ဟင်းရည်အတွက်
- ငါးကြင်း ၄၀၀ ဂရမ် (ဆနွင်းနဲနဲနဲ့နယ်ထားပေးပါ)
- ငါးပိ စားပွဲဇွန်း ၁ ဇွန်းခွဲ
- ပဒဲကော တစ်ခု (ပုံမှာပြထားပါတယ်)
- ငရုပ်ကောင်း စားပွဲဇွန်း ၃ ဇွန်း (အာပူရွက်မရှိလို့ မထည့်ရဘူး။ အင်္ဂလိပ်လို သိရင်ပြောပေးခဲ့ကြပါဦးနော်)
- ကြက်သွန်ဖြူ ၅ မွှာ
- ကြက်သွန်ဖြူကလွဲလို့အပေါ်ကဟာတွေ
အားလုံးကိုရောမွှေပြီး ငါးမြုပ်ရုံရေထည့်ပြီး ဆူအောင်တည်ပါတယ်။ - ၁၅ မိနစ်လောက်နေရင် ငါးတွေကို ဆယ်ပြီး အအေးခံပါ
- ငါးလေးပုံ တစ်ပုံလောက်ကို ခြေပြီး အရိုးဖယ်ကာ ဟင်းရည်အိုးထဲ ပြန်ထည့်ပေးပါ။ကြက်သွန်ဖြူကို
လည်း ဓါးပြားရိုက်ပြီး ထည့်ပေးပါ ရေကိုလည်း အိုးအပြည့် (၃ လီတာလောက်ရှိမယ်ထင်တယ်)ထည်ပြီး မီးနဲနဲနဲ့ ဆူအောင်တည်ပါ။ - အပေါ့အငံကတော့ လိုသလိုမြည်းထည့်ပေါ့။
- ဒါဆိုရင် ဟင်းရည် အဆင်သင့်ဖြစ်ပါပြီ
ဟင်းရည်ချက်နေတုန်းမှာ တခြားထည့်ရမယ့်အဆာပလာတွေကို ပြင်ပါမယ်
- ခုနကပြုပ်ထားပြီးသားငါးတွေကို အရိုးထွင်ပြီး ဆီနဲနဲမှာ ဆနွင်းထည့်ပြီးလှော်ပေးပါ။
- ငရုပ်သီး၁၅ တောင့် လောက်ကို အိုးပူတိုက်ပြီး ညက်ညက်ထောင်းကာ ရေနွေးနဲနဲနဲ့ ရောပေးပါ။ (ရခိုင်ဟင်းတွေက ငရုပ်သီးစိမ်းနဲ့ စပ်တာများပါတယ်)
- မန်ကျီးသီးမှည့်ကိုလည်း ခပ်ပျစ်ပျစ်လေး ဖျော်ထားပေးပါ။
- နောက်ကြက်သွန်ဖြူဆီချက်ကိုလည်း ပြင်ထားပေးပါ။
ပွဲပြင်ဖို့အတွက်တော့ မုန့်ဖတ်နဲ့ အဆာပလာတွေထည့်၊ ဟင်းရည်ထည့် ၊ ပဲကြော်ထည့်ရင်ရပါပြီ။ ကျွန်မတို့ ငယ်ငယ်တုန်းကတော့ ပဲကြော်မရှိရင် မြေပဲလှော်လေးတွေထည့်ပေးတတ်တယ်။ အဲဒါလည်းကောင်းတာပဲ။
အိမ်က အိမ်သားတွေကတော့ ရခိုင်မုန့်တီအရည်သောက်ကို သိပ်မကြိုက်လို့ မုန့်တီသုပ်လုပ်ပေးရတယ်။ မုန့်တီသုပ်အတွက် မုန့်တီနဲ့ အဆာပလာတွေအားလုံးထည့်၊ အချိုမှုန့်၊ ငံပျာရည်ထည့်၊ ပဲမှုန်ထည့်ပြီး ရောနယ်လိုက်ရင် ဆိမ့်ဆိမ့်လေးနဲ့ စပ်နေတဲ့ မုန့်တီသုပ်ရပြီ။ ဟင်းခါးလေးနဲ့ ဆိုကောင်းမှကောင်းပဲ။
ဒီတစ်ပတ်တော့ ရိုးရာအစားအစာတွေနဲ့ တော်တော်ကို စားလို့မြိန်ခဲ့ပါတယ်။
5 comments:
အရမ်းကြိုက်တာမရေ...ပုံလေးကလည်း လှမှလှ
အရမ်းကြိုက်တယ် မရေ အသကုန်ဗိုက်ဆာနေပါပြီ
ရခိုင်မုန့်တီ ချဉ်ချဉ်စပ်စပ်လေး သောက်ချင်တယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
သေပြီဆရာ ဘိုက်ကဂွီဂွီမြည်လာပြီ
မုန့်တီစားချင်လာပြီ။
အိမ်ကအမေ ချက်ကျွေးတဲ့ ရခိုင်မုန့်တီ က ပဒေးကော လည်း ပါသေးတယ် ထင်တယ်ဗျ
Post a Comment