Saturday, April 14, 2012

၁၀မိနစ်ဘိန်းမုန့်၊ Burmese Style Pancake



ဖြတ်လမ်းလိုက်ထားတဲ့ ၁၀ မိနစ်ဘိန်းမုန့်ပါ။ မပြည့်မစုံအလွယ်ဘိန်းမုန့်ပေါ့။ မစုံသာမစုံတာ အရသာကတော့ အပြည့်ပါဘဲ။ တနေ့က အိုင်အိုရာက ဘိန်းမုန့်လုပ်တာတင်ပါတယ်။ သူ့ဘိန်းမုန့်ကိုကြည့်ပြီး သဘောကျတာနဲ့ အိမ်မှာ ရှိတဲ့ ပစ္စည်းတွေနဲ့ စမ်းထားတာပါ။ မြန်မြန်ဆန်ဆန်စားချင်တာနဲ့ ချက်ချင်းမုန့်နှစ်စပ်ပြီး ချက်ခြင်းလုပ်လိုက်တာ အရမ်းကိုစားလို့ကောင်းပါတယ်။ အစုံထည့်နိုင်ရင်ပိုတောင် ကောင်းဦးမှာ။ အဲဒါပထမတစ်ခေါက် လုပ်စားပြီး သဘောကျလို့ ထပ်လုပ်တာ ၃ ခါရှိပြီ။ နောက်ဆုံးတစ်ခေါက်တော့ မုန့်နှစ်ကို ညသိပ်ကြည့်လိုက်သေးတယ်။ အရသာကအတူတူပါပဲ။ စမ်းကြည့်ချင်သူများအတွက် လုပ်နည်းရေးပေးထားပါတယ်

ပါဝင်ပစ္စည်းများ
  • ပန်ကိတ်လုပ်သောမုန့်နှစ် (NTUC မှာ ရနိုင်ပါတယ်)
  • ဆန်မှုန့်
  • ညောင်စေးကျအောင် ကျိုထားသော ထန်းလျက်
  • သကြား
  • ထောပါတ်
  • မုန့်ဖုတ်ဆော်ဒါ
  1. မုန့်တစ်ခုစာ အချိုးနဲ့ပဲရေးမယ်နော်။ ပန်ကိတ်မှုန့် ၂ ဇွန်း (စားပွဲတင်ဇွန်း)၊ ဆန်မှုန့်၁ ဇွန်း (စားပွဲတင်ဇွန်း) ကို ရေ၂ဇွန်းခွဲ (စားပွဲတင်ဇွန်း) နဲ့ရောဖျော်ပေးပါ။ မုန့်ဖုတ်ဆော်ဒါ နဲနဲလေး (ပါတယ်ဆိုရုံမျှ) ကိုထည့်ပြီးမွှေပါ။ 
  2. ထန်းလျက် လက်ဖက်ရည်ဇွန်း၁ ထက်ဝက်၊သကြား လက်ဖက်ရည်ဇွန်းဝက် ကိုလည်း ထည့်မွှေလိုက်ပါ။
  3. သမအောင်မွှေပြီးရင် ထောပတ်ကို အပူပေးပြီး မုန့်နှစ်အားလုံးကို ထည့်ပေးပါ။
  4. (အုန်းသီးရှိရင်လည်းထည့်ပေါ့နော်) ဘိန်းစေ့ဖြူးပြီး မုန့်သားမှာ အပေါက်ကလေးတွေဖြစ်လာပြီဆိုရင် တစ်ဖက်လှန်ပေးပါ။ ၂မိနစ်လောက်ထားရင်ရပါပြီ။


This pancake is a little different from usual pancake as I've adjusted the recipe by adding some rice flour. In fact, I am trying to make Burmese pancake using store bought pancake mix. Personally, I prefer Burmese version with a firm texture. Thanks to my fellow blogger, Iora, who shared this lovely recipe. With limited ingredients available at home, I tweak the recipe further. To my surprise, the result is amazing and it is simply delicious. 

Here is the recipe ( for 1 pan cake)
  • 2 Tbsp of pancake mix
  • 1Tbsp of rice flour
  • a pinch of baking soda
  • 2.5 Tbsp of water
  • 1/2 tsp of sugar
  • 1/2 tsp molasses
  • some poppy seeds
  • 1/2 tsp of butter

Mix all ingredients, set it aside. Heat butter in small pan and add in the batter. Sprinkle the poppy seed and allow it to cook for about 2 mins. Then turn to the other side and cook for another 2 mins. Serve hot.

27 comments:

ဘရဏီ said...

ဘိန်းမုန့် စားချင်နေတာနဲ့ အတော်ဘဲ ။နည်းလေးကူးသွားတယ်။

သက်ဝေ said...

လုပ်စားမယ်...
Thanks Sis Evy...

Unknown said...

pan cake mix ဝယ်ပြီးတာနဲ့လုပ်စားမယ်...ကျေးဇူး...း)

မီးမီးငယ် said...

နက်ဖန်ကျရင် လုပ်ကြည့်အုံးမယ်။
မဖြစ်ရင်တော့တိတ်တိတ်လေးနေမယ်။
ဖြစ်ရင်လာကြွားအုံးမှဘဲ...အဟဲ။

may kyin said...

ကျေးဇူးပါနော်

Anonymous said...

ဟုတ်တယ်နော်။
ကိုယ့်စိတ်ထဲမှာလည်းညသိပ်တာနဲ့ မသိပ်တာ
ပြောမယ်ဆိုရင်ဆန်မှုန့် ထဲ့တာနဲ့ မထဲ့တာတောင်သိပ်ကွာလှတယ်မထင်ဘူး။ အဓိကကတော့ ပန်ကိတ်အမှုန့် ကအရသာလည်းကောင်းပြီးသား ပွအောင်လည်းဖန်တီးပေးပြီးသားဆိုတော့လေ။ ဘိန်းစေ့တို့ အုန်းသီးတို့ အဆံတို့ ထဲ့လိုက်ရင်မြန်မာပါးစပ်နဲ့ တော်တော်ကိုကောင်းသွားတယ်လို့ ဘဲထင်ပါတယ်။ ဒါပေမဲ့ မြန်မာ့အရသာစစ်စစ်ကြိုက်တဲ့သူအတွက်တော့ တစ်မျိုးဖြစ်နေမှာပေါ့လေ။ ကိုယ်လည်းဘိန်းမုန့် သိပ်မကြိုက်တော့ ဘယ်လိုယှဉ်ကြည့်ရမှန်းတောင်သိပါဘူး။..း))
အိုင်အိုရာ

Jayanthy Kumaran said...

this is some brilliant tasty treat
Tasty Appetite

Sonia ~ Nasi Lemak Lover said...

look fluffy and good!

Anonymous said...

အမရေ
ဘိန်းမုန်.ဖြစ်တယ်
ကျေးဇူးအရမ်းတင်ပါတယ်နော်
အမကို လုပ်ထားတဲ.ပုံတောင်ပြချင်တာ :)

Evy said...

အဆင်ပြေသွားတယ်ဆိုလို့ ၀မ်းသာတယ် ညီမရေ

Anonymous said...

where can i buy poppy seeds in singapore? i've looked for poppy seeds in AMK fair price and siengsong but in vain. many thanks!

Evy said...

Hello, I am afraid you can't find those in the places that you mentioned. But most Burmese shops @Peninsula plaza carry this stuff.

Anonymous said...

thanks a lot!

Tuumar said...

Evy ရေဘိန်းမုန့်စားချင်နေတာနဲ့ evyနည်းလေးနဲ့လုပ်လိုက်တာ တော်တော်လေးကေင်းတယ်
စားရတာအဆင်ပြေသလို လုပ်ရတာလဲလွယ်လို့ ကျေးဇူးအများကြီးတင်တယ်နော်

မဒမ်ကိုး said...

အလိုလေးလုပ်စားဦးမှဘဲ လွယ်လိုက်း)))

MK said...

eve ရေ ပြောပြထားတဲ့နည်းကို ကြည့်ပြီး မနေ.က ဘိန်းမုန်. လုပ်စားကြည့်တယ်။ နဲနဲလေး စီးကပ်ကပ် ဖြစ်နေတာကလွဲလို. (အပွ နဲနေလို.ထင်တယ်) တော်တော်လေးတူပြီး အရသာ ရှိတယ်။ ကျေးဇူးပါ။

Ma Ma said...

I made it but it doesn't taste good, not puffy enough I guess.
will try agian later.

Unknown said...

Evy ရေ- သူငယ်ချင်းတစ်ယောက် လုပ်နည်းတောင်းလို. link လေးပေးလိုက်တယ်နော်...း)

BabyAngle said...

အမရေ.. ညီမလုပ်တာ ဘာမှားလို့လဲတော့ မသိဘူး.. မုန့်သားက မပွလာဘူး၊ ပြီးတော့ ထောပတ်အစား.. vegetarian margarine သုံးလိုက်လို့များလား၊ နောက်တစ်ခုက အိုးဆိုဒ်က 18 cm ကို သုံးထားတာပါ.. ပြန်ပြောပေးပါနော်..

BabyAngle said...

ညီမက pancake အမှုန့်ထုပ် သုံးလိုက်တာနော်အမ.. ကျန်တာတွေကတော့ အမ ပြောတဲ့ အချိုးအတိုင်းပါပဲ..

Evy said...

ညီမရေ Baby Angle အစ်မလဲ ပန်ကိတ်အမှုန့်ထုပ်ကို သုံးတာပါပဲ။ ညီမသုံးတဲ့ ဆိုဒါက ရက်ကုန်ခါနီးပြီလား။ အဲဒါလေးတစ်ချက်စစ်ကြည့်ပါလား။ ထောပတ်နဲ့တော့ မဆိုင်ဘူးနဲ့တူတယ်။

BabyAngle said...

ဆိုဒါက 2014 မှ ကုန်မှာအမ.. ညီမ ဆော်ဒါထည့်တာနည်းလို့များလားမသိဘူး.. ဇွန်းဖျားလေးနဲ့ နည်းနည်းပဲ ထည့်တာ..ဆိုဒါနည်းနည်းပိုထည့်ပြီး စမ်းကြည့်လိုက်ရမလားအမ...

Evy said...

အဲလိုနဲနဲပိုထည့်ကြည့်ပါလား။

BabyAngle said...

ဟုတ်အမ.. ညီမ ထပ်လုပ်ကြည့်လို့ အဆင်ပြေရင် ပြောမယ်နော်.. ကျေးဇူးပါ..

Unknown said...

I tried to do it, but it's not seems like ဘိန်းမုန့်. It look like pan cake only.Specially the layer. But the taste is nice. Kindly give me some more suggestion to be look like ဘိန်းမုန့်.
Thanks a lot Ms. Eve

Anonymous said...

မြန်မာ မုန့် မြန်မာအစားအသောက်တွေ အင်္ဂလိပ်လို ပါ ရေးထားတာ သိပ်သဘောကျတယ်ဗျ
များများမျှဝေနိုင်ပါစေ

mabaydar said...

လုပ်စားကြည့်အုံးမယ်... ပါဝင်ပစ္စည်းတချို့တော့ ဘယ်မှာဝယ်ရမလဲ မသိသေးဘူး... NTUC ပဲ လျှောက်ပတ်ကြည့်ရမှာပဲ။