Thursday, August 18, 2011

Sky Park & Golden Mile

ဘလော့နဲ့ အဆက်ပြတ်သလိုဖြစ်နေတာကြာပါပြီ။ မတင်ဖြစ်တာလဲ ၁ လ ကျော်လောက်ရှိပြီထင်တယ်။ ပထမတော့ မအားလို့မတင်ဖြစ်ရာကနေ နောက်တဖြည်းဖြည်းပျင်းပြီး စိတ်မပါသလို ဖြစ်ပြီး ဘာမှကို မတင်ဖြစ်တော့တာ။ နောက်ပြီး ချက်ဖြစ်တဲ့ ဟင်းတွေကလည်း အထူးအဆန်းမရှိတာလည်း ပါပါတယ်။ နောက်တော့ မဟုတ်သေးပါဘူး ဘလော့အတွက်လဲ လုပ်အုံးမှဆိုပြီး အကြံအဖန်လုပ်ရပါတယ်။ ကံကောင်းချင်တော့ ပြီးခဲ့တဲ့ ပိတ်ရက်မှာ မိဘတွေကို Sky Park လိုက်ပို့ဖြစ်ပြီး အပြန်မှာ Golden mile မှာညစာစားဖို့ အကြောင်းဖန်လာပါတယ်။ အဲဒါနဲ့ပဲ မှာသမျှဟင်းတွေကို  လူကြားထဲမှာ မရှက်မကြောက်ရိုက်ပြီး ရအောင် မှတ်တမ်းတင်လာလိုက်တယ်။

ခုလောလောဆယ်တော့ သူများဟင်းတွေနဲ့ပဲ မျက်နှာလုပ့်ပါမယ်။ (ဒါတောင် ဟင်းတစ်ပွဲမရိုက်လိုက်ရဘူး) နောက်မှ ဟင်းသေချာချက်၊ မုန့်သေချာလုပ်ဖြစ်တော့မှဘဲ ထပ်တင်ပါဦးမယ်

 ပုဇွန် နဲ့ ကညွတ်ကြော်

 ကြက်သား သီဟိုစေ့ကြော်

 ထုံးစံအတိုင်း Tom Yam

 ငါးပေါင်း ချဉ်စပ်

Sky Park က ရောက်ဖူးအောင်လို့သာသွားရတာပါ ဘာမှလဲ မထူးဆန်းသလို မတန်ဘူးလို့လဲထင်ပါတယ်။ လူကြီး ၁ ယောက်ကို S$ 20 တဲ့။ ပြီးတော့လည်း ရေကူးကန်ဖက်ကိုလည်း ပေးမသွားပါဘူး။ Weekend မို့လို့တဲ့။ ဘာပဲဖြစ်ဖြစ် ပုံလေး ၁ ပုံ ၂ ပုံတော့ ရိုက်ခဲ့ပါသေးတယ်။
 






5 comments:

rose said...

ဟုတ်ပါ့... အစ်မအိုင်ဗီ ပျောက်နေတာ အကြာကြီးပဲ။ သတိရနေတယ်။ အခုတော့ ပုဇွန်ကညွှတ်ကြော်လေးနဲ့ ငါးပေါင်းချဉ်စပ်ဟင်း စားသွားပြီနော်း)

Baby taster said...

Evyလေး ပျောက်နေတာ ဒါကြောင့်ကိုး
အပျင်းပြေရင် ပြန်ရေးပေါ့နော်
အမလည်း တူတူပဲ ပျင်းနေတယ်း)

Aunty Oo said...

ဟင်းတွေကတော့စားချင်စဖွယ်။ဆိုင်င်နံမည်လေးလဲပြော
အုံးလေ။ဘာမှမထူးဆန်းပေမဲ့၊မိဘတွေကိုလိုက်ပို.တဲ့စေတနာနဲ.ကုသိုလ်ကအကျိုးပေးထူးဆန်းမှာပါ။ဟင်းချက်နည်းတွေမုန်.လုပ်နည်းတွေမျှော်နေပါ့မယ်။

Evy said...

ဟုတ်တယ် ရို့စ်နဲ့ မမဘေဘီရေ။ ပျင်းနေလို့ ပြန်ပြီး အရှိန်ယူရဦးမယ်။

အန်တီရေ အဲဒီဆိုင်က ယိုးဒယားဈေးမှာ ဗမာတော်တော်များများစားတဲ့ဆိုင်မှာပါ။ နာမည်တော့ မှတ်မထားမိဘူး။ ဗမာအလုပ်သမားတော်တော်များများလဲရှိတယ်လေ။ အန်တီသိရင်သိမှာပါ

ချော(အစိမ်းရောင်လွင်ပြင်) said...

မကြိုက်တဲ့ဟင်းလည်းမပါဘူး
အားလုံးကြိုက်တယ် ပုဇွန်ကညွှတ်ကြော်တော့ အကြိုက်ဆုံးပါဘဲ။ ငါးပေါင်းလေးရောပေါ့း)