုန့်ဖုတ်မည့် ခွက်ထဲကို ထည့်ပြီး ၁၇၀ ဒီဂရီ တွင် ၁၈ - ၂၀ မိနစ် ဖုတ်ပေးပါ။
  6. မုန့်ကျက်မကျက်ကိုသိရန် cake skewer ဖြင့် မုန့်ခလယ်တည့်တည့်ကို ထိုးကြည့်ပါ။ မုန့်နှစ်ကပ်မပါလာရင် ရပါပြီ

ခရင်မ်လုပ်နည်း
·         Non dairy whipping ၂၀၀ ဂရမ်ကိုပွပြီး စေးလာအောင် စက်ဖြင့်ခေါက်ပေးပါ။ ခရမ်းရောင် အစားအသောက်ဆိုးဆေးအနည်းငယ်ထည့်ပေးပါ
·         ဒါဆိုရင်တော့ အလှဆင်ဖို့ ခရင်မ်အဆင်သင့်ဖြစ်ပါပြီ။
·         အခုလုပ်ပြထားတဲ့ ကိတ်အတွက်တော့ start tip အကြီးကိုသုံးပေးထားပါတယ်။
·         ခရင်မ်ကို မုန့်အပြင်သားမှစပြီး လက်ယာရစ်ရစ်ချကာ အလယ်မှာအဆုံးသတ်ပေးပါ။
·         အသဲပုံသကြားခဲလေးများနဲ့ အလှဆင်လိုက်ရင်တော့ ချစ်စရာကောင်းတဲ့ မုန့်လေးများရမှာဖြစ်ပါတယ်။

Tuesday, February 3, 2015

Raspberry Almond Tart






Valentine’s day အတွက် Almond  tart ကိုတစ်မျိုးဆန်းသစ်ကြည့်ကြရအောင်။ အရင်တုန်းကတော့ Almond တစ်မျိုးထဲပဲပေါ့။ ခုဒီမုန့်အတွက်တော့ Raspberry ကိုပါအသည်းပုံဖြစ်အောင် ရောထည့်ပေးထားပါတယ်။ ဒီမုန့်က မအိတို့ မင်္ဂလာနှစ်ပတ်လည်အတွက် လုပ်ခဲ့တဲ့မုန့်လည်း ဖြစ်ပါတယ်။ အခု ဖေဖော်ဝါရီ Valentine’s day ဆိုတော့ အမှတ်တရလေး ဖြစ်အောင် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။


မုန့်အောက်ခံအတွက်  (အချင်း ၇ လက်မရှိသော ဗန်းတစ်ခုစာ)

  • သကြား ၃၀ ဂရမ်
  • ထောပတ် ၄၀ ဂရမ်
  • ကြက်ဥခေါက်ထားသော အရည် စားပွဲဇွန်း ၁ဇွန်း
  • ဂျုံ ၉၀ ဂရမ်
  • Almond meal၂၀ ဂရမ် ( အဲဒါကို အလွယ်တကူရှာမရဘူးဆိုရင် ဆိုင်တွေမှာရောင်းတဲ့ လှော်ပြီးသား almond အစေ့ကိုဝယ်ပြီး ကိုယ့်ဘာသာကိုယ် ထောင်းပြီးသုံးနိုင်ပါတယ်၊ )

မုန့်အောက်ခံလုပ်နည်း
  1. ဂျုံ၊သကြား နှင့် Almond meal ကိုရောမွှေကာ ထောပတ်ကို ထည့်ပေးပြီးခပ်မွမွအသားရသည်အထိ ခက်ရင်းဖြင့်ရောမွှေပါ
  2. ထို့နောက်ကြက်ဥထည့်ကာ ဂျုံလုံးရသည်အထိနယ်ပါ။
  3. ဂျုံသားရလာလျှင် ပလတ်စတ်အိတ်နှင့် ထုတ်ကာရေခဲသေတ္တာထဲတွင် မိနစ် ၂၀ ခန့်ထည့်ပါ။
  4. နောက် ဂျုံလုံးကို ဒလိမ့်တုန်းနဲ့လှိမ့်ပြား ပြီး ဖုတ်မယ့်ဗန်း ထဲမှာထည့်။ ခက်ရင်းလေးတွေနဲ့ ထိုးပေးပြီး ၁၈၀ ဒီဂရီ oven မှာ ၁၂ မိနစ်လောက်ဖုတ်ပေးပါ။ပြီးရင်oven ထဲကထုတ်ပြီး အအေးခံထားပေးပါ။


မုန့်သားအတွက်
  • သကြား ၅၀ ဂရမ်
  • ထောပတ် ၅၀ ဂရမ်
  • ဂျုံ ၁၀ ဂရမ်
  • Almond meal ၈၀ ဂရမ်
  • ခေါက်ထားသော ကြက်ဥ ၁လုံး
  • Almond Flake အနည်းငယ်


မုန့်သားပြင်နည်း

·         Almond meal ကို အနံ့မွှေးအောင်လှော်ထားပြီး အအေးခံထားပါ။
·         ပထမဆုံး သကြားနဲ့ ထောပတ်ကိုပွလာအောင် ခေါက်ထားပါ။
·         ဂျုံနဲ့ almond အမှုန့်ကိုထည့်မွှေပေးပါ။
·         ခေါက်ထားတဲ့ကြက်ဥကိုလည်းထည့်မွှေပေးပါ။
·         ဖုတ်ပြီးသား မုန့်အောက်ခံ ပေါ်မှာ အသဲပုံသံကွင်းကိုအလယ်ရောက်အောင် ထားကာ မုန့်နှစ်ဖြည့်ပေးပါ။ အပြင်မှာ များများပိုဖြည့်ပြီး အလယ်ကို အနည်းငယ်သာဖြည့်ပါ။
·         အပြင်မုန့်သား Almond flake ဖြူးကာ ၁၇၀ degree oven မှာ မိနစ်၃၀ခန့်ဖုတ်ပေးရင်ရပါပြီ။
·         အသဲပုံသံကွင်းဖယ်ကာ အအေးခံပါ။


Pastry Cream လုပ်နည်း
  • ကြက်ဥအနှစ် ၂ ခု
  • ပြောင်းကော်မှုန့် - ၁၅ ဂရမ်
  • သကြား - ၅၀ ဂရမ်
  • နွားနို့ ၁၇၀ မီလီလီတာ
  • ထောပတ် စားပွဲဇွန်း ၁ ဇွန်း
  • ဆား - ပါရုံမျှ
  • ဗနီလာ အနံ့ လက်ဖက်ရည်ဇွန်း တစ်ဝက်
ပြင်ဆင်နည်း
  • ပြောင်းကော်မှုန် နဲ့ သကြား ၂၀ ဂရမ်ကို ရောမွှေပေးပြီး နွားနို့ ၇၀ မီလီလီတာကို ထည့်မွှေပါ။ ကြက်ဥများကိုလည်း သမအောင်ရောခေါက်ပေးပါ
  • ကျန်နို့များနဲ့ သကြားများကို ဆူအောင်တည်ပေး ပြီး ပထမအဆင့်မှာပါတဲ့ ကြက်ဥ၊နွားနို့ အရောထဲကို ဖြည်းဖြည်းခြင်းလောင်းထည့်ပေးပါ။ လောင်းနေရင်းက အဆက်မပြတ် မွှေပေးနေရပါမယ်
  • သမသွားရင် မီးပေါ်မှာပြန်တည်ပြီး ပြစ်လာအောင်မွှေပြီး အအေးခံပါ။ ဒါဆိုရင် pastry cream ရပါပြီ



နောက်ဆုံးမုန့်ပြင်ဆင်နည်း

  • အအေးခံထားတဲ့ ဖုတ်ပြီးသားမုန့်ကိုယူကာ အလယ်မှာ pastry cream ထည့်ပါ။
  • နောက် Raspberry သီးများခင်းကာအလှဆင်ပါ။
  • ပြောင်လက်ရန်အတွက် ဂျယ်လီ (သို့) ယိုကိုသုတ်လိမ်းပေးရင်လိုက်ရင်တော့ လှပတဲ့ Raspberry Almond Tart အသင့်ဖြစ်ပါပြီ။