ဒီဟင်းပွဲကတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ မြန်မာပြည်ပြန်တုန်းက
အိမ်မှာချက်တဲ့ဟင်းတစ်ခွက်ပါ။ ပူပူစပ်စပ်နဲ့ သောက်လို့ကောင်းတာကြောင့် ချက်နည်းကို
ပြန်လည် မျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
·
ကြက်တစ်ခြမ်း - သေးသေးခုတ်ထားပါ
·
ဆင်ခရမ်းချဉ်သီး - ၁၀ လုံး
·
ကြက်သွန်နီ ၂ လုံး
·
ကြက်သွန်ဖြူ ၁ ဥ
·
အာပူရွက် အနည်းငယ်
·
ချင်း လက်တစ်ဆစ်
·
ဆနွင်း ပါရုံမျှ
·
ငါးပိ လက်ဖက်ရည်ဇွန်း ၁ ဇွန်းခန့်
·
ဆားသင့်ယုံ
·
ငရုတ်သီးစိမ်း ၆ တောင့်ခန့်
·
ဆီ စားပွဲဇွန်း ၂ ဇွန်းခန့်
ချက်နည်း
ကြက်သွန်ဖြူ၊နီ၊ချင်းနဲ့ ငရုတ်သီးစိမ်း များကိုရောထောင်းထားပါ။
ခရမ်းချဉ်သီးများကိုလည်း ပါးပါးလှီးပါ။
အာပူရွက်မှလွဲပြီး ကျန်ပစ္စည်းမျာကို ချက်မည့်အိုးထဲထည့်ကာ
ရောမွှေကာလုံးနယ်ထားပါ။
၁၅ မိနစ်ခန့်နှပ်ပြီးအကြာမှ ရေအနည်းငယ်ထည့်ကာ လုံးပါ။
ကြက်သားများအရောင်ပြောင်းပြီဆိုမှ ရေထပ်ထည့်ကာ ဆူပွက်အောင်တည်ပါ။
ကြက်သားနူးပြီး မီးပေါ်မှချကာနီးမှ အာပူရွက်ထည့်ကာ သုံးဆောင်နိုင်ပါပြီ။