Monday, November 18, 2013

ပိန်းဥထမင်း




ပိန်းဥထမင်း- Yam rice ကတော့ Teochew တရုပ်လူမျိုးများရဲ့ ရိုးရာအစားအစာပါ။ ထမင်းကို ပိန်းဥ၊ ၀က်အူခြောင်း၊ မှိုခြောက် ၊ ကြက်သားများနှင့် အရသာရှိအောင် ပေါင်းပြီးချက်ထားသော ထမင်းပွဲဖြစ်ပါတယ်။ ပိန်းဥအရသာကြောင့် ဆိမ့်နေပြီး စားလို့ကောင်းလှပါတယ်။

ပါဝင်ပစ္စည်းများ

  • ပိန်းဥ (သေးသေးစိတ်ပြီးသား)-း တရုပ်ပန်းကန်လုံးတစ်ဝက်
  • ကြက်အူချောင်း (သို့) ၀က်အူချောင်း-  ၃ ချောင်း
  • ရှီတာကီမှိုခြောက်- ၄ ခု (ရေစိမ်ကာ ခပ်ထူထူလှီးထားပါ)
  • ကြက်ရင်ပုံသားတစ်ခု (သေးသေးလှီးကာ ပဲငံပျာရည် လက်ဖက်ရည် ၁ ဇွန်း၊ ဆား လက်ဖက်ရည် ဇွန်း တစ်ဝက်နှင့်ရောမွှေထားပါ)
  • ပုဇွန်ခြောက် အနည်းငယ် (ရေစိမ်ထားပါ)
  • ဆန် ၂ ခွက်ခွဲ ( rice cooker ထဲကခွက်)


ချက်နည်း
  • ဆီစားပွဲဇွန်း ၃ ဇွန်းကိုအပူပေးကာ ပိန်းဥများကို ထည့်ကြော်ပါ။
  • ပိန်းဥများအပေါ်ယံအညိုရောင်သမ်းလာလျှင်ဆယ်ပြီး ကြက်သား၊ ရှီတာကီမှို၊ ပုဇွန်ခြောက် နှင့် ကြက်အူချောင်းများကို ထည့်ကာ ၃ မိနစ်ခန့်ကြော်ပါ။
  • ဆန် နှင့် ကြော်ပြီးသားပိန်းဥများကိုလည်းထည့်မွှေကာ ၂ မိနစ်ခန့်ထပ်ကြော်ပေးပါ။
  • ကြက်သားမှုန့်စားပွဲဇွန်း ၁ ဇွန်း၊ ငရုပ်ကောင်းမှုန့် အနည်းငယ်နှင့် ပဲငံပျာရည် စားပွဲဇွန်း ၁ ဇွန်းခွဲကိုရောမွှေထည့်ပေးပါ။
  • ထို့နောက် မီးပိတ်ပြီး rice cooker ထဲသို့ပြောင်းထည့်ကာ သာမန်ထမင်းချက်သကဲ့သို့ ချက်ပေးပါ
  • ရေကိုတော့ အနည်းငယ်လျော့ထည့်ပေးရပါမယ်။
  • ထမင်းကျက်လျှင်တော့ စားရန်အသင့်ဖြစ်ပါပြီ။
  • ကြက်သွန်နီအကြွပ်ကြော်၊ ငရုပ်သီးတောင့် အနီဖြူးကာ သုံးဆောင်ပါ။




No comments: