လွယ်ကူမြန်ဆန်တဲ့ pizza လုပ်နည်းလေးကြည့်ကြရအောင်။ ပုံမှန် pizza အတွက်သုံးတဲ့ အောက်ခံမုန့်သားကို မသုံးပဲ wrap လုပ်စားတဲ့ tortilla အပြားကို အစားထိုးသုံးထားတာပါ။ ကျွန်မကတော့ ဒီလိုခပ်ပါးပါး မုန့်သားကို ပုံမှန်pizza မုန့်သားအထူကြီးတွေထက်ပိုပြီး နှစ်သက်တာ အမှန်ပါပဲ။ မုန့်သားကလည်း အဆင်သင့်ဆိုတော့ pizza တစ်ခုလုံးမှ ၁၅ မိနစ်လောက်ပဲ အချိန်ကြာပါတယ်။ လုပ်ပြပေးထားတဲ့ pizza ကတော့ မှိုကိုပဲသုံးထားပါတယ်။ Pizza မှာအဓိကကျတာကတော့ mozzarella cheese လို့ခေါ်တဲ့ ချိစ်အပျော့စားမျိုးပါပဲ။ အဲဒီချိစ်ပါမှာ အမျှင်တွေထွက်ပြီး တကယ့်pizza အရသာထွက်ပါတယ်။ စားလို့လည်းတော်တော်ကာင်းပါတယ်။ လတ်လတ်ဆတ်ဆတ်စားရတဲ့ အိမ်လုပ် Pizza ကို ဆိုင်က တကူးတကမှာစားရတာနဲ့ မလဲနိုင်ပါဘူး။ လုပ်စားကြည့်ရင်သိလိမ့်မယ်နော်။
ပါဝင်ပစ္စည်းများ
·
Wholemeal Tortilla
·
ခရမ်းချဉ်သီးဆော့စ်
·
မှို
·
ပန်းငရုပ်ပွ အနည်းငယ်
·
mozzarella
cheese
·
ငရုပ်ကောင်း
·
ဆား
ပြင်ဆင်နည်း
·
အောက်ခံမုန့်သားမှာ
ခရမ်းချဉ်သီးဆော့စ်ကို ပုံပါအတိုင်းခပ်ပါးပါးဖြန့်ပေးပါ။
·
မှို၊
ပန်းငရုပ်ပွများနဲ့ ချိစ်ကိုလည်းတင်ပေးပါ။
·
ငရုပ်ကောင်း၊
ဆားဖြူးကာ ၁၉၀ ဒီဂရီအပူပေးထားသော အာဗန်တွင် ၁၅ မိန်ခန့်ဖုတ်လိုက်ရင်တော့
အရသာရှိတဲ့ pizza ရနိုင်ပါပြီ။
No comments:
Post a Comment