Sunday, January 13, 2013

အသားလိပ်ကြော် (Beancurd skin roll)




ဒီလိုသရေစာလေးတွေကို စင်္ကာပူက Mall တွေမှာအမြဲတွေ့ရလေ့ရှိပါတယ်။ အလွယ်တကူစားလို့ရတာကြောင့် ၀ယ်သူတွေလည်းများလှပါတယ်။ ခုလုပ်ပြထားတဲ့ အသားလိပ်ကိုတော့ Beancurd skin roll လို့ခေါ်ပါတယ်။ အထဲမှာ အသားပုဇွန်၊ မှိုနဲ့ မုန်လာဥနီတို့ ပါပြီး ထူးခြားတာက အသားတွေကိုထုပ်တဲ့အရွက်ကို ပါးလွှာတဲ့ပဲပြားနဲ့လုပ်ထားတာပါ။ အရသာတော်တော်ကောင်းလို့ ပြန်ပြီး ဝေမျှပေးလိုက်တယ်ပါတယ်။ အသားကိုတော့ နှစ်သက်ရာ အသားတစ်မျိုးမျိုးနဲ့လုပ်နိုင်ပါတယ်။ ၀က်သားနဲ့ဆိုရင်တော့ အဆီပါတဲ့အတွက် ပိုပြီးလိုက်ဖက်ပါတယ်။ ကြက်သားကို သုံးမယ်ဆိုရင်လည်း အဆီနဲနဲပါပါစေ။ ဒါမှကျစ်မနေပဲ စားလို့ကောင်းမှာပါ။

ပါဝင်ပစ္စည်းများ
  • ကြက်သား (သို့) ၀က်သား ၂၀၀ ဂရမ်
  • ကြွက်နားရွက်မှို လက်တစ်ဆုပ်စာ (ရေစိမ်ပြီး ပါးပါးလှီးထားပါ)
  • မုန်လာဥနီ အနည်းငယ် (အမျှင်လေးတွေခြစ်ထား)
  • ပုဇွန် ၆ ကောင် (၃ ပိုင်းခန့်စီပိုင်းထား)
  • ဆားလက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း ထက်ဝက်
  • သကြား လက်ဖက်ရည် ၁ဇွန်း
  • ခရုဆီ စားပွဲဇွန်း ၁ ဇွန်း
  • နှမ်းဆီ ၃ ၊၄ စက်
  • ပြောင်းဖူးမှုန့် စားပွဲဇွန်း ၁ ဇွန်း
  • ကြက်သွန်ဖြူ အနည်းငယ် နုတ်နုတ်စဉ်း

ပြင်ဆင်နည်း
  1. အထက်မှာပြောထားတဲ့ ပစ္စည်းအားလုံးကို သမအောင်ရောမွှေထားလိုက်ပါ
  2. နောက်ပဲပြားရွက်ကို လေးထောင့်ကျကျလေးဖြတ်၊ ရေနဲနဲဆွတ်ပြီး ခုနကရောမွှေထားတဲ့ ကြက်သား (သို့) ၀က်သားအရော စားပွဲဇွန်း တစ်ဇွန်းသာသာကိုထည့်ပေးပါ
  3. ပြီးရင်ပုံပါအတိုင်း အသာအယာလိပ်ပေးပါ
  4. အဲဒီနောက်မှတော့ ၁၀ မိနစ်ပေါင်းပေးပါ။ ပြီးရင် ဆီပူပူထဲမှာ ရွှေညိုရောင် သမ်းအောင်ပြန်ကြော်ပေးပါ

So sorry that I didnt post in English for such a long period of time.
Delia, here is the  recipe
for you.  

Ingredients
  • minced meat - 200g (Pork will be the best, but if you want to replace with chicken, try to choose boneless leg with skin)
  • shredded black mushrooms (~1/4 cup)
  • shredded carrot (~1/4 cup)
  • 6 large prawns
  • 1 tsp of salt
  • 1/2 tsp of seasoning powder
  • 1 tsp of sugar
  • 1 Tbsp of oyster sauce
  • 1/2 tsp of sesame oil
  • 1 Tbsp of corn flour
  • some minced garlic


  1. Mixed all the above ingredients and let it set for about 10 mins.
  2. In the mean time prepare the beancurd skin - cut them in square shape.
  3. Place a couple of Tbsp of meat mixture on the prepared beancurd skin.
  4. Roll them as shown in figure and complete the rest.
  5. Then steam them for about 10mins.
  6. Deep fry them until golden brown, dish up and serve with chili sauce.

11 comments:

Anonymous said...

pal pyar; yout ka bal lo har lel ...bal mar wal lo. ya lel. thak.

Aunty Tint said...

Evy ပြောသလို ကြက်သားကို အဆီလေးပါ ပါအောင်ထည့်ပြီး အသားလိပ်ကြော်လေး လုပ်ကြည့်မယ် စားကောင်းမယ့်ပုံလေး။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Anonymous said...

That's called "Ngo Hiang"..
-m

Evy said...

ပဲပြားရွက်ဆိုတာက Beancurd skin ကိုပြောတာပါ။ ပုံမှာပြထားတဲ့ ပါးပါးအရွက်လေးလေ တွေ့လား။ စင်္ကာပူမှာဆိုရင်တော့ NTUC မှာရနိုင်ပါတယ်

Evy said...

တရုပ်လို အဲလိုခေါ်တာ ခုမှပဲသိတော့တယ်။ ကျေးဇူးပါ m. ဒီမှာတော့ Beancurd skin roll ဆိုပြီးရောင်းတာနဲ့ အဲလိုပဲသိနေတာ။

Evy said...

တီတင့်ရေ အမြဲအားပေးလို့ ကျေးဇူးပါနော်

Unknown said...

မမရေ ပဲပြားရွက် ရန်ကုန်မှာဆိုဘယ်မှာရနိုင်လည်းသိပါလားရှင်
မမလုပ်တဲ့မုန့်တွေဟင်းတွေကိုချက်ကျွေးတော့သမီးလေးကအရမ်းကြိုက်လို့မမblogကိုဝင်ဝင်ကြည့်ဖြစ်ပါတယ်
အစဉ်အမြဲအားပေးနေပါတယ်နော်

Evy said...

ညီမရေ။ အဲဒီပဲပြားရွက်ကို ရန်ကုန်ဘယ်နားမှာရမလဲဆိုတာတော့ အစ်မလဲ သေချာတော့ မသိဘူး။
တရုပ်တန်းလို နေရာမျိုးမှာရှာကြည့်ရင်ရော ရနိုင်မလားမသိဘူးနော်။ ဘလော့လာတဲ့သူများထဲက သိတဲ့သူရှိရင် ပြောခဲ့ကြပါဦး။

Anonymous said...

Probably, one can buy those dried bean-curd sheet..
Soak in water for a while to make it soft..
But, needs to make sure it's not torn..
Else, very difficult to roll..
-m

delia said...

Hi Eve,
can i have the recipe in English? Tq.

delia said...

Dear Eve,
Thank you so much for the recipe.