Wednesday, September 25, 2013

ငါးထမင်းနယ်


စားလို့ကောင်းတဲ့ ငါးထမင်းနယ်ပါ။ တော်တော်များများလုပ်တတ်ကြမယ်ထင်ပါတယ်။ လွယ်ကူမြန်ဆန်ပြီး အရသာရှိသော ထမင်းတစ်ပွဲဆိုရင်လည်း မမှားပါဘူး။ 

ပါဝင်ပစ္စည်းများ

  • ထမင်းချက်ပြီးသား
  • ခရမ်းချဉ်သီး ၂ လုံး
  • ငါးတစ်ကောင်
  • အာလူးအကြီး ၁ လုံး
  • ပဲပုပ်ထောင်း အနည်းငယ်
  • ကြက်သွန်ဖြူဆီချက်
  • ဂျူးမြစ်
  • ငရုပ်သီးတောင့်ကြော်


ပြင်ဆင်နည်း

  • ထမင်းကို ခါတိုင်းချက်နေကျထက် ရေပိုထည့်ပြီးချက်ထားပါ
  • ခရမ်းချဉ်သီးကို ဆနွင်းပါရုံမျှထည့်ကာ နူးအောင်အရင်ပြုပ်လိုက်ပြီး ချေထားလိုက်ပါ
  • ငါးကိုလည်း ဆား၊ဆနွင်းထည့်ကာ ရေခမ်းပြုပ်ပြီး အရိုးနွှင်ထားပါ။
  • အာလူးအကြီးတစ်လုံးကို ပေါင်းလိုက်ပြီး ကြေအောင်ချေထားလိုက်ပါ
  • ရှမ်းပဲပုပ် ၂ ချပ်ခန့်ကို မီးကင်ကာ ကြေညက်အောင်ထောင်းပါ။
  • ထမင်း၊ ခရမ်းချဉ်သီးအနှစ်၊ အာလူး နှင် ငါးများကို ရောမွှေကာ စေးပိုင်အောင်နယ်ပေးပါ။
  • ဆား၊ ဟင်းခပ်မှုန့်သင့်ရုံထည့်ပါ။
  • ထို့နောက် ကြက်သွန်ဖြူ ဆီချက်ဆမ်းကာ၊ ဂျူးမြစ်၊ ငရုပ်သီးတောင့်ကြော်တို့နှင့် တွဲဖက်သုံးဆောင်နိုင်ပါပြီ။
 


1 comment:

eilay said...

ငါးထမင်းနှယ် အရမ်းကြိုက်တယ် ကျေးဇူးနော် အစ်မ အိမ်မှာ လုပ်စားကြည့် လိုက်ဦးမယ် .......