Baking Essentials/ Principle

Baking Principle 

 ဒီအပိုင်းကတော့ ခုမှ မုန့်စပြီးလုပ်မယ့်သူများအတွက် အသုံးဝင်မယ့် အပိုင်းပဲ ဖြစ်ပါတယ်။ ကျောင်းမှာသင်ယူခဲ့ရသော စာတွေ့များ နှင့် မုန့်ဖုတ်သက်တမ်းတောက်လျောက်တွင် တွေ့ကြုံခဲ့ရသော လက်တွေ့သင်ခန်းစာများထဲမှနေပြီး ကောက်နုတ်ဖော်ပြထားသည်များကို စုစည်းထားခြင်းပါ။

  1. မုန့်ဖုတ်ရာတွင် လိုက်နာသင့်သော အချက်များ
  2. ဂျုံအကြောင်း တစေ့တစောင်း
  3. Cup cake or Muffin?
  4. Mixer အသုံးပြုနည်း
  5. Sponge gel ဆိုတာဘာလဲ?
  6. Whipping Cream 
  7. ကြက်ဥအနှစ်နဲ့ အကာ ကွာခြားချက်
  8. Baking Soda, Baking Powder and Yeast 
  9. Sponge cake ပျက်စေသော အကြောင်းအရင်းများ
 Baking Essentials
မုန့်ဖုတ်တာနဲ့ ပတ်သက်ပြီး ဘယ်လိုအာဗင်မျိုး ၊ ဘယ်လိုမွှေစက်မျိုး ၀ယ်သလဲဆိုတာ သိချင်တဲ့သူတွေ အဆင်ပြေအောင် ကျွန်မသုံးနေတဲ့ ပစ္စည်းလေးတွေ၊ သုံးသင့်တဲ့ ပစ္စည်းတွေကို မျှဝေပေးထားခြင်းဖြစ်ပါတယ်။ စာဖတ်သူတွေထဲကလည်း မုန့်ဖုတ်တဲ့ ပစ္စည်းလေးတွေအကြောင်းသိရင် (ဒါမှမဟုတ် ကျွန်မပေးတဲ့ အချက်အလက်လေးတွေ မှားနေတယ်ထင်ရင်လဲ)ပြောပြနိုင်ပါတယ်နော်။

Oven
လောလောဆယ် သုံးတဲ့အာဗင်က Panasonic ကထုတ်တဲ့ Inverter oven အမျိုးအစားပါ။

ဒီအာဗင်က microwave ၊electric ၂မျိုးလုံးသုံးလို့ရပါတယ်။ သူ့ရဲ့အားသာချက်ကတော့ မုန့်ဖုတ်နေတုန်းမှာ မုန့်ဗန်းက လည်နေတဲ့အတွက် အပူချိန်ကို ညီမျှစေပါတယ်။ ဒါပေမယ့်လည်း အဲလိုလည်တဲ့အတွက်ကြောင့် မုန့်ဗန်းကြီးကြီးကို ထည့်လို့မရပါဘူး။ နောက်တစ်ခုက ၂ မျိုးလုံးပါတဲ့အတွက် နေရာသက်သာပေမယ့်လို့ မုန့်ဖုတ်တဲ့ဟာသီးသန့်မဟုတ်တော့ သိပ်တော့ မကောင်းပါဘူး။ အနံ့တွေရောတတ်ပါတယ်။ အဲဒါကြောင့် အာဗင်ဝယ်မယ်ဆိုရင်
  1. မုန့်ဖုတ်ဖို့ ရည်ရွယ်ချက်ရှိတယ် ဆိုရင် Electric Oven သီးသန့်ကိုဝယ်ပါ။ 
  2. ဒုတိယ တစ်ချက်က ပန်ကာပါတဲ့ Oven ကိုဝယ်ပါ။ အဲလို အမျိုးအစားဟာ မုန့်ဖုတ်တဲ့အခါအပူချိန်ညီမျှစေပါတယ်။ Oven ထဲကို ကြည့်လိုက်ရင် နောက်နားမှာ ပန်ကာသေးသေးလေး ကိုတွေ့ရပါလိမ့်မယ်။ အဲဒီ ပန်ကာကို ပိတ်လို့ရတဲ့ Option ပါရင်ပိုကောင်းပါတယ်။
  3. Oven အထဲမှာ အဆင့်ဘယ်နှစ်ဆင့် (low rack/ middle) ပါလဲဆိုတာကြည့်ပါ။ အနဲဆုံးတော့ ၂ ဆင့်တော့ပါသင့်ပါတယ်။ ဒါမှ လိုအပ်သလို မုန့်ဗန်းကို အနိမ့်အမြင့်ညှိလို့ရမှာမို့ပါ။
  4. အနည်းဆုံး ၂၈ လီတာဆန့်တဲ့အာဗင်ကို ၀ယ်ပါ။ သိပ်သေးလွန်းရင်လဲ အပူချိန်က ညှိရအဆင်မပြေဖြစ်တတ်ပါတယ်။ 
  5. အပေါ်မီးအောက်မီး ညှိလို့ရတဲ့ Function ပါရင်ပိုအဆင်ပြေပါတယ်။

 ဒါလေးတွေက ကျွန်မသိထားတဲ့ အခြေခံအချက်ကလေးတွေပါ။ ဈေးကတော့ အစားစားပါပဲ။ ၁၀၀ ကျော်တန်ကနေ ထောင်ကျော်တန်တဲ့ဟာတွေရှိပါတယ်။ ပုံမှန်အားဖြင့်တော့ Build in မဟုတ်ဘူးဆိုရင် ၃၀၀ပတ်ဝန်းကျင်လောက်ဆိုရင် ကောင်းကောင်းရနိုင်ပါတယ်။




Kitchen Scale/ Measuring Cups/ Spoons
မုန့်ဖုတ်တဲ့နေရာမှာ နောက်တစ်ခု အရေးကြီးတာကလည်း အချိန်အတွယ်ပါ။ တစ်ချို့ကလည်း အချိန်အတွယ်ကို ခန့်မှန်းနဲ့ထည့်ကြပါတယ်။ အဲဒီအလေ့အကျင့်ဟာမလုပ်သင့်တဲ့ အလေ့အကျင့်လို့ ကျွန်မထင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်မတို့တွေ အများစုဟာ ငယ်ငယ်ကတည်းက အိမ်မှာမုန့်ဖုတ်တဲ့ဓလေ့ (အင်္ဂလိပ်မုန့်အချင်အတွယ်တွေ) နဲ့ကြီးပြင်းလာသူတွေမဟုတ်ပါဘူး။ ဗမာဟင်းတွေကို လိုတိုးပိုလျော့လုပ်ရင် မပျက်နိုင်ပေမယ့် ကိုယ်မကျွမ်းကျင်လာတဲ့ အရာအတွက်ကတော့ ဒါမျိုးလုပ်ရင် မုန့်ပျက်ဖို့က ၈၀% သေချာနေလို့ပါဘဲ။ နောက်တစ်ခုက ကိတ်မုန့်လုပ်တာကလည်း ကျွန်မတို့ကျောင်းမှာ သင်ရတဲ့ physic/ chemistry တွေနဲ့လည်းဆိုင်နေပါသေးတယ်။ စကားကြီးစကားကျယ်ပြောတာ မဟုတ်ပါဘူးနော်။ တကယ့်ကို ကျွန်မတို့မုန့်ဖုတ်သင်တန်းကျောင်းမှာ အဲလိုကိုပြောပြီးသင်တာပါ။ ဥပမာအားဖြင့် မုန့်သားပွတက်လာတာကလည်း chemical reaction တစ်မျိုးပါဘဲ။ ဂျုံ၊သကြား၊ကြက်ဥ စတဲ့ ပါဝင်ပစ္စည်းတွေဟာ သူနေရာနဲ့သူအလုပ်လုပ်တဲ့ပုံချင်
းမတူကြပါဘူး။ ဒါကြောင့် မုန့်ဖုတ် Ingredient တွေကိုအချိန်အဆ လျော့မယ်တိုးမယ်ဆိုရင် သူတို့ရဲ့ သဘောသဘာဝနဲ့ လုပ်ဆောင်ချက်ကို သိမှ မှန်မှန်ကန်ကန်အတိုးအလျော့လုပ်တတ်မှာပါ။ အကြံပေးချင်တာကတော့ မုန့်လုပ်မယ်ဆိုရင် စာအုပ်ထဲ၊ အညွှန်းထဲမှာ ပြောထားတဲ့ အတိုင်းအဆအတိုင်းကို အတိအကျလိုက်နာပါလို့။

photo courtesy of Google image

ဒါ့ကြောင့်  Kitchen Scale တစ်ခုကတော့ မုန့်လုပ်မယ့်သူတွေအတွက် မရှိမဖြစ်အရေးပါပါတယ်။ ဒစ်ဂျစ်တယ်နဲ့ ရှိသလို ရိုးရိုးဟာလည်း ရှိပါတယ်။ ဖြစ်နိုင်ရင်တော့ ဒစ်ဂျစ်တယ်ကို ၀ယ်ဖို့အကြံပေးချင်ပါတယ်။  ဒီ kitchen scale အပြင်နောက် အသုံးဝင်မယ့် ပစ္စည်းလေးက Cup measurement ခွက်လေးတွေပါ။
photo courtesy of Google image


တချို့ recipe တွေဟာ Cup နဲ့ချိန်တွယ်ကြတာမို့  ဒါလေးကလည်း အသုံးဝင်နိုင်ပါတယ်။ နောက်ဆုံး measurement ပစ္စည်းလေးကတော့ Table spoon / teaspoon ချိန်ဖို့ဇွန်းလေးတွေပါ။
photo courtesy of Google image


ဒါလေးတွေကလည်း သေးသေးမွှားမွှားချိန်တွယ် စရာလေးတွေ ဥပမာ အမွှေးနံ့တို့ဘာတို့ထည့်ရင် အသုံးဝင်ပါတယ်။



မုန့်ဖုတ်တဲ့ဗန်း



Courtesy of Google image

ခုခေတ်မှာ မုန့်ဖုတ်တဲ့ ဗန်းအမျိုးအစားတွေက အမျိုးမျိုးပေါများလှပါတယ်။ ရိုးရိုးဒန်ဗန်းကနေစပြီး မကပ်တဲ့ဗန်းမျိုးကနေ နောက်ဆုံးပေါ် silicon နဲ့လုပ်တဲ့ ဗန်းစသဖြင့် ဈေးအစားစား အရွယ်စုံ ဆိုဒ်စုံရှိပါတယ်။ ဗန်းလေးတွေကလည်း ချစ်စရာလိုချင်စရာလေးတွေပေါ့။
ဒါပေမယ့် မုန့်ကောင်းကောင်းရဖို့အတွက် ဗန်းကလည်း အရေးပါပါသေးတယ်။ ဈေးကြီးတိုင်း မကောင်းသလို ဈေးပေါတိုင်းလည်း မညံ့လှပါဘူး။
 အဓိကက အရည်အသွေးကောင်းတဲ့ မုန့်ထွက်ဖို့အဓိကပေါ့နော်။ ကျွန်မအရင်သင်တန်းမတက်ခက်တုန်းက မုန့်ဖုတ်တဲ့ဗန်းကို ထင်သလိုစိတ်ကြိုက်ဝယ်ခဲ့ဖူးပါတယ်။
ဒါပေမယ့် သင်တန်းကဆရာတွေ သတိပေးပြီးတဲ့နောက်မှာ ရိုးရိုးဒန်ဗန်းကိုပဲ ၀ယ်ပါတော့တယ်။

ဘာဖြစ်လို့လဲ။ ပစ္စည်းတွေမှာ အရောင်ကိုလိုက်ပြီး အပူချိန်စုပ်ယူအားကွာခြားပါတယ်။ ဒါကိုကျွန်မတို့ ငယ်ငယ်တုန်းကတည်းက သင်ဖူးပါတယ်။
မုန့်လုပ်တော့ ဒီအချက်ကို သတိလွတ်သွားတယ်။ အမည်းရောင်ရှိတဲ့ ဗန်း (မကပ်အောင်လုပ်ထားတဲ့ဗန်း)ဟာ အပူချိန်ကိုပိုပြီး စုပ်ယူနိုင်ပါတယ်။
မုန့်ဖုတ်ရာမှာ အသင့်တော်ဆုံးဗန်းက ဒန်ဗန်းပါတဲ့။ တကယ်လို့များ လုပ်နည်းတွေထဲမှာ ရိုးရိုးဗန်းကိုသုံးပြီး ကိုယ်ကအမဲရောင်ဗန်းကိုသုံးမယ်ဆိုရင် မုန့်ဖုတ်ချိန်ကို ပြန်ပြီး ညှိပေးရပါလိမ့်မယ်။
ဒါ့အပြင် ဗန်းအရွယ်အစားကွာမယ် ဆိုရင်လဲ မုန့်ဖုတ်ချိန်ကို ညှိပေးရတာပါပဲ။
အကောင်းဆုံးက မုန့်ဖုတ်တဲ့အချိန်မှာ ပစ်မထားပဲ မုန့်အနေအထားကိုစောင့် ကြည့်နေတာအကောင်းဆုံးပါပဲ (ကျွန်မလဲ အဲလိုအမြဲစောင့်ကြည့်လေ့ရရှိပါတယ်)

နောက်ဆုံးပေါ်တစ်မျိုးဖြစ်တဲ့ Silicone ကတော့ ကျွန်မ မသုံးဖူးလို့ သူ့အကြောင်းကိုသေချာမသိပါဘူး။ ဒါပေမယ့် ခေါက်နိုင်ပြုနိုင်တဲ့ ဗန်းတွေမို့လို့ လူတွေသဘောကျကြပါတယ်။
ကျွန်မလို မုန့်ခဏခဏလုပ်တတ်တဲ့ အလေ့ရှိရင် အိမ်မှာဆောင်ထားသင့်တဲ့ ဗန်းလေးတွေကို ပြောပြချင်ပါတယ်။


၈လက်မ*၈လက်မဗန်း - ဘရောင်နီတို့ဘာတို့လုပ်ဖို့သင့်တော်ပါတယ်
Courtesy of Google image


၈လက်မ*၃လက်မဗန်း - ထောပတ်ကိတ်လိုအမျိုးအစားတွေအတွက်

Courtesy of Google image

၆လက်မ အ၀ိုင်းဗန်း(အောက်ခြေဖြုတ်လို့ရတဲ့ ဗန်းမျိုး)  - sponge cake/ cheese cake အတွက်သင့်တော်ပါတယ်
Courtesy of Google image

၆ ခုစာ Muffin tin လေးတွေ
Courtesy of Google image

၁၀လက်မ*၁၀လက်မ အနိမ့်ဗန်း -ကွတ်ကီးတို့ swiss roll တို့အတွက်သင့်တော်ပါတယ်။


Courtesy of Google image

နောက်ထပ် Chiffon tin တို့ pastry ခွက်တို့ ရှိသေးပေမယ့် အပေါ်ကပြတဲ့ဗန်းတွေနဲ့ဆိုရင်တော့ အမျိုးတော်တော်စုံအောင်လုပ်လို့ရနေပါပြီ

8 comments:

May Hmom... said...

Evy..I love your idea,I'm bargainer for baking..Thank you..
Wuthmom

suyi nandar said...

အမ..ရေ ညီမအိမ်မှာရှိတဲ့ oven ကလဲ.အမ ပြထားတဲ့ panasonic oven ပါပဲ.ဒါပေမယ့်..setting တွေကိုမသိလို့ မလုပ်ရဘူးဖြစ်နေလို့ပြောပြပေးပါလား?Thks you so much for yr sharing. I'm Suyi.

Evy said...

အစ်မပို့စ်တစ်ခုနဲ့ သပ်သပ်တင်ပေးပါ့မယ်နော်

suyi nandar said...

မရေ...Oven Setting Post လေးကိုစောင့်နေပါ့မယ်နော်.

Evy said...

ဟယ် sorry နော် အစ်မ မေ့နေတာ

Anonymous said...

hi sis,may i know where did u learn ur bakery course? i m interested in attending this course. can u recommend me some classes in singapore?

maohnmar said...

I like this blog.

Unknown said...

ကောင်:တယ်။ ကျွန်တော်က Farfalla ကထုတ်တဲ့ Electric Oven ကို သုံ:တယ်။
Try more!