Showing posts with label Swiss Roll. Show all posts
Showing posts with label Swiss Roll. Show all posts

Tuesday, April 5, 2016

Vanilla swiss roll


Swiss Roll ကိုအရောင်လေးတွေစပ်ပြီး စိတ်ဝင်စားအောင်လုပ်ပြထားတာပါ။ အထဲက ခရင်မ်ကတော့ ပုံမှန် Whipping cream ကိုပဲသုံးထားပါတယ်

ပါဝင်ပစ္စည်းများ
  • ကြက်ဥ  ၃လုံး
  • သကြား ၈၀ ဂရမ်
  • ဂျုံ ၈၀ ဂရမ်
  • ပွဆေး (baking powder)  လက်ဖက်ရည် ဇွန်းထက်ဝက်
  • ထောပတ် ၃၀ ဂရမ် (အပူပေးပြီး ပျော်အောင်လုပ်ထားပါ)
  • ဗနီလာ အနံ့အနည်းငယ်

ကိတ်မုန့်လုပ်နည်းအဆင့်ဆင့်

(၁၀လက်မ x ၁၀လက်မဗန်း ဆီစိမ်စက္ကူခင်းထားပါ)
  1. ဂျုံနဲ့ ပွဆေးကို စကာချထားပါ။
  2. ကြက်ဥနဲ့သကြားကို ဖြူပြီး ပွလာအောင်စက်ဖြင့်ခေါက်ပေးပါ။ ribbon like stage ရောက်သည်အထိမွှေရပါမယ်။
  3. ပြီးမှ ဂျုံ+ ပွဆေး (စကာချပြီးသား)ကိုအသာအယာရောမွှေပေးပါ။
  4. နောက်ဆုံးမှ ဆီ + ဗနီလာ အနံ့ ကိုရောမွှေကာ မုန့်နှစ် သုံးပုံတစ်ပုံဖြင့်ရောပေးပါ။ ပြီးမှကျန်သောမုန့်နှစ်များထဲ ပြန်ရောထည့်ပေးပါ။
  5. ရလာသောမုန့်နှစ်ကို တစ်ဝက်ခွဲကာ ပန်းရောင် နဲ့ ခရမ်းရောင် အစားအသောက်ဆိုးဆေးထည့်ပေးပါ။ မိမိနှစ်သက်ရာ အခြားအရောင်များလည်း သုံးနိုင်ပါတယ်။
 
  1. မုန့်နှစ်များအသင့်ဖြစ်ပါပြီ
  2. ထို့နောက် မုန့်ဖုတ်စက္ကူခင်းထားသေားဗန်းတွင် မုန့်နှစ် ၂မျိုးကို  ဇောင်းပုံစံဖြည့်ခင်းပေးပါ။
 
  1. ဗန်းအပြည့်ခင်းပြီးလျှင်၁၇၀ဒီဂရီအပူပေးထားသော အာဗန်မှာ ၁၅မိနစ်ဖုတ်ရင်ရပါပြီ။ 
 
  1. မုန့်ကို ဗန်းထဲကထုတ်ပြီး ခဏအအေးခံပါ။ အေးသွားပြီဆိုမှ နှစ်သက်ရာ ခရင်မ်တစ်မျိုးမျိုး ကို မျက်နှာပြင်တွင် ဖြန့်ခင်းကာ မုန့်ကို အသာအယာလိပ်ပေးပါ။ 
 
  1. ဆန်းသစ်သော swiss roll အသင့်ဖြစ်ပါပြီ။

Saturday, February 21, 2015

ချောကလက်ဆွစ်ရိုး




ဒါကတော့ Food Magazine Feb Issue အတွက်လုပ်ပေးဖြစ်တဲ့ မုန့်တစ်ခုပါ။ Swiss Roll နှစ်သက်သူတွေ အကြိုက်တွေ့ကြမှာပါ

ပါဝင်ပစ္စည်းများ
  • ကြက်ဥ  ၄လုံး
  • သကြား ၈၀ ဂရမ်
  • ဂျုံ ၈၅ ဂရမ်
  • ကိုကိုးမှုန့် ၁၅ ဂရမ်
  • ပွဆေး (baking powder)  လက်ဖက်ရည် ဇွန်းထက်ဝက်
  • ဆီ ၄၀ ဂရမ်
  • ဗနီလာအနံ့- လက်ဖက်ရည်ဇွန်း ထက်ဝက်

ခရင်မ် အတွက်
·         Non dairy whipping cream - ၁၀၀  ဂရမ်
·          ချောကလက် ၇၀ ဂရမ်

၂ ခုလုံး ပျော်သွားအောင် double boil လုပ်ပြီးအပူပေးထားပါ။ အခန်းအပူချိန်အထိ အအေးခံပါ။ ထို့နောက် whipping cream ၈၀ ဂရမ်ကိုပွလာအောင် စက်ဖြင့်ခေါက်ပေးပါ။ အအေးခံထားသော ချောကလက်အရည် စားပွဲဇွန်း ၃ ဇွန်းခန့်ဖယ်ကာ ကျန်သောချောကလက်ရည်များအား တဖြည်းဖြည်းလောင်းထည့်ပေးပါ။ ဒါဆိုရင်တော့ ခရင်မ်အဆင်သင့်ဖြစ်ပါပြီ။



မုန့်လုပ်နည်းအဆင့်ဆင့်
(၁၀လက်မ x ၁၀လက်မဗန်း ဆီစိမ်စက္ကူခင်းထားပါ)
  1. ဂျုံ၊ ကိုကိုးပေါင်ဒါနဲ့ ပွဆေးကို စကာချထားပါ။
  2. ကြက်ဥနဲ့သကြားကို ဖြူပြီး ပွလာအောင်စက်ဖြင့်ခေါက်ပေးပါ။ Ribbon like stage ရောက်သည်အထိ ခေါက်ရပါမည်။
  3. ပြီးမှ ဂျုံ+ ပွဆေး + ကိုကိုးပေါင်ဒါ(စကာချပြီးသား)ကိုအသာအယာရောမွှေပေးပါ။
  4. နောက်ဆုံးမှ ဆီ+ ဗနီလာ ကိုရောမွှေပြီး မုန့်နှစ် သုံးပုံတစ်ပုံဖြင့်ရောပေးပါ။
  5. ရလာသောမုန့်နှစ်ကို ကျန်မုန့်နှစ်များထဲ ထည့်မွှေပါ။
  6. ထို့နောက် ၂၀၀ဒီဂရီအပူပေးထားသော အာဗန်မှာ ၁၃မိနစ်ဖုတ်ပေးပါ။
  7. မုန့်ကို ဗန်းထဲကထုတ်ပြီး ခဏအအေးခံပါ။
  8. ထို့နောက် ဆီစိမ်စက္ကူတစ်ခုပေါ်တွင် မုန့်ကို မှောက်ချပေးပါ (အပေါ်မျက်နှာပြင်သည် ဆီစိမ်စက္ကူပေါ်မှာကျရပါမည်)။
  9. နောက် မုန့်အောက်ခြေမှာကပ်ပါနေသော ဆီစိမ်စက္ကူကို အသာအယာခွာပါ
  10. ခရင်မ် ကို ထိုမျက်နှာပြင်တွင် ဖြန့်ခင်းကာ မုန့်ကို အသာအယာလိပ်ပေးပါ။
  11. ရလာသော မုန့်ပေါ်တွင်လည်း ချန်ထားသောချောကလက်ရည် ကိုအသာအယာလောင်းချပေးကာ အနီရောင်သကြားခဲများ ဖြူးပြီး အလှဆင်ပါ။

Wednesday, December 3, 2014

ချိစ်အမျှင်ဆွစ်ရိုး






သိပ်မထူးဆန်းပဲ အရသာရှိတဲ့ ဆွစ်ရိုးလုပ်နည်းလေးတစ်မျိုးကို မျှဝေပေးလိုက်ပါရစေ။်နူးညံ့တဲ့ မုန့်သားနဲ့ ခရင်မ်ချိစ်ထောပတ်ခရင်မ်ဟာ လိုက်ဖက်ညီလှပြီး အပေါ်ကချိစ်အမျှင်လေးတွေဖြူးလိုက်တော့ ဆိမ့်ဆိမ့်လေးနဲ့ စားကောင်းလှပါတယ်။ ခါးသက်သက်အရသာရှိတဲ့ ကော်ဖီတစ်ခွက်နဲ့ တွဲဖက်လိုက်ရင်တော့ သိပ်ပြည့်စုံတဲ့ နေ့လယ်ခင်းကော်ဖီချိန်ဖြစ်သွားမယ်ဆိုတာကို အသေအချာအာမခံရဲပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  • ကြက်ဥ  ၄လုံး
  • သကြား ၈၀ ဂရမ်
  • ဂျုံ ၁၀၀ ဂရမ်
  • ပွဆေး (baking powder)  လက်ဖက်ရည် ဇွန်းထက်ဝက်
  • ဆီ ၄၀ ဂရမ်
  • ဗနီလာအနံ့- လက်ဖက်ရည်ဇွန်း ထက်ဝက်

ခရင်မ် အတွက်
  • ထောပတ် ၅၀ဂရမ်
  • ခရင်မ်ချိစ် ၁၁၀ ဂရမ်
  • ပေါင်ဒါသကြား ၁၅၀ ဂရမ်
  • ဗနီလာ လက်ဖက်ရည် ၁ ဇွန်း
ခရင်မ်အတွက် ဗနီလာ၊ ထောပတ်နဲ့ cream cheese ကိုအရင်သမအောင်ရောမွှေပေးပါ။ ပြီးရင သကြားမှုန့်ကို ထည့်ပြီး အရှိန်နည်းနည်းနဲ့မွှေပေးပါ။  သမသွားပြီဆိုမှ အရှိန်များများနဲ့ ညက်အောင် ၇ မိနစ်လောက်မွှေပေးပါ။ ဒါဆိုရင် ခရင်မ်ရပါပြီ


မုန့်လုပ်နည်းအဆင့်ဆင့်
(၁၀လက်မ x ၁၀လက်မဗန်း ဆီစိမ်စက္ကူခင်းထားပါ)
  1. ဂျုံနဲ့ ပွဆေးကို စကာချထားပါ။
  2. ကြက်ဥနဲ့သကြားကို ဖြူပြီး ပွလာအောင်စက်ဖြင့်ခေါက်ပေးပါ။ Ribbon like stage ရောက်သည်အထိ ခေါက်ရပါမည်။
  3. ပြီးမှ ဂျုံ+ ပွဆေး (စကာချပြီးသား)ကိုအသာအယာရောမွှေပေးပါ။
  4. နောက်ဆုံးမှ ဆီ+ ဗနီလာ ကိုရောမွှေပြီး မုန့်နှစ် သုံးပုံတစ်ပုံဖြင့်ရောပေးပါ။
  5. ရလာသောမုန့်နှစ်ကို ကျန်မုန့်နှစ်များထဲ ထည့်မွှေပါ။
  6. ထို့နောက် ၂၀၀ဒီဂရီအပူပေးထားသော အာဗန်မှာ ၁၃မိနစ်ဖုတ်ပေးပါ။
  7. မုန့်ကို ဗန်းထဲကထုတ်ပြီး ခဏအအေးခံပါ။ 
 
  1. ထို့နောက် ဆီစိမ်စက္ကူတစ်ခုပေါ်တွင် သကြားမှုန့်အနည်းငယ်ဖြူးကာ မုန့်ကို မှောက်ချပေးပါ (အပေါ်မျက်နှာပြင်သည် ဆီစိမ်စက္ကူပေါ်မှာကျရပါမည်)။
  2. နောက် မုန့်အောက်ခြေမှာကပ်ပါနေသော ဆီစိမ်စက္ကူကို အသာအယာခွာပါ
  3. ခရင်မ် ကို ထိုမျက်နှာပြင်တွင် ဖြန့်ခင်းကာ မုန့်ကို အသာအယာလိပ်ပေးပါ။
  4. ရလာသော မုန့်ပေါ်တွင်လည်း ခရင်မ် အနည်းငယ် သုတ်လိမ်းကာ ချိစ်အမျှင်ဖြူးပြီး သုံးဆောင်နိုင်ပါပြီ


Thursday, October 30, 2014

Banana Swiss Roll




နူးညံ့လှတဲ့ ငှက်ပျောသီးနဲ့ လုပ်ထားတဲ့ ဆွစ်ရိုးမုန့်လုပ်နည်းလေး တစ်ခုကို မျှဝေပေးချင်ပါတယ်။ ဒီမုန့်လုပ်နည်းရဲ့ ကွာခြားချက်ကတော့ Baking Powder လို့ခေါ်တဲ့ ပွတက်စေတဲ့ ပစ္စည်းတစ်ခုမှမပါပဲ ကြက်ဥနဲ့တင်ပွစေတာပါပဲ။ သူ့ရဲ့အကျိုးရလာဒ်ကတော့ သိပ်သည်းပြီး နူးညံ့တဲ့ မုန့်သားကို ဖြစ်စေတာပါ။ မုန့်ထဲမှာ သုံးတဲ့ ငှက်ပျောသီးယိုကိုတော့ ကိုယ်တိုင်ပဲထိုးပါတယ်။ လုပ်နည်းလေးကြည့်ကြရအောင်

ငှက်ပျောသီးယို
·         ငှက်ပျောသီးအသေးတစ်လုံး
·         ကြက်ဥ တစ်လုံး
·         ပြောင်းကော်မှုန့် စားပွဲဇွန်း ၁ ဇွန်း
·         သကြား စားပွဲဇွန်း ၃ ဇွန်း
·         နွားနို့ ၁၄၀ ဂရမ်
ငှက်ပျောသီးကို ကြေအောင်ချေပြီးမှ ကျန်သောပစ္စည်းများရောထည့်ပါ။ ဖြစ်နိုင်ရင် ဇကာတိုက်ပါ။ နောက်မှ မီးပေါ်တင်ကာ ပျစ်အောင်မွှေပြီး ပန်းကန်တစ်ခုထဲထည့် အပေါ်မှာ ပလတ်စတစ်အုပ်ကာ ရေခဲသေတ္တာထဲမှာ လုံးဝ အေးသည်အထိ အအေးခံပါ။


Sponge cake အတွက် ပါဝင်ပစ္စည်းများ
အုပ်စု (၁)
·         ကိတ်ဂျုံ ၈၀ ဂရမ်
·         သကြား ၂၀ ဂရမ်
·         ကြက်ဥအနှစ် ၄ လုံး
·         Sunflower Oil  ၃၀ ဂရမ်
·         နွားနို့ ၃၀ ဂရမ်
·         ဗနီလာအနံ့ အနည်းငယ်

အုပ်စု (၂ )
·         ကြက်ဥအကာ - ၄ ခု
·         သကြား ၅၀ ဂရမ်
·         Cream of tar tar - လက်ဖက်ရည်ဇွန်း ၄ ပုံတစ်ပုံ
လုပ်နည်းအဆင့်ဆင့်
(၁၀လက်မ x ၁၀လက်မဗန်း ဆီစိမ်စက္ကူခင်းထားပါ)
  1. ဂျုံ၊ ကို စကာချထားပါ။
  2. ကြက်ဥအနှစ်နဲ့သကြားကို ဖြူလာအောင်ခေါက်ပေးပါ။ ထို့နောက် ဆီ၊ နွားနို့၊ ဗနီလာအနံ့နဲ့ ဂျုံထည့်မွှေပေးပါ။ 
 

  1. နောက်တစ်ဆင့်အနေနဲ့ ကြက်ဥအကာ နဲ့သကြားကို ဖြူပြီး ပွလာအောင်စက်ဖြင့်ခေါက်ပေးပါ။ Medium Peak ရောက်သည်အထိ ခေါက်ရပါမည်။
  2. ခေါက်ထားသော ကြက်ဥအကာ နဲ့ အနှစ်များထဲမှာ စားပွဲဇွန်း ၂ ဇွန်းစီခွဲထုတ်ကာ အ၀ါရောင်ရောကာ ပြင်ထားသော ဗန်းမှာ ငှက်ပျောသီးပုံလေးများဖော်ပါ။ ထို့နောက် ၁၈၀ ဒီဂရီအပူပေးထားသော အာဗန်မှာ ၁ မိနစ်ဖုတ်ပြီး အအေးခံပါ။
 
  1. ပြီးမှ ကြက်ဥအနှစ်ထဲ ကြက်ဥအကာ ၃ ပုံတစ်ပုံကိုရောထည့်ပါ
  2. ရလာသောမုန့်နှစ်ကို ကျန်မုန့်နှစ်များထဲ ထည့်မွှေပါ။
  3. ထို့နောက် ၁၇၀ ဒီဂရီအပူပေးထားသော အာဗန်မှာ ၁၅မိနစ်ဖုတ်ပေးပါ။
  4. မုန့်ကို ဗန်းထဲကထုတ်ပြီး ခဏအအေးခံပါ။
  5. ပြင်ထားသော ငှက်ပျောယိုကို ထိုမျက်နှာပြင်တွင် ဖြန့်ခင်းကာ မုန့်ကို အသာအယာလိပ်ပေးပါ။
 

  1. ရေခဲသေတ္တာထဲတွင် အနည်းဆုံး ၃ နာရီခန့်ထားပြီးမှ သုံးဆောင်ပါ။