ဒါအမဲသားလုံးဟင်းချက်ပြီး လက်ကျန်၃ ၄လုံးကို ဘ၀ပြောင်းထားတဲ့ ညနေစာပါ။ Subway က အမဲသားလုံး ဘာဂါကို တုပြီးလိုက်လုပ်ထားတာ။ စားလို့တော့ တော်တော်ကောင်းပါတယ်။
လုပ်နည်း
- အမဲသား ၂၅၀-၃၀၀ ဂရမ်
- ကြက်သွန်နီ ၁ ဥ - သေးသေးလှီးထား
- ဂျင်းမှုန့် စားပွဲဇွန်း ၁ ဇွန်း
- ကြက်ဥ ၁ လုံး
- ပေါင်မုန့်ခြောက် - စားပွဲဇွန်း၂ ဇွန်း
- ဆား၊ ကြက်သားမှုန့် - သင့်သလို
အဲဒါတွေအားလုံးကို ရောနယ်ပြီး အလုံးသေးသေးလေးတွေလုံးထားလိုက်ပါ
အနှစ်အတွက်
- ဆီ - စားပွဲဇွန်း ၃ ဇွန်း
- ကြက်သွန်နီ ၂ လုံး - သေးသေးလှီးထား
- ဂျင်း၊ကြက်သွန်ဖြူ အနည်းငယ်- ညက်ညက်ထောင်းထား
- ခရမ်းချဉ်သီး အနှစ် ၄ ဇွန်း
- cheese အမှုန့် - စားပွဲဇွန်း ၁ ဇွန်း
ပထမဆုံး ဆီသတ် ပြီး ကြက်သွန်ဖြူ ၊ နီ၊ ဂျင်းကို ထည့်ပါ။ ကြက်သွန်တွေ နွမ်းသွားရင် အမဲသားလုံးတွေကိုထည့်၊ ၃ မိနစ်လောက်နေရင် ခရမ်းချဉ်သီး အနှစ်ကိုထည့်ပါ။ တအားပြစ်ရင် ရေနဲနဲထပ်ထည့်ပြီး မီးပေါ်မှာ ၅ မိနစ်လောက်ထားပေးပါ။ ချခါနီးရင် cheese အမှုန့်ထည့်မွှေပြီး ၁ မိနစ်နေရင် မီးပေါ်ကချလိုက်ပါ။
ပေါင်မုန့်ထဲထည့်ဖို့ ခရမ်းချဉ်သီး၊ ဆလပ်ရွက်ကို ရေဆေးပြီး လှီးထားပါ။ ပေါင်မုန့်အရှည်လေးတွေကို ခလယ်ကနေခြမ်းပြီး garlic spread သုတ်ပြီး oven မှာ ၅ မိနစ်လောက်ကင်ပေးပါ။ ပြီးရင် ဆလပ်ရွက်၊ ခရမ်းချဉ်သီး ခင်းပြီးမှ အမဲသားလုံးနဲ့ အနှစ်တွေကို တင်ပါ။ Mayonnaise ၊ Chili Sauce ဆမ်းပြီးရင် စားဖို့အသင့်ဖြစ်ပါပြီ
Feedback ကတော့ Subway ထက်ပိုကောင်းတယ်ဆိုပဲ :D ။ စိတ်ဝင်စားရင် စမ်းကြည့်နိုင်ပါတယ်။