Saturday, September 6, 2014

Cotton Soft Cheese Cake


ဒီတစ်ခါမှာတော့ ၀ါဂွမ်းလို နူးညံ့တဲ့ ချိစ်ကိတ် လုပ်နည်းလေးကို မျှဝေပေးချင်ပါတယ်။ နာမည်နဲ့ လိုက်အောင် နူးနူးညံ့ညံ့နဲ့ အရသာဆိမ့်လှတဲ့ ချိစ်ကိတ်ပါ။ ပုံမှန်ချိစ်ကိတ်ကို အီလိုမကြိုက်ရင် ဒါမျိုးလေး လုပ်စားရင်တောင် အကြိုက်တွေ့ကြမှာပါ

ပါဝင်ပစ္စည်းများ (၈လက်မ ကိတ်မုန့်တစ်ခုစာ)
သကြား - ၇၀ ၈ရမ်
ကြက်ဥအနှစ် - ၃ ခု
ကြက်ဥအကာ - ၃ ခု
လက်ဖက်ရည်ဇွန်း ၈ပုံတစ်ပုံစာ cream of tar tar (မရှိလျှင် လီမွန်ရည်နဲ့ အစားထိုးပါ)
ထောပတ် ၂၅ ဂရမ်
ခရင်မ်ချိစ် - ၁၂၅ ဂရမ်
နွားနို့ ၅၀ ဂရမ်
ကိတ်ဂျုံ (ဂျုံအနုစား) - ၃၀ ဂ၇မ်
ပြောင်းကော်မှုန့် ( corn flour) ၁၀ ဂရမ်
ဆား လက်ဖက်ရည်ဇွန်း ၈ ပုံတစ်ပုံ

ပြုလုပ်နည်း အဆင့်ဆင့်
1.    ပထမအဆင့်အနေနဲ့ ခရင်မ်ချိစ်၊ ထောပတ် နဲ့ နို့ကို ရေငွေ့နဲ့ အပူပေးပြီး ပျော်အောင်လုပ်ထားပါ။ ပြီးမှ လုံးဝအေးအောင် အအေးခံပါ။
2.    အေးသွားရင် ဂျုံ၊ ပြောင်းကော်မှုန့်၊ ဆား၊ ကြက်ဥအနှစ်ကို သမအောင်ရောမွှေထည့်ပေးပါ။

3.    နောက်တစ်ဆင့်အနေနဲ့ ကြက်ဥအကာ နဲ့ cream of tar tar ကိုရောကာ အမြုပ်ထအောင် မွှေပါ။ ဒီအဆင့်က အရေးအကြီးဆုံးပါ  ဒီအဆင့်မှာ ကြက်ဥအကာပျက်တာနဲ့ မုန့်ပျက်မှာပါ။ တစ်ချို့တွေ မုန့်သားကျစ်ကျစ်ကြီးတွေ ထွက်လာတာ ဒီအဆင့်မအောင်မြင်လို့ပါ။ အမြုပ်ထလာတာနဲ့ သကြားကို ထည့်ကာ soft peak ရောက်အောင်မွှေပါ။ မုန့်သားစေးပျစ်လာအောင် မွှေရပါမယ်။ ပုံမှပြထားပေးပါတယ်

4.    နောက်မှ ခုနက ရောထားတဲ့ ခရင်မ်ချိစ်၊ဂျုံအရောကို သမအောင် ရောမွှေပေးပါ။
5.    ဆီစိမ်စက္ကူခင်းထားတဲ့ ၈လက်မဗန်းထဲကို ထည့်ကာ ၁၆၀ ဒီဂရီအပူပေးထားသော အာဗန်မှာ ၁ နာရီ ၁၀ မိနစ်ဖုတ်ပေးပါ 
6.    လုံးဝအေးမှ သုံးဆောင်ပါ။





2 comments:

Anonymous said...

မမ..ဒီမှာဘဲ မုန့် လုပ်နည်းတွေ ဖတ်ပြီး ထောပတ် cup cake စမ်းလုပ် ကြည့်တာအောင်မြင်တယ်..အခု ဒီချိစ် ကိတ်လုပ်နည်းကို vedio နဲ့ တင်ပေးလို့ ရမလား..ပြီးတော့ ကျမ ရဲ့  အာဗန် ကအပူပေးထားလို့ မရ ဘူး..temperature,selector,timer/min ဒါဘဲပါတယ်..မီးအပူပေးထားရင် မုန်တခါဖုတ်တဲ့ အချိန်အတိုင်းပဲ.timer ပြည့်ရင် မီးလဲ ပိတ်သွားရော..မမ အားရင် ပြန်ရှင်းပြ ပါနော်..

ကျေးဇူးအရမ်းတင်ပါတယ်..
အဆိုင်း

Aunty Tint said...

Cotton Soft Cheese Cake လုပ်နည်းလေးအတွက် ကျေးဇူးပါ Evy ရေ... Cheese cake ကတော့ သားတွေရဲ့ အကြိုက်ပဲ ... :)