အမြဲတန်း marble cake စားရတာရိုးနေပြီ ထင်ပါတယ်။ အဲဒါကြောင့် ဆန်းမယ်ထင်တဲ့ ကိတ်မုန့်လေးကို စမ်းလုပ်ကြည့်ခဲ့ပါတယ်။ ဆွမ်းမွှေးရွက်အနှစ်ကို ထည့်ထားတာကြောင့် စိမ်းစိမ်းလေး ဖြစ်နေပြီး ထောပတ်နံ့ရယ် ဆွမ်းမွှေးရွက်အနံ့ရယ်ကြောင့် အနံ့လေးက အတော်သင်းပါတယ်။ အမြင်လေးလဲ ဆန်းတာကြောင့် ဧည့်သည်လာရင် ဧည့်ခံလို့ အကောင်းဆုံးကိတ်တစ်ခု ဖြစ်မယ်ထင်ပါတယ်။ ဒါ့အပြင် နွားနို့အစား နို့စိမ်းကို သုံးထားတာကြောင့် အရသာလေးက ပိုပြီးဆိမ့်ပါတယ်။ မုန့်သားကလည်း မချောက်ပဲ တော်တော်ကို နူးညံ့ပျော့ပြောင်းနေတာကြောင့် ဒီမုန့်ကလေးကို နှစ်သက်သွားခဲ့တာပါ။ အထူးခြားဆုံးကတော့ မုန့်သားအလွှာလေးတွေကို ကိုကိုးပေါင်ဒါ အမှုန့်နဲ့ ခြားထားတာကြောင့် ခဲနဲ့ဆွဲထားသလိုတိတိကျကျလိုင်း
ပါဝင်ပစ္စည်းများ
- ထောပတ် 200gm
- သကြား 200gm
- ကြက်ဥ ၄ လုံး
- ဂျုံ ၂၀၀ ဂရမ်
- 1 tsp baking powder
- နို့စိမ်း ၁၀၀ ml
- ဗနီလာအနံ့ လက်ဖက်ရည် ၁ ဇွန်း
- ဆွမ်းမွှေးအနှစ် လက်ဖက်ရည် ၁ ဇွန်း
- ကိုကိုး ပေါင်ဒါ စားပွဲဇွန်း ၃ ဇွန်းခန့်
Pandan paste (ဆွမ်းမွှေးအနှစ်) photo courtesy of google image. |
မုန့်လုပ်နည်းအဆင့်ဆင့်ကတော့ ဟိုတုန်းကဟာတွေလိုပါပဲ
- သကြားနဲ့ ထောပတ်ကို ပွအောင်မွှေ
- ကြက်ဥကို တစ်လုံးချင်းစီထည့်၊ သမအောင်မွှေ
- ပြီးရင် စကာစစ်ထားတဲ့ ဂျုံ+ ပွဆေး တစ်ဝက်ထည့်
- နို့စိမ်း+ ဗနီလာ ထည့်မွှေ ပြီးနောက်ဆုံးမှာ ကျန်တဲ့ဂျုံကို ထည့်ပြီး အဆုံးသတ်။ ဒါကလုပ်နေကျအစီအစဉ်အတိုင်းပေါ့
- ရလာတဲ့ မုန့်နှစ်တွေကို ထက်ဝက် ခွဲ ပြီးရင် ဆွမ်းမွှေးနှစ် နဲ့ရောမွှေလိုက်ပါ။ ဒါဆို အစိမ်းရောင် နဲ့ အဖြူရောင် မုန့်နှစ်ရပါပြီ
- ပထမဆုံး နှစ်သက်ရာ မုန့်နှစ်ကို ဗန်းထဲထည့် မျက်နှာပြင် ညီအောင်ညှိပေးပါ
- ပြီးရင် ကိုကိုးမှုန့်ကို မျက်နှာပြင် အပြည့် စကာချပေးပါ (ပုံထဲမှာပြထားပေးပါတယ်)
- ပြီးရင် နောက်အလွှာ (အရောင်မတူတဲ့ မုန့်နှစ်)တစ်လွှာထည့် ကိုကိုးမှုန့်ခင်းပြီး မုန့်နှစ်ကုန်အောင် ဆက်လုပ်သွားပါ
- နောက်ဆုံး အလွှာပြီးရင် ကိုကိုးမဖြူးပါနဲ့။ ၁၆၀ ဒီဂရီ အာဗင်မှာ ၁ နာရီဖုတ်ပြီး ရင် သိပ်လှတဲ့ အလွှာလိုက်မုန့်လေးတွေ ထွက်လာပါပြီ
ဒီမုန့်မျိုးနဲ့ ဧည့်သည်တွေကို ဧည့်ခံရင်တော့ မျက်နှာပန်းလှစေမှာ အသေအချာပါပဲ။
**This recipe is adapted from Wendy@ Table for two or more. Thanks Wendy for sharing such a beautiful recipe.
16 comments:
အမ ဆွမ်းမွှေးဆိုတာဘာလဲ?ဆွမ်းမွှေးအနှစ်ဓာတ်ပုံလေးတင်ပေးပါလားး)
Evy...ရေ
လှလွန်းလို့ စားချင်စိတ်ရောစမ်းသပ်ချင်စိတ်ရောတဖွားဖွားကိုဖြစ်လာတာဘဲ။ ကျေးဇူးပါ။
အိုင်အိုရာ
ဒီအထိကိုမွှေးနေတယ်လို့ ထင်ရတယ်။
လှလည်းလှတယ်..နော်။
စားကောင်းမဲ့ပုံ..။
nice cake ma ei yay. really like it :) u r a iron chef :)
ွှအရောင်လည်း လှ လုပ်ထားတာလည်း သပ်ရပ်နေတာဘဲ
ချက်ခြင်းကို ဧည့်သည် လာလုပ်ချင်တော့တယ်
ကိုယ်တိုင် မလုပ်တတ်တော့ သူများလုပ်ထားတာကိုဘဲ ဧည့်လာလုပ်ချင်တား)
ama I cant see ur cake photos.. is it only me or also others ?
wowwwww......... လုပ်တတ်လိုက်တာ...
အရမ်း လေးစားအားကျတယ် မမ :D
လာလည်အားပေးကြသူများကို ကျေးဇူးအများကြီးတင်ပါတယ်နော်။
နီတာရေ တခြားသူတွေပုံတွေမြင်ရတယ်နဲ့တူတယ်။ အစ်မလဲ မြင်ရတယ်။ တခြား browser တစ်ခုခုနဲ့ ပြောင်းဖွင့်ကြည့်ပါလား။ အစ်မ ဆွမ်းမွှေးအနှစ်ပုံလေး တင်ထားပေးတယ်
အစ်မတို့ ကျေးဇူးကြောင့်ကျနော်တို့  လိုက်လုပ်စားကြည့်တာ အကုန်ok ပါတယ် ကျေးဇူးအထူးပါခင်ဗျာ
ပေါင်မုန့် လုပ်နည်းလေးသိချင်ပါတယ် အစ်မ အချိန်ရရင်တင်ပေးပါလားခင်ဗျ
ခဏတော့ စောင့်ပါဦးနော်။ ခုတစ်ပတ် ရုံးပိတ်ရက်မှာလုပ်ပြီး အစ်မတင်ပေးပါ့မယ်။
ကျေးဇူးပါအစ်မရယ် အလောတကြီးမလုပ်ပါနဲ့  အားနာလို့ ပါ ပေါင်မုန်က ရိုးရိုးပေါင်မုန့် ပါ နော်
အမရေ ..အမမုန့်ဖုတ်တဲ့အခါ ဘယ်လို oven မျိုးကို သုံးလဲဆိုတာ သိပါရစေရှင့်...ညီမ oven တလုံးလောက် ဝယ်ချင်လို့ပါ ဘယ်အမျိုးအစားဝယ်ရမှန်းမသိဖြစ်နေလို့ပါ.
ဖူးဖူး
ညီမဖူးဖူးရေ။ အစ်မနောက်ထပ် page တစ်ခုလုပ်ပြီး ဖြေထားပါတယ်။ ကြည့်လိုက်နော်
http://evy-foodlover.blogspot.sg/p/baking-essentials.html
ဟုတ် မမ ..ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။
ဖူးဖူး
အမရေ ကိတ်ကလုပ်ပြီးတစ်ရက်လောက်နေရင် မာကျစ်ကျစ်ကြီးဖြစ်သွားတယ် အဲဒါဘာလို့လဲဟင်
Post a Comment