Saturday, February 20, 2016

Lamington




ကိတ်ကို ချောကလက်ရည်အုပ်ပြီး အုန်းသီးမှုန့်ဖုံးထားတဲ့ Lamington ကိတ်ပါ။
ကိတ်အတွက် ရိုးရိုး sponge cake ကိုအခြေခံကာသုံးပြထားပါတယ်။

ပါဝင်ပစ္စည်းများ
  • ကြက်ဥ ၂ လုံး
  • ဂျုံ ၇၀ ဂရမ်
  • သကြား ၄၀ ဂရမ်
  • ဆီ ၁၅ ဂရမ်
  • Baking Powder – ၂ ဂရမ်
  • ဗနီလာအနံ့ ၂ စက်ခန့်

ချောကလက်ရည်အတွက်
  • Semisweet Chocolate 200g
  • Butter -30 g
၂ခုကိုရောကာအရည်ပျော်အောင် double boil လုပ်ထားပါ။

ပြုလုပ်နည်း

Flour/ Baking powder ကိုဇကာချထားပါ။ ၈”x ၁၁” ဗန်းကို ဆီစိမ်စက္ကူခင်းထားပါ
ကြက်ဥ နဲ့ သကြားကို ribbon like stage ဖြစ်တဲ့ အထိစက်နဲ့မွှေပါ၊ ဗနီလာအနံ့ကိုလည်း ထည့်မွှေပါ
flour mixture ကို သမအောင် ဖြေးဖြေးမွှေပါ။ အရမ်းမွှေလို့မရပါ။
နောက်ဆုံးမှ ဆီကို မုန့်သားနဲနဲရောမွှေကာ ကျန်မုန့်နှစ်များထဲလောင်းထည့်ပြီး အသာအယာ ထပ်မွှေပါ။
ရလာတဲ့ မုန့်နှစ်ကို ဆီစိမ်စက္ကူခင်းထားသော မုန့်ဗန်းထဲထည့် ၊ ၁၇၀ ဒီဂရီ oven မှာ ၁၄ မိနစ် မိနစ်ကြာအောင်ဖုတ်ပေးပါ။ ပြီးရင် အအေးခံပါ။

ရလာတဲ့ကိတ်ကို ပုံပါအတိုင်းလေးထောင့်တုံးများတုံးပေးပါ။
ကိတ်အလွှာ၂ ခုကြားမှာ ချောကလက်သို့မဟုတ် စတော်ဘယ်ရီယို နှစ်သက်ရာထည့်နိုင်ပါတယ်။

ချောကလက်ညှပ်ထားသော ကိတ်အလွှာ ၂ ခုကို ပုံပါအတိုင်း အရည်ဖျော်ထားသော ချောကလက်ရည် ထဲနှစ်ကာ ပြန်ဆယ်ထားပါ။


ထို့နောက် အုန်းသီးမှုန့်များကပ်ကာ အလှဆင်လိုက်ရင်တော့ အရသာရှိတဲ့ lamington ရပါပြီ