Wednesday, October 27, 2010

ကြက်တောင်ပံ အစာသွပ်

နောက်တစ်ကြိမ်ထပ်လုပ်ဖြစ်တဲ့ ကြက်တောင်ပံအစာသွပ်ပါ။ အရင်တုန်းက တစ်ခါလုပ်ဖူးပါတယ်။ အဲဒီတုန်းကတော့ အသီးအရွက်မပါပါဘူး။ ဒီတစ်ခါတော့ အသီးအရွက်သပ်သပ်မချက်ချင်တော့တာနဲ့ တစ်ခါတည်းပေါင်းထည့်လိုက်ပါတယ်။ အရင်တစ်ခါထက်စာရင်တော့ပိုစားကောင်းတယ်။

ကြက်တောင်ပံ အရိုးထုတ်၊ အစာသွပ်နည်းကတော့ ၀တ်ရည် နည်းအတိုင်းပဲလုပ်လိုက်တယ်။ ဒါပေမယ့် ဒီတစ်ခါ အစာသွပ်မယ့်အထဲကို အသီးအရွက်လှီးမထည့်တော့ဘူး။ mixed veggie အထုပ်လေးပဲ နဲနဲဖောက်ထည့်လိုက်တယ်။ အဲဒါလည်းရပါတယ်။ ပါဝင်ပစ္စည်းလေးတွေနဲ့ လုပ်နည်းကို ၀တ်ရည် ရဲ့ ဘလော့ ထဲကပြန်ကူးပေးလိုက်ပါတယ်

ကြက်တောင်ပံ အစားသွပ် ချက်ပြုတ်နည်း

၁။ ကြက်တောင်ပံများကို (ဆား(လက်ဖက်ရည်ဇွန်း ၂ဇွန်း)၊ ကြက်သားမှုန့် (လက်ဖက်ရည်ဇွန်း ၂ဇွန်း)၊ ပဲငံပြာရည်အနောက်၊ သကြား(လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ ခရုဆီဲ(စားပွဲတင်ဇွန်း ၁ဇွန်း) ) ထည့်ရောနုယ်ပေးပါ။

၂။ အစာသွပ်ရန်အတွက် နှုတ်နှုတ်ဆင်းထားသော (ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း၊ မုန်လာဥနီ၊ ပြောင်းဖူသေး၊ ကြက်သား (စားပွဲတင်ဇွန်း ၆ဇွန်း))၊ ဂျုံ (စားပွဲတင်ဇွန်း တ၀က်)၊ ကြက်ဥ (ခေါက်ပြီး- တ၀က် )၊ နှမ်းဆီ (၃စက်)၊ ခရုဆီ(စားပွဲတင်ဇွန်း ၁ဇွန်း)၊ ဆား (လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ ကြက်သားမှုန့် (လက်ဖက်ရည်ဇွန်း ၁ဇွန်း) အားလုံးကို သမအောင် ရောနုယ်ပေးပြီ ပန်းကန်လုံး တစ်ခုထဲ ထည့်ထားပေးပါ။

၎။ ထို့နောက် ကြက်တောင်ပံများ အတွင်းသို့ အစာသွပ်ရန် ရောနုယ်ထားသော ဟင်းသီးဟင်းရွက်များဖြင့် အစာသွပ်ပေးပါ။

၅။ ပြီးလျှင် အစားသွပ်ပြီးသော ကြက်တောင်ပံများကို ပေါင်းအိုးထဲထည့်၍ ၁၀မိနစ်ခန့်ပေါင်းပေးပါ။

၆။ ပေါင်းပြီးလျှင် ကြက်တောင်ပံ များကို ဂျုံကပ်လိုက်ပါ။ (အိမ်မှာတော့ မုန့်ကြွပ်မှုန့်ရှိတာနဲ့ အဲဒါပဲကပ်လိုက်တယ်)

ရ။ ဒယ်ထဲ (သို့) ဆီကြော်အိုးထဲ ဆီများများထည့်၍ ကြက်တောင်ပံများ အညှိရောင်သန်းလာသည်အထိ နှစ်ကြော်ပေးပါ။

၈။ ကြက်တောင်ပံ အစားသွပ် ရပြီးဆိုလျှင် ဂျင်းဆော့ကို စတင် ချက်ပြုတ်ရပါမည်။


ဂျင်းဆော့ ချက်ပြုတ်နည်း

၁။ ဂျင်း(စားပွဲတင်ဇွန်း ၁ဇွန်း) ကို ပါးပါးလှီးပြီ ကြက်သွန်ဖြူ(၂မွှာ) ကို နှုတ်နှုတ်စင်းပါ။

၂။ ပြီးလျှင် ဒယ်ထဲသို့ ဆီ(စားပွဲတင်ဇွန်း ၂ဇွန်း) ထည့်ပြီး ကြက်သွန်ဖြူ၊ ဂျင်းများကို ဆီသပ်ပါ။အသင့်လှီးထားသော အသီးအရွက်များ ( မုန်လာဥနီ၊ ရွှေပဲသီး၊ ခရမ်းချဉ်သီး) ထည့်ပြီး ၁မိနစ်ခန့်ကြော်ပေးပါ။

၃။ ထို့နောက် ရေ(သို့) ကြက်ပြုတ်ရည် (လက်ဖက်ရည်ပန်းကန်လုံး ၁လုံး) စာထည့်လိုက်ပါ။

၎။ အရသာအပေါ့ အငံ့အတွက် ဒယ်ထဲသို့ ခရုဆီ(စားပွဲတင်ဇွန်း ၁ဇွန်း)၊ ပဲငံပြာရည်(စားပွဲတင်ဇွန်း တ၀က်)၊ သကြား(စားပွဲတင်ဇွန်း တ၀က်)၊ ဆား(လက်ဖက်ရည်ဇွန်း ၁ဇွန်း) ထည့်လိုက်ပါ။

၆။ နောက်ဆုံးမှ ကော်မှုန့်(စားပွဲတင်ဇွန်း တ၀က်)ကို ရေဖြင့် ဖျော်ပြီး လောင်းထည့်လိုက်ပါ။

ရ။ ရလာသော ဂျင်းဆော့ရည်များကို ကြက်တောင်ပံအစားသွပ် ပန်းကန်ပေါ်သို့ လောင်းချလိုက်ပါ။ ( ကြက်သွန်မိတ်လေးပါ အုပ်လိုက်ပါတယ်။ ပိုမွှေးသွားတာပေါ့)


အရမ်းစားကောင်းလို့ ဒီဟင်းချက်တိုင်း ၀တ်ရည်ကို ကျေးဇူးတင်ရပါတယ်။

Sunday, October 24, 2010

Chocolate Cheese Layer Cake


ကိတ်မုန့် အညိုပဲစားတဲ့ အဖေ့အတွက် စမ်းလုပ်ကြည့်ထားတဲ့ Chocolate cheese ကိတ်ပါ။ ထင်ထားတာထက်ပိုပြီး စားလို့ကောင်းနေလို့ လုပ်ရကြိုးနပ်သွားပါတယ်။ ချောကလက်အရသာနဲ့ cheese အရသာဆိမ့်ဆိမ့်လေးတွဲထားတာ ဘာနဲ့မှမတူပါဘူး။ လုပ်နည်းကတော့ တခြား Food blogger တစ်ယောက်ဆီက ရထားတာပါ။

လုပ်နည်း
  • Cream Cheese 150g
  • Sugar 25g
  • 1 Egg

အဲဒါတွေအားလုံးကို သမအောင်ရောမွှေထားလိုက်ပါ

Choco Batter အတွက်
  • Butter 100g
  • Sugar 80g
  • Flour 80g
  • 2 Eggs
  • 2 Tbsp of Cocoa Powder
  • 2 tsp of baking powder
  • 2 Tbsp of milk

  1. ဂျုံ၊ ပွဆေး နဲ့ ကိုကိုး မှုန့်ကို စကာ ချထားပါ
  2. သကြားနဲ့ ထောပတ်ကို ပွအောင်မွှေပါ
  3. ကြက်ဥကို တစ်လုံးချင်းစီ သမအောင် ထည့်မွှေပေးပါ။
  4. ဂျုံ နဲ့ နို့ကို သကြားထောပတ်အရောထဲ ထဲ့မွှေပေးပါ။
  5. ပြီးရင် မုန့်ဖုတ်မယ့် ခွက်ထဲကို ချောကလက် တစ်လွှာ၊ Cheese တစ်လွှာထည့်ပြီး ၁၇၀ ဒီဂရီမှာ ၄၀-၄၅ မိနစ် ဖုတ်ပေးပါ။
  6. အေးသွားရင် စိတ်ကြိုက်လှီးပြီး အသင့်သုံးဆောင်နိုင်ပါပြီ




မဖုတ်ခင်



အအေးခံတုန်း

စားရန်အသင့်

My special thanks to Jess @ http://bakericious.blogspot.com/ for sharing such a wonderful recipe. It was really nice. Chocolate and cheese, perfect combination and the taste is really superb. Thanks Jess!

** လုပ်နည်းထဲမှာ ကြက်ဥကို ဘယ်လိုကျန်သွားလဲ မသိဘူး... ဟိုနေ့ကမှ ရို့စ်ပြောလို့ သတိထားမိတာ..ခုပြန် update လုပ်လိုက်ပါပြီနော်..မုန့်ပျက်သွားရင် အထူးတောင်းပန်ပါတယ်***

Thursday, October 21, 2010

တရုပ်ကောက်ညှင်းပေါင်း



အကြိမ်ကြိမ်လုပ်စားဖြစ်တဲ့ တရုပ်ကောက်ညှင်းထုပ်ပါ။ ဒီတစ်ခါတော့ အဖေ နဲ့ အမေ့ ကိုလုပ်ကျွေးတာပါ။ ကြိုက်တယ်တဲ့။ လုပ်ရတာပင်ပန်းရကြိုးနပ်တာပေါ့နော်။ ကိုယ်တိုင်လည်း အရမ်းကြိုက်ပါတယ်။ မိဘတွေရောက်တုန်းမှာ လုပ်တတ်တာလေး နဲနဲကိုလုပ်ပေးရတာ (အမှန်က လုပ်တတ်နေပြီဖြစ်ကြောင်းကြွားချင်တာ များများပါ:D ။ ဟိုတုန်းက မီးဖိုချောင်လုံးဝ မ၀င်ခဲ့ဘူးလေ ) ကအမော။ ဘယ်လောက်ပဲ လုပ်နည်းအသစ်တွေတတ်တတ် အမေ့လက်ရာကို မီဖို့ကတော့ အတော်ဝေးပါသေးတယ်။ လုပ်နည်းချင်းတူရင်တောင် အမေ့လက်နဲ့ထိတဲ့ အစားအသောက်တွေကမှ ပိုပြီးအရသာရှိနေသလိုပါပဲ။ အမေ့လက်ရာကိုးနော် ။ ဘယ်တူပါ့မလဲ။

တရုပ်ကောက်ညှင်းပေါင်း လုပ်နည်းကတော့ ဒီမှာ ရေးဖူးပါတယ်။ မဖတ်ဖူးသေးသူများ သွားကြည့်လိုက်ပါနော်။



ဟင်းတစ်မျိုးထဲဖြစ်နေလို့ ဟိုးအရင် ၂ ပတ်လောက်က ကြော်ဖြစ်တဲ့ ကြက်ဥ၊ ဆူးပုတ်ကြော်လေးပါ အဆစ်ထည့်ပေးလိုက်တယ်။

Saturday, October 16, 2010

ပုဇွန်ကြော် (Cereal Prawn)

Cereal Prawn
ဒါလည်း စလုံးရောက်မှစစားဖူးတဲ့ ပုဇွန်ဟင်းတစ်ခွက်ပါ။ စလုံးရဲ့ ဟင်းလို့ထင်တာပါပဲ (သိပ်လည်းမပြောရဲဘူး တော်ကြာ ဗမာပြည်တစ်နေရာမှာ အရင်တုန်းကတည်းက ရှိပြီးသားတွေဘာတွေဖြစ်နေမှာစိုးလို့) ။ တစ်ခါတလေ စားရင်တော့ ကောင်းပါတယ်။ အမြဲတန်းဆိုရင်တော့ ဒါမျိုးထက် ပုဇွန်ဆီပြန်ဟင်းကို ပိုစားချင်ပါတယ်။ ဒါကတော့ တစ်ခါတစ်လေ အပြောင်းအလဲပေါ့။

အထုပ်မှာပါတဲ့ အညွှန်းအတိုင်းလုပ်လိုက်တာ လွယ်ပါတယ်နော်
  1. ပုဇွန်လေးတွေကို အခွံခွာပြီး သန့်ရှင်းရေးလုပ်ထား ပြီး ဆနွင်း၊ ဆား နယ်ထားပါ (အခွံမခွာပဲ အစာလမ်းကြောင်းကို ကျောခွဲပြီးထုတ်ရင်လည်းရပါတယ်။ ဆိုင်တွေမှာတော့ အခွံခွာလေ့မရှိဘူး)
  2. ပထမဆုံး ကြက်ဥ အနှစ် ၃ လုံးကို ခေါက်ပြီး ဆီပူပူထဲမှာကြော် ဆယ်ထား
  3. ပုဇွန်တွေကိုလည်း ဆီပူပူမှာကြော်ပြီး ဆီစစ်ထားပါ
  4. ဆီစားပွဲဇွန်း ၃ ဇွန်းလောက်ကို ပူအောင်တည်ပြီး ပျဉ်းတော်သိမ် နဲ့ ငရုပ်သီးစိမ်း ပါးပါးလှီးထားတာကို ဆီသတ်ပါ
  5. အနံမွှေးလာရင် cereal ထုပ်ကိုထည့်ပြီး ကြွပ်အောင်ကြော်ပါ။
  6. ပြီးရင်ပုဇွန် ၊ ကြက်ဥကြော်နဲ့ ရောမွှေလိုက်ရင် ရပါပြီ
ပျဉ်းတော်သိမ်၊ ပုဇွန် အနံ့ မွှေးမွှေးလေးနဲ့ စားလို့ကောင်းပါတယ်။

ဒါက Cereal Prawn အမှုန့်ထုပ်ပါ

Monday, October 11, 2010

မွေးနေ့အမှတ်တရ ချောကလက်ကိတ် (Choco Truffle)


အောက်တိုဘာလမှာ မွေးတဲ့ ညီမနှစ်ယောက်အတွက်ပေါင်းလုပ်လိုက်တဲ့ မွေးနေ့ကိတ်လေးပါ။ ဒီတစ်ခါ ညီမတွေမွေးနေ့က ပျော်စရာပါ။ အဖေ အမေ နဲ့အတူ မွေးနေ့ကို celebrate လုပ်ရတဲ့ အရသာကိုမရတာ ကြာပါပြီ။ ထွေထွေထူးထူးတော့ မချက်ကြပါဘူး။ အလွယ်တကူ Pizza ပဲမှာလိုက်ကြတယ်။



ဘာကိတ်လုပ်ရမလဲလို့စဉ်းစားနေတာကြာပါပြီ။ တစ်ယောက်က "မကြီး သမီးကိတ်မကြိုက်ဖူး ပူတင်းမှ" တဲ့။ နောက်တစ်ယောက်ကတော့ ဘာကိတ်ပဲဖြစ်ဖြစ် ရတယ်လို့ဆိုတယ်။ ဒါနဲ့ သစ်သီးကိတ်လုပ်ရမလား၊ Cheese ကိတ်လုပ်ရမလား စဉ်းစားရင်းနဲ့ နောက်ဆုံး အိမ်မှာ မလုပ်ရသေးတဲ့ ချောကလက်ကိတ်ကို အလှည့်ကျသွားပါတယ်။ ပူတင်းကြိုက်တဲ့သူအတွက်တော့ သပ်သပ်ဗန်းအသေးနဲ့ တစ်ဗန်းပေါ့။


ကိတ်မုန့်ကို တစ်ရက်ကြိုလုပ်ထားပါတယ်။ မနက်မှလုပ်ရင် အလျင်မမီမှာမို့လို့ပါ။ ထုံးစံအတိုင်း Base ကတော့ ခါတိုင်း သုံးနေကျ Sponge Recipe ပါပဲ။

ရလာတဲ့ကိတ်ကို အအေးခံ သုံးပိုင်းပိုင်းပြီး Sugar Syrup သုတ်ထားလိုက်တယ်။
ချောကလက် ခရင်မ် ကိုပြင်ပါမယ်။ ချောကလက် ၂၅၀ ဂရမ်ကို dobule boil နဲ့ အရည်ပျော်အောင်လုပ်။ အေးအောင်ထားပြီး whipping cream 200ml ၊ထောပတ် နဲ့ရောပြီး whipped လုပ်ပါ။ ဒါဆိုရင် ခရင်မ် အဆင်သင့်ဖြစ်ပါပြီ Decorate ကတော့ စိတ်ကြိုက်ပြင်ဆင်နိုင်ပါတယ်။ ကျွန်မကတော့ ခပ်ရိုးရိုးပဲလုပ်လိုက်ပါတယ်။ ပိုတဲ့ Chocoate Ganache ကိုတော့ ကိတ်ပေါ်လောင်းပြီး အလှဆင်လိုက်တယ်။ Ganache မခဲခင်မှာ ချောကလက် အဖြူလေးတွေကို လိုရာပုံဖေါ်လိုက်တယ်။ အဆန်းမလုပ်တတ်တော့လည်း အပြင်တစ်ဝိုင်း အလယ်မှာတ၀ိုင်းပေါ့။

အားလုံးပြီးသွားပြီဆိုရင်တော့ မစားခင် ရေခဲသေတ္တာထဲမှာ အနည်းဆုံး ၂ နာရီလောက်ထားပေးပါ။ဒါဆိုရင်စားဖို့ အသင့်ဖြစ်ပါပြီ။

ဒါကပူတင်းကြိုက်တဲ့သူအတွက်။

လှီးပြီးသား စားရန်အသင့်။ ခရင်မ် နဲနဲတော့များသွားတယ်။

Saturday, October 9, 2010

ချောကလက်သီးစုံကိတ် (Chocolate Fruit Cake)


မနေ့က အိမ်မှာ မုန့်ကုန်နေလို့လုပ်လိုက်တဲ့ အဖေ့အတွက် Fruit Cake လေးပါ။ အဖေက ကိတ်မုန့်ဆိုရင် အညိုရောင်ကိတ်မှ စားလို့ မူလပုံစံ Fruit Cake နဲ့ ခွဲထွက်ပြီး ချောကလက် Fruit Cake လုပ်လိုက်ပါတယ်။ သစ်သီးအတွက်ကို သစ်သီးခြောက်တွေကိုပဲသုံးပါတယ်။ ဒီမှာတော့ မုန့်ပစ္စည်းရောင်းတဲ့ဆိုင်မှာ သစ်သီးခြောက်အစုံကို အသင့်သုံးလို့ရအောင် အထုပ်ကလေးတွေနဲ့ရောင်းလို့ အဲဒါပဲထည့်လိုက်ပါတယ်။ သစ်သီးခြောက်ကို ကိုယ့်ဘာသာကိုယ်ပြင်စရာ မလိုတော့ မြန်တာပေါ့နော်။

လုပ်နည်းကတော့ အရင်တုန်းကလိုပါပဲ။ ပြန်ကူးထည့်ပေးလိုက်တယ်။ ပိုလာတာဆိုလို့ သစ်သီးခြောက်ထည့်မွှေလိုက်တာပဲ ရှိတာပါ။ သိပ်မချိုပဲTea Time သောက်လို့ကောင်းတဲ့ ကိတ်မုန့်လေးပါ။

Cake Batter
  • 200 grams all purpose flour + 2tbsp of Cocoa powder
  • 2 teaspoons baking powder
  • 1/4 teaspoon salt
  • 113 grams unsalted butter, at room temperature
  • 180 grams castor white sugar
  • 1 teaspoon pure vanilla extract
  • 3 eggs, separated
  • 120 ml milk
  • 1/4 teaspoon cream of tartar
  • some dry fruits
Method

  1. Sift together the flour,cocoa powder, baking powder, and salt. Set aside
  2. Cream the butter with the sugar until light and fluffy.Scrape down the sides of the bowl and then beat in the vanilla extract.
  3. Add the egg yolks, one at a time, beating well after each addition. Scrape down the sides of the bowl.
  4. Fold in the flour mixture (in three additions), alternately with the milk (in two additions), ending with the dry ingredients.
  5. In a clean bowl, whisk the egg whites with the cream of tartar just until the whites hold a firm peak.
  6. With a large spatula, gently fold the beaten egg whites into the cake batter in two additions. Then gently add in mixed fruits.
  7. Pour the batter into the cake pan, smoothing the top. Bake in preheated 160 degree oven for 45 minutes,or a toothpick inserted into the cake comes out clean
  8. Remove from oven and place on a wire rack to cool for about 10 minutes. Run a sharp knife around the edge of the pan and then invert the cake onto your serving plate.

Monday, October 4, 2010

ရိုးရိုးပူတင်း


ဒီတစ်ခါတော့ ရိုးရိုးပူတင်းပါ။ Bread Crumb ထည့်ထားလို့နဲ့တူပါတယ် ပူတင်းသားက အရင်တစ်ခေါက်လောက်မညက်ဘူး။ အရင်နည်းအတိုင်း ဘာမှမပြောင်းပဲ လုပ်ထားတာပါ။ လုပ်နည်းက ဒီမှာ ပါနော် ။ အလုပ်သိပ်မအားလို့ ဒီရက်ပိုင်း စာရှည်ရှည်မရေးနိုင်ပဲ ရှိတဲ့ပုံကိုပဲ ကမန်းကတန်းတင်လိုက်ပါတယ်။