Sunday, July 17, 2016

Sweet and spicy fried chicken


ကိုရီးယားစတိုင် ချိုချိုစပ်စပ်ကြက်သားကြော်ပါ။ ထမင်းနဲ့ တွဲစားဖို့ထက် သရေစာအနေနဲ့စားဖို့ ပိုသင့်တော်ပါတယ်။ Party food လို့ပြောရင်ပိုမှန်မယ်ထင်ပါတယ်။

ပါဝင်ပစ္စည်းများ (ကြက်ကြော်ရန်အတွက်)

  • ·         ကြက်တောင်ပံ ၅၀၀ ဂရမ်
  • ·         ပြောင်းကော်မှုန့် စားပွဲဇွန်း ၅ ဇွန်းခန့်
  • ·         ငရုပ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  • ·         ဆား လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  • ·         ကြက်သွန်ဖြူ ၁ မွှာ (နုတ်နုတ်စဉ်းထားပါ)
  • ·         ငရုပ်သီးမှုန့် လက်ဖက်ရည် ဇွန်း တစ်ဝက်ခန့်
  • ·         Cooking ခရင်မ်စားပွဲဇွန်း ၁ ဇွန်းခန့် (မထည့်လည်းရပါတယ်)



ပါဝင်ပစ္စည်းများ (ဆော့စ်အတွက်)

  • ·         ငရုပ်ကြမ်းမှုန့် လက်ဖက်ရည်၁ ဇွန်း
  • ·         ပဲငံပျာရည် စားပွဲဇွန်း ၃ ဇွန်းခန့်
  • ·         သကြား လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ·         Corn Syrup စားပွဲဇွန်း ၄ ဇွန်း
  • ·         ကြက်သွန်ဖြူ ၃ မွှာ နုတ်နုတ်စဉ်းပါ



ချက်နည်း

  • ·         ကြက်သားကိုရေဆေး စစ်ထားပြီး ပါဝင်ပစ္စည်းများအားလုံးနဲ့ နယ်ကာ ၁ နာရီခန့်နှပ်ပါ။
 

·          
  • ဆီများများကို အပူပေးကာ မီးအလယ်အလတ်ဖြင့် ကြက်သားများကို ကြွ့ပ်လာစေရန် ၁၅ မိနစ်ခန့်ကြော်ပါ။


  • ·         ကြော်ပြီးဆီစစ်ထားပေးပါ။
 
  • ·         ဆော့အတွက် ဆီစားပွဲဇွန်း ၁ ဇွန်းကို အပူပေးကာ ကြက်သွန်ဖြူ ငရုပ်သီးကိုဆီသတ်ပါ
  • ·         ၁ မိနစ်ခန့်ကြာလျှင် ဆော့အတွက် ကျန်နေသော ပါဝင်ပစ္စည်းများအားလုံးကိုထည့်မွှေပါ။
  • ·         ဆူပြီး အမြုပ်ထလာရင် ပိတ်လိုက်လို့ရပါပြီ။
  • ·         ပြီးရင် ကြော်ထားတဲ့ ကြက်သားများကိုရောမွှေကာ ဆော့စ်များ သမအောင် လူးပေးပြီးရင် သုံးဆောင်ဖို့ အသင့်ဖြစ်ပါပြီ။