Showing posts with label Chicken. Show all posts
Showing posts with label Chicken. Show all posts

Sunday, July 17, 2016

Sweet and spicy fried chicken


ကိုရီးယားစတိုင် ချိုချိုစပ်စပ်ကြက်သားကြော်ပါ။ ထမင်းနဲ့ တွဲစားဖို့ထက် သရေစာအနေနဲ့စားဖို့ ပိုသင့်တော်ပါတယ်။ Party food လို့ပြောရင်ပိုမှန်မယ်ထင်ပါတယ်။

ပါဝင်ပစ္စည်းများ (ကြက်ကြော်ရန်အတွက်)

  • ·         ကြက်တောင်ပံ ၅၀၀ ဂရမ်
  • ·         ပြောင်းကော်မှုန့် စားပွဲဇွန်း ၅ ဇွန်းခန့်
  • ·         ငရုပ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  • ·         ဆား လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  • ·         ကြက်သွန်ဖြူ ၁ မွှာ (နုတ်နုတ်စဉ်းထားပါ)
  • ·         ငရုပ်သီးမှုန့် လက်ဖက်ရည် ဇွန်း တစ်ဝက်ခန့်
  • ·         Cooking ခရင်မ်စားပွဲဇွန်း ၁ ဇွန်းခန့် (မထည့်လည်းရပါတယ်)



ပါဝင်ပစ္စည်းများ (ဆော့စ်အတွက်)

  • ·         ငရုပ်ကြမ်းမှုန့် လက်ဖက်ရည်၁ ဇွန်း
  • ·         ပဲငံပျာရည် စားပွဲဇွန်း ၃ ဇွန်းခန့်
  • ·         သကြား လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ·         Corn Syrup စားပွဲဇွန်း ၄ ဇွန်း
  • ·         ကြက်သွန်ဖြူ ၃ မွှာ နုတ်နုတ်စဉ်းပါ



ချက်နည်း

  • ·         ကြက်သားကိုရေဆေး စစ်ထားပြီး ပါဝင်ပစ္စည်းများအားလုံးနဲ့ နယ်ကာ ၁ နာရီခန့်နှပ်ပါ။
 

·          
  • ဆီများများကို အပူပေးကာ မီးအလယ်အလတ်ဖြင့် ကြက်သားများကို ကြွ့ပ်လာစေရန် ၁၅ မိနစ်ခန့်ကြော်ပါ။


  • ·         ကြော်ပြီးဆီစစ်ထားပေးပါ။
 
  • ·         ဆော့အတွက် ဆီစားပွဲဇွန်း ၁ ဇွန်းကို အပူပေးကာ ကြက်သွန်ဖြူ ငရုပ်သီးကိုဆီသတ်ပါ
  • ·         ၁ မိနစ်ခန့်ကြာလျှင် ဆော့အတွက် ကျန်နေသော ပါဝင်ပစ္စည်းများအားလုံးကိုထည့်မွှေပါ။
  • ·         ဆူပြီး အမြုပ်ထလာရင် ပိတ်လိုက်လို့ရပါပြီ။
  • ·         ပြီးရင် ကြော်ထားတဲ့ ကြက်သားများကိုရောမွှေကာ ဆော့စ်များ သမအောင် လူးပေးပြီးရင် သုံးဆောင်ဖို့ အသင့်ဖြစ်ပါပြီ။
 

Friday, January 16, 2015

Chicken Spinach Muffin




မနက်စာအတွက်သင့်တော်တဲ့ ကြက်သား၊ဟင်းနုနယ် Muffin ပါ။ ဒါကတော့ အင်္ဂလိပ်အခေါ်ပေါ့။ အနီးစပ်ဆုံး မြန်မာအခေါ်အဝေါ်ကို ပြောပါဆိုရင်တော့ ကြက်သားပေါင်းနဲ့ နီးစပ်တယ်လို့ပဲ ပြောရမှာပါပဲ။ ဒီနည်းကတော့ ကြက်သားတစ်ခုထဲတင်မကပဲ အသီးအရွက်၊ ကြက်ဥများပါပါဝင်ပြီး Oven သုံးကာဖုတ်ထားတဲ့နည်းပါ။ မနက်စာအဖြစ် ရေနွေးကြမ်းပူပူလေးနဲ့ပဲ သောက်သောက်၊ ကော်ဖီလေးနဲ့တွဲစားစား အရသာရှိလှပါတယ်။ 






ပါဝင်ပစ္စည်းများ
  • ကြက်ဥ  ၂လုံး
  • ကြက်သွန်မိတ် ၂ ပင် (သေးသေးလှီးပါ)
  • ကြက်ရင်ပုံ ၁ ခြမ်း (နုတ်နုတ်စဉ်းပါ)
  • နုတ်နုတ်စဉ်းထားသော ပန်းငရုပ်ပွ လက်တစ်ဆုပ်စာ
  • ဟင်းနုနယ်အရွက် - လက်တစ်ဆုပ်စာသာသာ
  • ချယ်ရီခရမ်းချဉ်သီး- အနည်းငယ်
  • ဆီ စားပွဲဇွန်း ၁ ဇွန်း
  • ပဲငံပျာရည် လက်ဖက်ရည် ၁ဇွန်း
  • ကြက်သားမှုန့်လက်ဖက်ရည် ၁ ဇွန်း

ပြုလုပ်နည်းအဆင့်ဆင့်
  1. ကြက်ဥကို ဆားအနည်းငယ်ထည့်ကာ ခေါက်ထားပြီး ကြက်သွန်မိတ်နဲ့ ရောမွှေထားပါ
  2. နုတ်နုတ်စဉ်းထားသော ကြက်သားကို ကြက်သားမှုန့်နဲ့ရောနယ်ကာ ဆီပူပူမှာမွမွလေးများဖြစ်လာအောင် မွှေကာဖိခြေပေးပါ။ထို့နောက် ပဲငံပျာရည်ကိုလည်းရောထည့်ပါ။
  3. ပန်းငရုပ်ပွကို ထည့်ကြော်ပြီး ၁ မိနစ်ခန့်ကြာလျှင် ဟင်းနုနယ်ကိုရောမွှေပါ။
  4. ဟင်းနုနယ် နွမ်းစပြုလျှင် ကြက်ဥများကို ထည့်မွှေကာ အနည်းငယ်ပျစ်လာလျှင်မီးပိတ်လိုက်ပါ။
  5. ဆီသုတ်ထားသော Muffin ခွက်လေးများထဲတွင်ထည့်ကာ ချယ်ရီခရမ်းချဉ်သီးများထည့်ပါ။ ချိစ်နှစ်သက်လျှင် အနည်းငယ်ခြစ်ထည့်နိုင်ပါတယ်။
  6. ထို့နောက် ၁၈၀ ဒီဂရီအပူပေးထားသော အာဗန်တွင် ၁၇ မိန်နစ်ခန့်ဖုတ်ပေးရင်တော့ အနံ့အရသာပြည့်စုံသော ကြက်သား အသီးအရွက် muffin လေးများ အဆင်သင့်ဖြစ်ပါပြီ။

Friday, December 26, 2014

ကြက်သား မုန်လာဥခြောက်အချိုချက်






ပြီးခဲ့တဲ့ မုန်လာဥခြောက်ကို သုံးပြီး ဟင်းချက်ကြည့်ကြရအောင်။ ကြက်သား၊ ၀က်သား နှစ်သက်ရာကို အသုံးပြုနိုင်ပါတယ်။ ၀က်သားကိုသုံးရင်တော့ ပိုပြီးစားကောင်းပါတယ်။ ဒီဟင်းချက်နည်းအတွက်တော့ ကြက်သားကိုသုံးပြီး ချက်ပြထားပါတယ်။

ပါဝင်ပစ္စည်းများ
ကြက်တစ်ခြမ်း - ခပ်သေးသေးတုံထားပါ
မုန်လာဥခြောက် လက်တစ်ဆုပ်စာ
မှိုခြောက် - ၆ခု
ကြက်သွန်နီဥကြီး ၂ ဥ
ကြက်သွန်ဖြူ ၆ မွှာ
ချင်း လက်တစ်ဆစ်ာ
ခရုဆီ စားပွဲဇွန်း ၁ ဇွန်း
ငရုပ်ကောင်းအနည်းငယ်


ချက်နည်း
ကြက်သားကို ခရုဆီ၊ ဆားအနည်းငယ်၊  ကြက်သားမှုန့် လက်ဖက်ရည် ၁ ဇွန်းနဲ့ နာရီဝက်ခန့်နှပ်ထားပါ
မှိုခြောက်၊ မုန်လာဥခြောက်များကို နာရီဝက်ခန့်ရေစိမ်ပါ။
ချင်းကြက်သွန်ဖြူကိုလည်း ရောထောင်းထားပါ
ကြက်သွန်နီများကို နုတ်နုတ်စဉ်းပါ။
ဆီစားပွဲဇွန်း ၄ ဇွန်းခန့် နှင့် နှမ်းဆီမွှေး လက်ဖက်ရည် ၂ ဇွန်းကို အပူပေးကာ ကြက်သွန်ဖြူ၊နီ၊ ချင်းများကို ဆီသတ်ပါ။
ကြက်သွန်နွမ်းလာလျှင် ကြက်သားများထည့်ကာ လုံးပေးပါ။
ထို့နောက် ပဲငံပျာရည် အကြည် စားပွဲဇွန်း ၁ ဇွန်းခွဲ၊ ကြာညို့ အနည်းငယ်ထည့်ကာ ကြက်သာအပေါ်ယံများတင်းသည်အထိ ကြော်ပေးပါ။
ရေစိမ်ထားသော မုန်လာဥခြောက်၊ မှိုများကိုရောထည့်ကာ ရေအနည်းငယ်ထည့်ပြီး အဖုံးအုပ်ကာ နူးအောင်တည်ပါ။
အနှစ်များများနှစ်သက်ပါက ကြက်သားနူးပြီး ဟင်းအိုးချကာနီးမှာ ကော်ရည်အနည်းငယ်ထည့်နိုင်ပါတယ်။
ကြက်သားလည်းနူး ကော်ရည်လည်းပျစ်လာပြီဆိုရင် ငရုပ်ကောင်းဖြူးပြီး မီးပေါ်မှချကာ သုံးဆောင်နိုင်ပါပြီ