Thursday, February 6, 2014

ကိတ်ခြောက်



ကိတ်ခြောက်လုပ်နည်းလေးပါ။ အခြေံ sponge cake ကိုအသုံးပြုထားပြီး မုန့်လုပ်နည်း စိတ်ဝင်စားသူများ အလွယ်တကူလိုက်လုပ်နိုင်မယ့် မုန့်ဆိုရင်လဲ မမှားပါဘူး။


ပါဝင်ပစ္စည်းများ
  • ကြက်ဥ  ၃လုံး
  • သကြား ၇၀ ဂရမ်
  • ဂျုံ ၈၀ ဂရမ်
  • ပွဆေး (baking powder)  လက်ဖက်ရည် ဇွန်းထက်ဝက်
  • ဆီ ၁၅ ဂရမ်
  • ဗနီလာ အနံ့- လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  • နွားနို့ စားပွဲဇွန်း ၁ ဇွန်း


လုပ်နည်းအဆင့်ဆင့်
  1. မုန့်ဖုတ်မည့်လေးထောင့်ဗန်း ထောပတ်သုတ်လိမ်းပြီး ဆီစိမ်စက္ကူခင်းထားပါ။
  2. ဂျုံနဲ့ ပွဆေးကို စကာချထားပါ။
  3. ကြက်ဥနဲ့သကြားကို ဖြူပြီး ပွလာအောင်စက်ဖြင့်ခေါက်ပေးပါ။ Ribbon like stage ရောက်သည်အထိ ခေါက်ရပါမည်။
  4. ပြီးမှ ဂျုံ+ ပွဆေး (စကာချပြီးသား)ကိုအသာအယာရောမွှေပေးပါ။
  5. နောက်ဆုံးမှ ဆီ+ နွားနို့ + ဗနီလာ ကိုရောမွှေပြီး မုန့်နှစ် သုံးပုံတစ်ပုံဖြင့်ရောပေးပါ။
  6. ရလာသောမုန့်နှစ်ကို ကျန်မုန့်နှစ်များထဲ ထည့်မွှေပါ။
  7. ထို့နောက် ၁၇၀ဒီဂရီအပူပေးထားသော အာဗန်မှာ ၂၅မိနစ်ဖုတ်ပါ။
  8. မုန့်ကျက်မကျက်သိရန် မုန့်သားအလယ်တည့်တည့်ကို စူးတံသုံး၍စမ်းပါ။
  9. မုန့်လုံးဝကျက်လျှင် ဗန်းမှထုတ်ကာ လက်တစ်လုံးသာသာ အထူမုန့်ချပ်များရအောင် လှီးဖြတ်ပါ။
  10. ထိုနောက့် မုန့်ချပ်များကို ဗန်းထဲတွင်စီကာ အပူချိန် ၁၆၀ ဒီဂရီစီ အာဗန်တွင် တစ်ဖက်ကို ၁၇ မိနစ်ခန့်ဖုတ်ပေးပါ။
  11. ရလာသော ကိတ်ခြောက်များကို အအေးခံပြီးလျှင်စားရန်အသင့်ဖြစ်ပါပြီ

4 comments:

Thinzar said...

ကိတ်ခြောက်ကို ငယ်ငယ်ကတည်းက တစ်အားကြိုက်တာ။ ကွကိုယ် စမ်းလုပ်ကြည့်ဦးမယ်။ thanks for the recipe :)

Unknown said...

ပေါင်မုန့်ခြောက်လုပ်နည်းလေးပါ တင် ပေးပါနော်၊ အကယ်၍ ingredients တွေကို cups နဲ့ ပေး နိုင်ရင် ပိုပြီးအဆင်ပြေမလားလို့။. Thanks.

Evy said...

ဟုတ်ကဲ့ အလျင်းသင့်သလို တင်ပေးပါမယ်။
သုံးတဲ့ ပစ္စည်းတွေရဲ့ အချိန်အတွယ်များကို ကျွန်မ ဂရမ်နဲ့သာပေးလေ့ရှိပါတယ်..
အဲဒါက ပိုပြီးတိကျလို့ပါ.

Khaing Thazin said...

ကိတ်ခြောက်လုပ်တာ အောင်မြင်သွားတယ် မအိရေ။ လုပ်ပြီးပြီးချင်း မြည်းကြည့်တာ စားကောင်းလွန်းလို့ ၂ပိုင်းကုန်သွားတယ်း)
လုပ်ရတာလည်း လွယ်သလို၊ အချိန်လည်း သိပ်မကုန်တဲ့နည်းလေးပါ။ breakfast အတွက်ပဲဖြစ်ဖြစ်၊ ဧည့်သည်လာလို့ ဧည့်ခံဖို့ပဲဖြစ်ဖြစ် သင့်တောင်တာမို့ နောက်လည်း အမြဲလုပ်စားဖြစ်မယ့် မုန့်လေးမို့ လုပ်နည်းအတွက် ကျေးဇူးအထူးတင်ပါတယ်။