Saturday, December 27, 2014

Chocolate Cheese Cake





ပုံမှန်ချိစ်ကိတ်ကို ပြန်လည်ဆန်းသစ်ထားတဲ့ ချောကလက်အရသာပါပေါင်းစပ်ထားတဲ့ ချောကလက်ချိစ်ကိတ်ပါ။ ရိုးရိုးချိစ်ကိတ်ကို ကြိုက်ရင်တော့ ဒီချောကလက်ချိစ်ကိတ်ကို ကြိုက်ကြမယ်ဆိုတာ အာမခံရဲပါတယ်နော်။


ပါဝင် ပစ္စည်းများ (၆ လက်မခွဲ အချင်းရှိသောဗန်းတစ်ခုအတွက ဗန်းက အောက်ခြေဖြုတ်လို့ရသော ဗန်းဖြစ်ရပါမယ်)

Base အတွက်
  • Digestive Biscuit 130g ကိုချေပြီး အပူပေးပြီး အရည်ဖြစ်အောင်လုပ်ထားသော ထောပတ် 50g နဲ့ ရောမွှေပါ။ ပြီးရင် removable base ပါတဲ့ ကိတ်မုန့်ဖုတ်တဲ့ ဗန်းထဲမှာဖိသိပ်ပြီးထည့်ပေးပါ။ ရေခဲသေတ္တာထဲမှာ နာရီဝက်လောက် အအေးခံပေးထားပါ။

ချိစ်သားအတွက်
  1. cream cheese -250g
  2. sour cream - 90g (သို့) ဒိန်ချဉ်ဗူးလေးတွေကို အစားထိုးနိုင်ပါတယ်
  3. ကြက်ဥ - ၃ လုံး
  4. သကြား - ၉၀ ဂရမ်
  5. သံပုရာသီးတစ်လုံး - အရည်ညှစ်ထားပါ
  6. non dairy whipping cream - 50g
  7. Dark Chocolate – 50g
  8. Butter – 25g
  9. Blueberry - အနည်းငယ်
ချောကလက်နဲ့ ထောပတ်ကိုရောကာ အပူပေးပြီး ပျော်အောင်လုပ်ပါ။ Double boil method ကိုသုံးပါတယ်။ ပြီးရင် အအေးခံထားပေးပါ။

ပထမဆုံး သကြားနဲ့ cream cheese ကိုစက်နဲ့ မွှေပါ။
ပြီးရင် ကြက်ဥကို တစ်လုံးချင်းစီ ထည့်ပြီး သမအောင်မွှေပေးပါ။
sour cream နဲ့ lemon juice ကိုလည်းထည့်မွှေပါ။ နောက်ဆုံးမှာ whip cream ကိုထည့်ပြီးမွှေပါ။
ရလာတဲ့ မုန့်နှစ် သုံးပုံတစ်ပုံကို ချောကလက်အရည်ထဲကိုရောထည့်ပါ။

Cream အဆင်သင့်ဖြစ်ပြီဆိုရင် ရေခဲသေတ္တထဲက ပြင်ထားတဲ့ဗန်းကိုထုတ်။ base ပေါ်မှာ blueberry သီးကိုထည့်။ ပြီး မှ မုန့်နှစ်အဖြူကိုထည့်ပါ။ နောက် ချောကလက်မုန့်နှစ်ကိုပါရောထည့်ပြီး ဓါးနဲ့မွှေပေးပါ။ Marble effect ရအောင်လုပ်တာပါ။


ရေထည့်ထားတဲ့ဗန်းတစ်ခုမှာ ခုနက မုန့်ဗန်းကို တင်။ မတင်ခင်မှာ aluminum foil နဲ့အောက်ခြေကိုလုံ အောင်ပတ်ပေးပါ ။ ပြီးရင် ၁၅၀ ဒီဂရီစီ oven မှာ ၅၀မိနစ်ကြာအောင်ဖုတ်ရင်ရပါပြီ။ မုန့်ဖုတ်ပြီးသွားရင် မုန့်ကို oven ထဲမှာပဲ အအေးခံပါ။ လုံးဝအေးသွားမှ ရေခဲသေတ္တာထဲကိုပြောင်းထည့်ပေးပါ။ အနဲဆုံး ၃နာရီလောက် အအေးခံပြီးမှစားပါ။



အလှဆင်ချင်တယ်ဆိုရင် ချောကလက်အဖြူလေးကို ဖြူးပြီးblueberry သီးတွေကိုတင်ပြီး အလှဆင်နိုင်ပါတယ်





Friday, December 26, 2014

ကြက်သား မုန်လာဥခြောက်အချိုချက်






ပြီးခဲ့တဲ့ မုန်လာဥခြောက်ကို သုံးပြီး ဟင်းချက်ကြည့်ကြရအောင်။ ကြက်သား၊ ၀က်သား နှစ်သက်ရာကို အသုံးပြုနိုင်ပါတယ်။ ၀က်သားကိုသုံးရင်တော့ ပိုပြီးစားကောင်းပါတယ်။ ဒီဟင်းချက်နည်းအတွက်တော့ ကြက်သားကိုသုံးပြီး ချက်ပြထားပါတယ်။

ပါဝင်ပစ္စည်းများ
ကြက်တစ်ခြမ်း - ခပ်သေးသေးတုံထားပါ
မုန်လာဥခြောက် လက်တစ်ဆုပ်စာ
မှိုခြောက် - ၆ခု
ကြက်သွန်နီဥကြီး ၂ ဥ
ကြက်သွန်ဖြူ ၆ မွှာ
ချင်း လက်တစ်ဆစ်ာ
ခရုဆီ စားပွဲဇွန်း ၁ ဇွန်း
ငရုပ်ကောင်းအနည်းငယ်


ချက်နည်း
ကြက်သားကို ခရုဆီ၊ ဆားအနည်းငယ်၊  ကြက်သားမှုန့် လက်ဖက်ရည် ၁ ဇွန်းနဲ့ နာရီဝက်ခန့်နှပ်ထားပါ
မှိုခြောက်၊ မုန်လာဥခြောက်များကို နာရီဝက်ခန့်ရေစိမ်ပါ။
ချင်းကြက်သွန်ဖြူကိုလည်း ရောထောင်းထားပါ
ကြက်သွန်နီများကို နုတ်နုတ်စဉ်းပါ။
ဆီစားပွဲဇွန်း ၄ ဇွန်းခန့် နှင့် နှမ်းဆီမွှေး လက်ဖက်ရည် ၂ ဇွန်းကို အပူပေးကာ ကြက်သွန်ဖြူ၊နီ၊ ချင်းများကို ဆီသတ်ပါ။
ကြက်သွန်နွမ်းလာလျှင် ကြက်သားများထည့်ကာ လုံးပေးပါ။
ထို့နောက် ပဲငံပျာရည် အကြည် စားပွဲဇွန်း ၁ ဇွန်းခွဲ၊ ကြာညို့ အနည်းငယ်ထည့်ကာ ကြက်သာအပေါ်ယံများတင်းသည်အထိ ကြော်ပေးပါ။
ရေစိမ်ထားသော မုန်လာဥခြောက်၊ မှိုများကိုရောထည့်ကာ ရေအနည်းငယ်ထည့်ပြီး အဖုံးအုပ်ကာ နူးအောင်တည်ပါ။
အနှစ်များများနှစ်သက်ပါက ကြက်သားနူးပြီး ဟင်းအိုးချကာနီးမှာ ကော်ရည်အနည်းငယ်ထည့်နိုင်ပါတယ်။
ကြက်သားလည်းနူး ကော်ရည်လည်းပျစ်လာပြီဆိုရင် ငရုပ်ကောင်းဖြူးပြီး မီးပေါ်မှချကာ သုံးဆောင်နိုင်ပါပြီ

Tuesday, December 23, 2014

မုန်လာဥခြောက်





ကြက်သား၊ ၀က်သားစတဲ့ ဟင်းအချိုချက်တွေမှာ ထည့်ချက်ရင် စားလို့ကောင်းလှတဲ့ မုန့်လာဥခြောက်လုပ်နည်းလေးပါ။ ဟင်းအရသာများအထဲကို စိမ့်ဝင်နေပြီး ခပ်ထုတ်ထုတ်လေးနဲ့ အင်မတန်စားကောင်းပါတယ်။ တစ်ချို့ကလည်း ဟင်းမချက်ပဲ အသားနဲ့မစိုမခြောက်လေး ကြော်စားတာကို တွေ့ဖူးပါတယ်။
မုန်လာဥခြောက်လုပ်နည်းများ ဘာဆန်းလဲလို့ပြောစရာရှိပါတယ်။ ဒါပေမယ့် မသိသေးတဲ့သူတွေအတွက် အသုံးဝင်နိုင်တာကြောင့် ပြန်လည်မျှဝေပေးလိုက်ပါတယ်။ ပုံမှန်အားဖြင့်တော့ မုန်လာဥများကို နေလှန်းပြီး မှ ခြောက်သွေ့စေတာပါ။ ဒါပေမယ့် ကျွန်မတို့လို နေရာင်ရှိချိန်မှာ အိမ်မှာမနေရသူတွေ၊ နေလှန်းဖို့နေရာ အဆင်မပြေသူများအတွက် အာဗန်ကိုသုံးပြီး မုန်လာဥခြောက်လုပ်နည်းကို လုပ်ပြထားပါတယ်။

ပါဝင်ပစ္စည်းများ
·         မုန်လာဥ 
·         ဆား


ပြုလုပ်နည်း
မုန်လာဥများကို ခပ်သေးသေးလှီးကာ ဆားနဲ့ နယ်ကာ  ၁၅ မိနစ်ခန့်ထားပြီး ရေဆေးပါ။
ရလာသော မုန်လာဥများကို ဗန်းသို့ ဇကာထဲတွင်ထည့်ကာ လေသအောင်ထားပြီး ပုံမှန်အခန်းမှာ ၂ ရက်ခန့်ထားပါ။
ထို့နောက် ၁၃၀ ဒီဂရီ အပူပေးထားသော အာဗန်မှာ ၁ နာရီခန့်ကင်ပေးပါ။  ထို့နောက် အပူချိန် ၁၀၀ ဒီဂရီကို လျော့ချကာ ၂ နာရီခန့်ဆက်ကင်ပါ။ ၄၅ မိနစ်တစ်ခါ အထက်အောင်လှန်ပေးပါ။
မုန်လာဥခြောက်များ အဆင်သင့်ဖြစ်ပါပြီ။

Saturday, December 13, 2014

ခရစ်စမတ်ပါတီပွဲအတွက် ဟင်း၁၂ မျိုး

http://www.evyfoodlover.com/2014/12/blog-post_8.html
အာဗန် မသုံးတဲ့ကြက်ကင်
http://www.evyfoodlover.com/2011/09/blog-post_21.html
တူနာအာလူးကင်
http://www.evyfoodlover.com/2011/06/blog-post.html
ရိုးရိုးကြက်ကင်
http://www.evyfoodlover.com/2014/11/blog-post.html
အမဲသားလုံးကြော်
http://www.evyfoodlover.com/2013/05/rosemary.html
အာလူးကင် - ၁
http://www.evyfoodlover.com/2012/11/blog-post_24.html
မှို အမဲသားလိပ်
https://www.facebook.com/evyktichen/photos/a.389682104414431.77297.385443201504988/457339307648710/?type=3&theater
ကြက်တောင်ပံ အစပ်ကြော်
http://www.evyfoodlover.com/2013/01/beancurd-skin-roll.html
အသားလိပ်ကြော် 
http://www.evyfoodlover.com/2014/12/blog-post_8.html

အာလူးကင် -၂
http://www.evyfoodlover.com/2012/12/popcorn-chicken.html

popcorn chicken

http://www.evyfoodlover.com/2014/06/appetizer.html
http://www.evyfoodlover.com/2014/12/blog-post.html
ကြက်တောင်ပံကင်

Monday, December 8, 2014

အာလူးကင်




ပုံမှန်အာလူးကင်များနဲ့ မတူပဲ ကြွပ်ကြွပ်မွမွနဲ့ အရသာရှိသော အာလူးကင်ဟာလည်း မိတ်ဆုံစားပွဲများအတွက် အထူးပင်သင့်တော်ပါလိမ့်မယ်။ အထူးသဖြင့် ကြက်ကင်နဲ့ တွဲစားရင်လိုက်ဖက်လှပါတယ်။ ဒီအာလူးကင်မှာ အဓိကျတဲ့ အချက်ဟာ ပြုပ်ပြီးသားအာလူးများကို မွသွားအောင် အိုးထဲမှာလှုပ်ခြေပေးတဲ့ အဆင့်ပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ
·         အာလူး (နှစ်သက်သလောက်)
·         ဆား အနည်းငယ်
·         ဆီ အနည်းငယ်


ပြုလုပ်နည်း
·         ဦးစွာအာလူးများအားသန့်စင်က အစိတ်များစိတ်လိုက်ပါ
·         အိုးတစ်လုံးထဲတွင် အာလူးများမြုပ်သည်အထိ ရေထည့်ကာ ဆူအောင်တည်ပါ။ ဆားပါထည့်ပေးပါ။ ရေဆူပြီး ၁၀ မိနစ်ခန့်ကြာလျှင် ရေများကိုသွန်လိုက်ပါ။
·         ထို့နောက်အိုးအဖုံးပိတ်ကာ အာလူးများကြေသွားအောင် လှုပ်ပေးပါ။
·         နောက် မုန့်ဗန်းပေါ်တွင်ပြောင်းတင်ကာ ငရုပ်ကောင်း၊ ဆီဆမ်းပေးပါ။
·         ၁၆၀ ဒီဂရီအပူပေးထားသော အာဗန်တွင် မိနစ် ၂၀ ခန့်ဖုတ်လိုက်လျှင် ကြွပ်ပြီး အရသာရှိသော အာလူးကင် အဆင်သင့်ဖြစ်ပါပြီ။